Ads (728x90)




ရန်ကုန် ၊မေ ၂၂

Journey to the west ဇတ်လမ်းတွဲမှ ၀ူခုံးဇတ်ဆောင် (Mr .Liu Xiao Ling Tong)နှင့် ပရိတ်သတ်များတွေ့ဆုံပွဲကို တာမွေမြို့နယ်ရှိ Sky Star ဟိုတယ်တွင် ယနေ့နံနက် ကိုးနာရီမှ
စတင်ပြုလုပ်လျက်ရှိသည်။ အခမ်းအနားတွင် တရုတ်အာဆီယံအထွေထွေအတွင်းရေးမူးချုပ် ၊တရုတ်သံရုံး ယဉ်ကျေးမူကောင်စစ်ဝန်တို့က မိတ်ဆက်စကားများပြောကြားခဲ့ပြီး တရုတ်မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဌဦးစိန်ဝင်းအောင်က Mr .Liu အား ချစ်ကြည်ရေး သံတမန် ဂုဏ်ပြုလွှာကို ပေးအပ်သည်။ထို့နောက် Mr .Liuကကျေးဇူးတင် စကားပြောကြားသည်။၎င်းသည် မြန်မာနိုင်ငံသို့ရောက်ရှိစဉ်အတွင်း ရန်ကုန် ၊မန္တလေး ၊ပုဂံ ၊နေပြည်တော်တို့သို့ သွားရောက်ပြီး နယ်ပယ်အသီးသီးမှခေါင်းဆောင်များနှင့်တွေ့ဆုံကာ ယဉ်ကျေးမူဖလှယ်ရေး ၊ မိဘမဲ့ ကလေးများ ပြုစုစောင့်ရှောက်ရေး၊ ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်စွာနေထိုင်ရေးတို့အတွက် ၄င်းဧ။် အမြင်များကိုတင်ပြမည်ဟုသိရသည် ။





မေဇင်ဝင်း
popular journal

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...