Ads (728x90)




မျက်နှာပေါ်က ၀က်ခြံများကို လိမ်းဆေးမျိုးစုံဖြင့် လိမ်းပြီး မသက်သာဘူးဆိုလျှင် အောက်ပါ သဘာဝဆေးနည်းလေးကို သုံးကြည့်ပါ။ လက်တွေ့ ပျောက်တဲ့ ဆေးနည်းလေးမို့  ပြန်လည်မျှဝေလိုက်ပါတယ်။

၁။ ထောပတ်သီးတစ်လုံး
၂။ ငှက်ပျောသီးတစ်လုံး
၃။ ပျားရည်စစ်စစ် (၂ ဇွန်းခန့် )
၎။ ဒိန်ချဉ် (၂ ဇွန်းခန့် )

ပျားရည်စစ်စစ် မရနိုင်သော်လည်း ၃ မျိုးတည်းဖြင့် ပြုလုပ်နိုင်ပါတယ်။ ၄င်းတို့ကို သမနေအောင်မွှေပြီး ကြိတ်နယ်လိုက်ပါ။ ညက်နေအောင် ကြိတ်ပြီးလျှင် မျက်နှာပေါ်ကို သုတ်လိမ်းပေးပါ။ မျက်နှာဖုံးပြုလုပ်သလို ဖုံးအုပ်ပေးထားပါ။

မိနစ် ၂၀ (သို့မဟုတ်) နာရီဝက်ခန့်ကြာပြီးလျှင် ရေနွေးဖြင့် မျက်နှာကို သန့်စင်လိုက်ပါ။ မျက်နှာပေါ်မှာ ၀က်ခြံ၊ တင်းတိပ်၊ မှဲ့ခြောက်နှင့် အဖုလေးများ ကင်းစင်သွားပြီး မျက်နှာပိုမို တောက်ပလာပါလိမ့်မည်။

မျက်နှာအဆီပြန်သူများလည်း ၄င်းဆေးနည်းကို အသုံးပြုပေးပါက မျက်နှာအဆီမပြန်တော့ပဲ အသားအရေကို တင်းတင်းရစ်ရစ်ဖြစ်စေပြီး ၀င်းပလာစေမှာဖြစ်ပါတယ်။

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား။ ။ ပျိုမေတို့သိစရာ

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...