Ads (728x90)


ဟာရီကိန်းမုန်တိုင်း မက်စ်သည် မက္ကဆီကိုနိုင်ငံ တောင်ပိုင်းကမ်းခြေကို ဝင်ရောက် တိုက်ခတ်ခဲ့ကြောင်း သိရှိရသည်။

မက်စ်သည် စက်တင်ဘာ ၁၄ ရက် ညပိုင်းက အေကာပယ်လ်ကို မြို့အနီးမှ ကုန်းတွင်းဝင်ရောက် တိုက်ခတ်ပြီးနောက် အပူပိုင်းမုန်တိုင်းငယ် အဆင့်သို့ လျင်လျင်မြန်မြန် အားလျော့သွားခဲ့သည်။ သို့သော် မုန်တိုင်း ဝင်ရောက်ချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများပါ တိုက်ခတ်ခဲ့သည်။

မက်စ် ဟာရီကိန်း ဖြတ်သန်းသည့် နေရာသည် လူနေကျဲပါးသော်လည်း တံငါရွာလေးများ ရှိနေပြီး အပျက်အစီးများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ မုန်တိုင်းသည် ယခုအခါ ဂွာရဲရို ပြည်နယ်ဘက်သို့ တဖြည်းဖြည်း ဆက်လက် ရွေ့လျားလျက် ရှိသည်။

ဂွာရဲရို ပြည်နယ်အုပ်ချုပ်ရေးမှူး ဟက်တာ အက်စ်တူဒီလိုက နောက်ထပ် ၂၄ နာရီအတွင်း မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းနေနိုင်ပြီး တောင်စောင်းဒေသများတွင် နေထိုင်သူများ အနေဖြင့် မြေပြိုမှုများ ကြုံလာနိုင်ခြေကို သတိရှိကြရန် နှိုးဆော် တိုက်တွန်းထားသည်။

မုန်တိုင်းမှာ မြန်မြန်ဆန်ဆန် အားလျော့လာခြင်းကြောင့် စက်တင်ဘာ ၁၅ ရက် ညပိုင်းတွင် လေဖိအားနည်း ရပ်ဝန်းအဖြစ် အဆင့်လျော့ကျသွားမည်ဟု မိုးလေဝသ ပညာရှင်များက သတ်မှတ်ထားသည်။ မက်စ် ဟာရီကိန်းသည် အမြင့်ဆုံး လေတိုက်နှုန်းတွင် တစ်နာရီ မိုင် ၈၀ ထိ ပြင်းထန်ခဲ့ပြီး လက်ရှိတွင် တစ်နာရီ ၇ မိုင်နှုန်းမျှဖြင့် ဆက်လက် ရွေ့လျားလျက် ရှိသည်။

မက္ကဆီကို အနေဖြင့် မက်စ်အပြင် နောက်ထပ် မုန်တိုင်းတစ်ခု ဆက်တိုက် ဝင်ရောက်မည့် အခြေအနေကိုလည်း ကြုံနေရသည်။ ပစိဖိတ် သမုဒ္ဒရာထဲရှိ အပူပိုင်းမုန်တိုင်း နော်မန်သည် တဖြည်းဖြည်း ပိုမို အားကောင်းလာပြီး မက္ကဆီကိုရှိ အပန်းဖြေ ကမ်းခြေဒေသ ဘာယာ ကယ်လီဖိုးနီးယားသို့ ဦးတည်နေကြောင်း သိရသည်။
Ref: Reuters

သတင်းရင်းမြစ် - ပြန်လည်ကူးယူဖော်ပြသည့်နေရာ

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...