Ads (728x90)





ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် မေလ ၂၀ ရက်နေ့ နံနက် ၉ နာရီက လူကုန်ကူးမှု ကျူးလွန်သူများကို ထိရောက်စွာ အရေးယူရန်နှင့် လူကုန်းကူခံရသူများကို လူသားဆန်စွာ ဆက်ဆံရန်အတွက် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို လူကုန်ကူး ခံခဲ့ရသူများနှင့် မိသားစုဝင်များက ဆန္ဒဖော်ထုတ်ကြကြောင်း ယင်းဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ဦးမြင့်နိုင်က ပြောကြားသည်။



“လူကုန်ကူးခံရမှုနဲ့ ပတ်သက်ပြီး ကျွန်တော်သိတဲ့ အမှု ၅ ခုကြောင့် လူ ၁၆၀ ကျော်လောက် နစ်နာနေရတယ်။ သူတို့ကို နှစ်သိမ့် ဆွေးနွေးမှုနဲ့ ဆက်ဆံသင့်တယ်။ ပြီးတော့ လူကုန်ကူး တားဆီးနှိမ်နင်းရေးအဖွဲ့က အမှုဖွင့်တဲ့ အပိုင်းမှာ အားနည်းနေတယ်။ သက်ဆိုင်ရာ ဌာနတွေကလည်း အရေးယူ ဆောင်ရွက်မှု မရှိဘူး” ဟု ၎င်းကပြောဆိုသည်။



တစ်ရွာတည်နေ ကျေးရွာအုပ်ချုပ်ရေးမှူး၏ လူကုန်ကူးခြင်း ခံခဲ့ရသည့်အပြင် အကြွေးဆပ်နိုင်ခြင်း မရှိသည်ကို အကြောင်းပြ၍ လယ်မြေများကို သိမ်းယူခဲ့ခြင်းကြောင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့သော်လည်း အရေးယူခြင်း မရှိသည့်အပြင် တိုင်ကြားသူကိုပါ တရားစွဲဆိုမှုနှင့် ကြုံနေရကြောင်း ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သည့် ဦးဇော်က ပြောကြားသည်။



ပုသိမ်မြို့နယ် လူကုန်ကူး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုအနေနှင့် ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ် မေလပထမပတ်အထိ လူကုန်ကူးမှု ၁၅ မှုကို အမှုဖွင့်၍ တရားရုံးသို့ တင်ပြပေးပို့နိုင်ခဲ့ကြောင်း၊ ဆန္ဒဖော်ထုတ်သူများ အနေဖြင့် လူကုန်ကူးခြင်းနှင့် လူမှောင်ခိုခြင်းတို့ကို ဥပဒေနှင့်အညီ ခွဲခြားနားလည်မှု အားနည်းခြင်းကြောင့် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်နိုင်ကြောင်း ယင်းမြို့နယ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု ဒုတိယရဲမှူး ဦးသက်ဦးက မှတ်ချက်ပြုသည်။



ဆန္ဒထုတ်ဖော်သူများသည် ပုသိမ်မြို့ မြို့တော်ခန်းမှ စတင်၍ မဟာဗန္ဓုလလမ်း၊ စကားဝါလမ်းနှင့် ပုသိမ်မြို့နယ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုရုံးရှေ့အထိ ချီတက် ဆန္ဒဖော်ထုတ်ကြပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၅)အရ ခွင့်ပြုမိန့်အမှတ် (၄/၂၀၁၄) ဖြင့် ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။



The Voice Weekly

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...