Ads (728x90)





မြန်မာစံတော်ချိန် ၁၁း၃၀ နာရီအချိန် ထိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ လိမ္မော်ရောင်အဆင့်ကို ရောက်ရှိနေပြီး မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းကို ဦးတည်ရွေ့လျားနေတယ်လို့ မိုးဇလက သတင်းထုတ်ပြန် ပါတယ်။

မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ၊ ဂွမြို့ရဲ့ အနောက်တောင်ဘက်မိုင် ၁၆၀ ခန့်၊ ပုသိမ်မြို့၏ အနောက် အနောက်တောင်ဘက် ၁၅၅ မိုင်ခန့်၊ စစ်တွေမြို့၏ တောင်-အနောက်တောင်ဘက် ၂၂၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။

အဆိုပါ မုန်တိုင်းငယ်ဟာ အရှေ့မြောက်ကို ဆက်လက်ရွေ့လျားပြီး၊ နောက်ဆုံး တိုင်းထွာ ရရှိတဲ့ ခန်းမှန်းချက်တွေအရ ဒီနေ့မွန်းတည့်မှ နောက် ၂၄ နာရီအတွင်း မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် ၁ နာရီလျှင်မိုင် ၄၀ မှ ၄၅ မိုင် အထိ တိုက်ခတ်နိုင်ပါသည်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့ မုန်တိုင်းအန္တရာယ်ကို ကြိုတင်သတိပြုကြဖို့ တိုက်တွန်းထားပါတယ်။

မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှာ ဒေသအလိုက်နှင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင် နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးဇလ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

DVB Burmese

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...