ပါလက်စတိုင်းအသင်းက ပထမပိုင်းမှာ ပွဲကို စိုးမိုးထားခဲ့ပါတယ်။ မြန်မာအသင်းကတော့ မော်လဒိုက် အသင်းနဲ့ကစားတုန်းကလို ခြေစွမ်းမျိုးမရဖြစ်သွားခဲ့ပါတယ်။
ယူဂိုဆလားဘီးယား နိုင်ငံသား မြန်မာ အသင်းနည်းပြ ရာဒိုဂျေကိုအယ်ဗရာမိုဗစ်က ကျနော်တို့ အသင်းက ကစားသမား တချို့ အိပ်ပျော်နေပြီး မော်လဒိုက်နဲ့ ကစားတုန်းကလို အသင်းစိတ်ဓာတ် ပျောက်ဆုံးသွား တယ်လို့ ပြောပါတယ်။
အုပ်စု (က)ရဲ့ မော်လဒိုက်နဲ့ ကာဂျစ်စတန်ပွဲမှာတော့ မော်လဒိုက် အသင်းက ၂ ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။
အုပ်စုကမှာ ပါလက်စတိုင်းအသင်းက ၂ ပွဲကစား ၂ ပွဲနိုင်နဲ့ ၆ မှတ်ရရှိထားပြီး ဆီးမီးဖိုင်နယ် တက်ရောက်ဖို့ သေချာသွားသလို မြန်မာအသင်းနဲ့ မော်လဒိုက် အသင်းက ၃ မှတ်စီ အုပ်စု ဒုတိယနဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။
မြန်မာအသင်းအနေနဲ့ ဆီမီးဖိုင်နယ် တက်ရောက်ဖို့ အတွက် တာဂျစ်စတန်ကို အနိုင်ကစားရတော့မှာ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် မေလ ၁၉ ရက်နေ့ မှ ၃၀ ရက်နေ့ အထိ မော်လ်ဒိုက်နိုင်ငံမှာ ကျင်းပနေတဲ့ AFC Challenge Cup ပြိုင်ပွဲ အုပ်စု(က)မှာ အိမ်ရှင်မော်လ်ဒိုက်၊ ပါလက်စတိုင်း၊ ကာဂျစ်စတန်အသင်းတို့နဲ့ မြန်မာအသင်းက တအုပ်စုတည်း ကျရောက်နေပါတယ်။
DVB Burmese
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။