ပြင်ဦးလွင်မှာ လဝက်ကျော် လောက် ဇာတ်ကား ရိုက်ကူးခဲ့တဲ့ မြင့်မြတ်က လတ်တလော ရန်ကုန်ကို ပြန်လာပြီး ဇာတ်ကားတွေ ပြန်လည် ရိုက်ကူးနေပါ တယ်။ ပြင်ဦးလွင် မှာ ဒါရိုက်တာ ဝင်းထွန်းထွန်း နဲ့တစ်ကား၊ ဒါရိုက်တာနေပိုင် နဲ့နှစ်ကား ရိုက်ကူးခဲ့ပြီး အဓိက ကွာခြားချက် ကတော့ ရာ သီဥတုပဲ ဖြစ်ကြောင်း မြင့်မြတ်က ပြောပါတယ်။
ရန်ကုန် ကိုပြန်ရောက်ပြီး ဒါ ရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးတဲ့ အပုန်း ဇာတ်ကားမှာ သင်ဇာဝင့် ကျော်၊ ခင်လှိုင်၊ တက္ကသိုလ် ဂွမ်းပုံ တို့နဲ့ သရုပ်ဆောင် နေပြီး ဟာသ ဖန်စီ ဇာတ်ကား ဖြစ်ကြောင်း သိရပါတယ်။
ဇူလိုင်လမှာ ADMA မီဒီယာရဲ့ ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူး ပြီး မြင့်မြတ် ၊ ကျော်ကျော်ဗို၊ သူထူးစံ၊ ထွန်းထွန်း (Examplez) တို့နဲ့အတူ ထိုင်း အနုပညာရှင် တစ်ဦးလည်း ပါဝင်သရုပ်
ဆောင်မှာဖြစ်ကြောင်း သိရပါတယ်။
ဒီဇာတ်ကားက သူရိုက်နေကျ ရို့မန့်ဒရာမာ ပုံစံ မျိုးဖြစ် ကြောင်းကို မြင့်မြတ်က “ရို့မန့် ဒရာမာဘက် သွားလိမ့်မယ်။ မင်းသား ၄ ယောက်ပါ မယ်။ ထိုင်းက technician တွေ လည်း ပါလိမ့်မယ်။ ထိုင်းက သရုပ်ဆောင် တစ်ဦးလည်း ပါမှာပါ။ မျှော်လင့် ချက်ထား တာထက် ရိုက်ချင်တာပါ။ အဲဒီ အတွက် လည်း အစစ အရာရာ အားလုံး ပြင်ဆင်နေ ကြတယ်။ ဇာတ်လမ်း၊ ဇာတ်ညွှန်းတွေ လည်း ပြင်ဆင်နေကြပါပြီ။ မင်းသားလေး ယောက် စလုံးကလည်း အကုန်လုံး
က စုစည်းပြီးလုပ်တဲ့ ကိစ္စ ဖြစ်တော့ အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်
ညွတ်နဲ့ပဲ လုပ်ကြမှာပါ”လို့ ပြောပါတယ်။
ခိုင်ဝေလွင်
ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
Popular Journal


Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။