ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ် (၂) ရပ်ကွက်တွင် စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက မိမိနေအိမ်ကို မီးရှို့ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် အမျိုးသားကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းထံမှ သိရသည်။
အဆိုပါနေ့ရက် မွန်းလွဲ ၂ နာရီခန့်က အသက် ၃၁ နှစ်အရွယ်
ဦးစိုင်းဝန်းတစ်သည် မိမိနေအိမ်အောက်ထပ်ရှိ သစ်သားဘီဒိုကို မီးရှို့ပြီး
မော်တော်ယာဉ်ဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့၍ ပိတ်ဆို့ရှာဖွေခဲ့ရာ ယင်းနေ့ည ၆
နာရီခန့်တွင် ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီး ယန်းခတံတားတွင်
ဖမ်းဆီးရမိကြောင်း ယင်းရဲစခန်းမှ ဒုစခန်းမှူး ရဲအုပ်မောင်မောင်သင်းက
ပြောကြားသည်။
“သူ့အိမ်အောက်ထပ်က ဘီဒိုတွေ မီးလောင်ခဲ့ပေမယ့် အိမ်ကတော့
မီးမလောင်ဘူး။ အပေါ်ထပ်မှာ ရှိတဲ့ ဂက်စ်အိုးသာ ကူးစက်လောင်ကျွမ်းပြီး
ပေါက်ကွဲခဲ့ရင်တော့ မလွယ်ဘူး။ အရက်ကြောင်တာလား ဆေးကြောင်တာလားတော့ မသိဘူး”
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အသက် ၃၁ နှစ်အရွယ် ဦးစိုင်းဝန်းတစ်ကို (ပ)
၁၆၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆ အရ အရေးယူထားကြောင်း ကျိုင်းတုံမြို့မ
ရဲစခန်းထံမှ သိရသည်။
R-16
သတင်းရင်းမြစ် - ပြန်လည်ကူးယူဖော်ပြသည့်နေရာ
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။