Ads (728x90)


ရန်ကုန်မြို့အတွင်း YBS ယာဉ်လိုင်းများတွင် ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များ အားလုံး စက်တင်ဘာလ ၃၀ ရက်အပြီး အလုံးစုံ အာမခံထားရှိရန် သတ်မှတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။ 

“YBS ယာဉ်တွေကို အလုံးစုံ အာမခံထားဖို့ အသိပေးပြောထားတဲ့အပြင် ကုန်တင်ယာဉ်တွေလည်း ထားရမှာ ဖြစ်တယ်” ဟု YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆိုသည်။

YRTA အဖွဲ့အနေနှင့် YBS ယာဉ်များ သြဂုတ်လ ဒုတိယအပတ်မှစ၍ အလုံးစုံ အာမခံထားရှိရန် အသိပေးခဲ့ပြီး စက်တင်ဘာလကုန်အပြီး ဆောင်ရွက်ရမည်ဖြစ်ကာ လက်ရှိ ကုမ္ပဏီအများစု အာမခံထားလျက် ရှိကြောင်း Power Eleven ကုမ္ပဏီ ဒါရိုက်တာ ဦးတရုတ်လေးက ပြောကြားသည်။ 

“YBS ၂၁ ယာဉ်လိုင်းမှာရှိတဲ့ ယာဉ် ၈၃ စီးစလုံး ဧရာမြန်မာ အာမခံလုပ်ငန်း AMI မှာ အလုံးစုံ အာမခံ ထားပြီးသွားပြီ။ ဒါက ယာဉ်လိုင်းတာဝန်ခံတွေအတွက် တကယ်အကျိုးရှိပါတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိ YBS ယာဉ်များ အလုံးစုံ အာမခံ ထားရှိခြင်းကို Omni Focus ကုမ္ပဏီ၊ ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး YUPT ကုမ္ပဏီ၊ ခေတ်သစ်ဘုရင့်နောင်ကုမ္ပဏီ၊ ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီတို့က ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ကုမ္ပဏီများထံမှ သိရသည်။

တိုင်းအစိုးရအဖွဲ့၏ စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာခြင်း မရှိပါက ယာဉ်လိုင်းကုမ္ပဏီများကို ထိရောက်သည့် အရေးယူမှုများ ဆောင်ရွက်မည်ဖြစ်ပြီး သတ်မှတ်ကာလအတွင်း ယာဉ်များ အလုံးစုံ အာမခံ ထားရှိခြင်း မရှိသည့် ယာဉ်များကို လုပ်ငန်းလိုင်စင် သက်တမ်းတိုးခွင့် မပြုကြောင်း YRTA ထံမှ သိရသည်။ 

J-06


သတင်းရင်းမြစ် - ပြန်လည်ကူးယူဖော်ပြသည့်နေရာ

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...