Ads (728x90)



ရန်ကုန်၊ မေ ၂၁

အရစ်ကျစနစ်၊ ချေးငွေစနစ်ဖြင့် ရောင်းချမည့် ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာ တိုက်ခန်းများ ဝယ်ယူခွင့်ကို မေလ တတိယပတ်တွင် မဲနှိုက်ပြီး ဝယ်ယူခွင့်ပေးရာ အစိုးရဝန်ထမ်း ၁၆၀ ကျော် ဝယ်ယူခွင့် ရရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ဗိုလ်ဗထူးအိမ်ရာ စီမံကိန်းအတွက် တိုက်ခန်းပေါင်း ၄၀၀ ကို မေလ တတိယပတ်တွင် ဝယ်ယူခွင့် လျှောက်ထားသူ ငါးထောင်ကျော်ထဲမှ မဲနှိုက်ကာ ဝယ်ယူခွင့်ပြုခဲ့ကြောင်း၊ ဝယ်ယူခွင့် ရရှိသူများအနက် အစိုးရဝန်ထမ်း ၁၆၂ ဦးက ဝယ်ယူခွင့် ရရှိခဲ့ကြောင်း အဆိုပါဌာနထံမှ သိရှိရသည်။

ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာတွင် အကျယ်အဝန်းအလိုက် U 600 တိုက်ခန်းများနှင့် U 900 တိုက်ခန်းများဟု အမျိုးအစား ခွဲခြားထားကာ U 600 တွင် ၆၁၄ စတုရန်းပေ အကျယ်အဝန်း ရှိသည့် Type A ၃၃၀ ခန်း၊ အကျယ်အဝန်း ၅၆၅ စတုရန်းပေ ကျယ်ဝန်းသည့် Type B ၂၂ ခန်းနှင့် U 900 အမျိုးအစားတွင် ၉၂၇ စတုရန်းပေ အကျယ်အဝန်း ရှိသည့် Type A ၉၀ ခန်းနှင့် ၈၇၇ စတုရန်းပေ အကျယ်အဝန်း ရှိသည့် Type B ၆ ခန်းတို့ကို ရောင်းချမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း) အမှတ်- ၄၈ ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်းရှိ မြေဧက ၁၁၄ ဧကပေါ်တွင် Myanmar V-Pile ကုမ္ပဏီက ဆောက်လုပ်နေသော ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာစီမံကိန်းကို တည်ဆောက်လျက် ရှိပြီး တစ်ခန်းလျှင် ကျပ် ၂၃၇ သိန်းမှ ၃၂၉ သိန်းအကြား ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) က ထုတ်ပြန်ထားသည်။

The Voice Weekly

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...