Ads (728x90)



အူရီဒူးဆင်းမ်ကတ်များဝယ်ယူရန် အခမဲ့လျှောက်လွှာတင်ခွင့်ပေးထားသော်လည်း ကုမ္ပဏီ၏အရောင်းကိုယ်စားလှယ်ဟန်ဆောင်ကာ အခကြေးငွေတောင်းယူသူများရှိနေ
မင်းဟိန်းထက် ၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၉)

ရန်ကုန်၊ အူရီဒူးဆက်သွယ်ရေးကုမ္ပဏီ ထုတ်ဆင်းမ်ကတ်များဝယ်ယူရန် ကြို တင်စာရင်းပေး လျှောက်လွှာဖြည့်ရာ တွင် အခမဲ့ လျှောက်လွှာတင်ခွင့်ပေး ထားသော်လည်း အူရီဒူးဆက်သွယ်ရေး ကုမ္ပဏီ၏ အရောင်းကိုယ်စားလှယ် ဟန်ဆောင်ကာ အခကြေးငွေတောင်း ယူသူများရှိနေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့ နယ်အတွင်းရှိ ကရင်စုကျေးရွာနှင့် ကြာ ကန်ကျေးရွာတို့တွင် အူရီဒူးကုမ္ပဏီ၏ ကိုယ်စားလှယ်ဟန်ဆောင်ကာ ဆင်းမ် ကတ်ဝယ်ယူလိုသူများ၏ အမည်စာ ရင်းကောက်ယူခဲ့ပြီး စာရင်းပေးသွင်း သူတစ်ဦးလျှင် ငွေကျပ် ၂၅ဝဝ၊ ၃ဝဝဝ ကောက်ယူသွားခဲ့ခြင်း ဖြစ်ကြောင်း အူရီဒူးကုမ္ပဏီမှ တာဝန်ရှိသူကပြော သည်။

”အူရီဒူးကုမ္ပဏီရဲ့ အရောင်းကိုယ် စားလှယ်ဆိုင်တွေကနေ လျှောက်လွှာ တွေယူတယ်။ ပြီးရင် ကျေးရွာတွေမှာ ကိုယ်စားလှယ်ဆိုပြီး လျှောက်လွှာဖောင် တွေဖြည့်ပေးတယ်။ ပြီးတော့ လမ်းစရိတ် ဆိုပြီး တောင်းသွားတာပေါ့။ ဒီလိုလုပ် ရပ်မျိုးကို ကိုယ်စားလှယ်အစစ်အမှန် တွေလဲ လုပ်ခွင့်မရှိဘူး။ အူရီဒူးကုမ္ပ ဏီက ဆင်းမ်ကတ်အတွက် ငွေကျပ် ၁၅ဝဝထက် ပိုပေးစရာမလိုပါဘူး”ဟု အူရီဒူးကုမ္ပဏီသတင်းနှင့် ပြန်ကြားရေး အရာရှိ မသီရိကြာညိုကပြောသည်။

အရောင်းကိုယ်စားလှယ် ဟန် ဆောင်ကာ အခကြေးငွေယူခဲ့သူများ အား ¤င်းတို့တောင်းယူခဲ့သည့်ငွေများ ကို ဖုန်းလျှောက်သူများထံပြန်ပေးရန် နှင့် နောက်နောင် ထိုကဲ့သို့ အခကြေး ငွေယူခြင်း၊ ကိုယ်စားလှယ်ဟန်ဆောင် ခြင်းများမပြုလုပ်ရန်နှင့် ပြုလုပ်ပါက တရားဥပဒေအရအရေးယူမည်ဟု အူ ရီဒူးကုမ္ပဏီမှ တာဝန်ရှိသူများက သတိ ပေးပြောကြားခဲ့ကြောင်း ¤င်းက ဆက် ပြောသည်။

အဆိုပါ အရောင်းကိုယ်စားလှယ် ဟန်ဆောင်ခဲ့သူများသည် ခရမ်းမြို့ နယ် ကရင်စုကျေးရွာ ကုလားကြီးကျေး ရွာ၊ ကြာကန်ကျေးရွာ၊ သုံးခွမြို့နယ်မှ ကြုံကြိုက်ရွာ၊ မုဒိတာရွာ၊ ကျောင်းကုန်း ကျေးရွာများမှ လူ၅ဝဝကျော်ထံမှ ဖုန်း ဆင်းမ်ကတ် လျှောက်လွှာများကို အခ ကြေးငွေယူ၍ ကောက်ခံခဲ့ကြောင်း အူရီ ဒူးကုမ္ပဏီမှ သိရသည်။

အူရီဒူးကုမ္ပဏီအနေဖြင့် အ ရောင်းကိုယ်စားလှယ်ဆိုင်များတွင် အခ မဲ့ ကြိုတင်လျှောက်ထားနိုင်သော်လည်း လုပ်စားသူများက ကုမ္ပဏီနှင့် ဖုန်းအ ရောင်းဆိုင်များကြားတွင် လိမ်လည်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သန်လျင် မြို့နယ် ထူးသန့်ဖုန်းအရောင်းဆိုင်မှ ကိုကျော်သူရကပြောသည်။

Yangon Media Group

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...