Ads (728x90)


ဒါရိုက်တာကြီး မာတင်စကောဆဲစီးနှင့် မကြာခဏ အလုပ်အတူတွဲလုပ်ခဲ့သော မင်းသားကြီး  ဖရန့်ဗင်းဆင့်မှာ နှလုံးရောဂါ ခံစားခဲ့ရပြီးနောက် ယခုသီတင်းပတ်အတွင်း နှလုံးခွဲစိတ်မှု ပြုလုပ်နေချိန်တွင် ကွယ်လွန် ခဲ့ကြောင်းသိရသည်။ အမေရိကန်မင်းသားကြီးဗင်းဆင့်သည် ကွယ်လွန်ချိန်တွင် အသက် ၈ဝ ရှိပြီဖြစ်သည်။

TMZ သတင်း၏အဆိုအရ မင်းသားကြီးဗင်းဆင့်သည် လွန်ခဲ့သောသီတင်းပတ်တွင် နှလုံးရောဂါကို ခံစားခဲ့ရပြီးနောက် နယူးဂျာစီပြည်နယ်ရှိ ဆေးရုံတစ်ခုတွင် နှလုံးခွဲစိတ်ကုသမှုကို ပြုလုပ်နေစဉ် ကွယ်လွန်သွားခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ မင်းသားကြီးသည် ရာသီခုနစ်ခုတိုင် ထုတ်လွှင့်ခဲ့သည့် HBO  မှထုတ်လွှင့်ခဲ့သော 'The Sopranos'  ဇာတ်လမ်းတွဲတွင် လူပါဇီရာဇဝတ်မှုမိသားစု၏ အကြီးအကဲ ဖီလ်လီယိုတာဒိုအဖြစ် သရုပ်ဆောင်ခဲ့သည်။ သို့သော် ဒါရိုက်တာ ကြီးစကောဆဲစီးနှင့် ရိုက်ကူးခဲ့သည့် GoodFellas, Raging Bull နှင့် Casino ကဲ့သို့သော ရုပ်ရှင်များကြောင့် နာမည် ကျော်ကြားလာသူလည်း ဖြစ်သည်။ မကြာသေးခင်ကပင် ထုတ်လွှင့်ခဲ့သည့် 'Law & Order: SVU' ဇာတ်လမ်းတွဲ၏ အပိုင်းတစ်ခုတွင် ပါဝင်ခဲ့သလို ၂ဝ၁၆ ခုနှစ်တွင်လည်း 'Mr Pickles' အန်နီမေးရှင်းရုပ်ရှင်တွင် အသံသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည်။

သတင်းအချို့က မင်းသားကြီးဗင်းဆင့်သည် အသက် ၇၈ နှစ်အရွယ်တွင် ကွယ်လွန်သည်ဟု ဖော်ပြကြသော်လည်း အနုပညာရပ်ဝန်းတွင် ခွဲခြားဆက်ဆံမှုကို ရှောင်ရှားရန်အတွက် ပိုငယ်သည့် အသက်အရွယ်ကိုသာ ၎င်းကိုယ်တိုင်က ဖော်ပြပြောဆိုလေ့ရှိသည့်အတွက် သတင်းများက ယခုကဲ့သို့ ဖော်ပြခြင်းဖြစ်ကြောင်း သိရသည်။

Ref: contactmusic

သတင်းရင်းမြစ် - ပြန်လည်ကူးယူဖော်ပြသည့်နေရာ

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...