Ads (728x90)



မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)၏ စွမ်းရည်မြှင့်တင်ရေး (capacity building) အစီအစဉ် တစ်ရပ်အဖြစ် မြန်မာနေရှင်နယ်လိဂ် (MNL) မှ
ပြိုင်ပွဲကြီးကြပ် သင်တန်း ( Match Commissioner Course) သင်တန်း ကို မေလ (၂၀) ရက်နေ့မှ (၂၂) ရက်နေ့ အထိ သုဝဏ္ဏ လူငယ်လေ့ကျင့်ရေး
စခန်း (YTC)၊ မြေညီထပ်ရှိ သင်တန်းခန်းမတွင် ဖွင့်လှစ် ပို့ချလျက်ရှိသည်။

အဆိုပါ သင်တန်းသို့ MFFနှင့် မြန်မာနေရှင်နယ်လိဂ် (MNL) မှ ၀န်ထမ်းများ၊ ကလပ် အသင်းများမှ တာဝန်ရှိသူ များ၊ ၀န်ထမ်းများနှင့် ပညာရေးဝန်ကြီး
ဌာနမှ ၀န်ထမ်းတစ်ချို့ အပါအ၀င် စုစုပေါင်း သင်တန်းသား (၂၉) ဦး
တက်ရောက် လျက်ရှိသည်။ သင်တန်းနည်းပြများအဖြစ် MNL CEO
မစ္စတာဂျေဆင်းနှင့် AFC Instructor ဖြစ်သူ မလေးရှား နိုင်ငံသား Mr. Joseph Samuel တို့မှ ပို့ချပေးလျက် ရှိသည်။

မြန်မာ နေရှင်နယ်လိဂ် အနေဖြင့် ယခု ဖွင့်လှစ်သွားမည့် ပြိုင်ပွဲကြီးကြပ် သင်တန်း မတိုင်ခင် Fitness Course၊ Physiotherapist Training
Course၊ Goalkeeping Course၊ Youth Coaching License Course၊
First-Aid: Stretcher Bearers ရက်တိုသင်တန်း များကို ဖွင့်လှစ်ခဲ့သည့် အပြင် MNL Security နှင့် Field Maintenance စသည့် Workshop တို့ကိုလည်း ပြုလုပ်ကျင်းပ ပေးခဲ့ပြီးဖြစ်သည်။
အဆိုပါ Match Commissioner Course သို့ တက်ရောက်လျက်ရှိသည့် သင်တန်းသား စာရင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။
 
-

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...