Ads (728x90)


မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းသားလုံးဝမရှိဘူးလို့ ပြည်ထဲရေး
ဝန်ကြီးက ဒီကနေ့ နိုင်ငံအသီးသီးက သံတမန်တွေကို တွေ့ဆုံစဉ် ထပ်မံ ပြောကြားလိုက်ပါတယ်။
ယခင်က တပ်မတော်ကာကွယ်ရေဦးစီးချုပ်ကိုယ်တိုင် မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးမရှိကြောင်း ပြောကြားခဲ့ပြီးဖြစ်ပေမယ့် အခုထပ်မံပြော
ပါမယ်လို့ ဆိုပြီး ပြည်ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ပြောကြားလိုက်တာဖြစ်ပါတယ်။

အခုဖြစ်နေတဲ့ဖြစ်စဉ်ဟာ အစွန်းရောက်ဘင်္ဂါလီတွေဟာ နယ်မြေသိမ်းပိုက်
တာကို ဆောင်ရွက်ချင်တဲ့အတွက် အခုလို အကြမ်းဖက်တိုက်ခိုက်မှုတွေ
လုပ်လာတာဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ တုတ်ဓါးလက်နက်
အမျိုးမျိုးတွေနဲ့ ရန်ပြုတိုက်ခိုက်လာတဲ့အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်
တွေကိုမဖြစ်မနေ ပစ်ခတ်တားဆီးမှုတွေ ဆောင်ရွက်ခဲ့ကြောင်း ၊ လက်ရှိ
ကျေးရွာတွေမှာ အုပ်ချုပ်ရေးပျက်ပြားတဲ့သဘောရှိပေမယ့် မြို့ပေါ်မှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ထိန်းသိမ်းထားနိုင်ကြောင်း ပြည်ထဲရေး ၀န်ကြီး
ကဆိုပါတယ်။

ဒါ့အပြင် NGOတွေ ၊ INGO တွေက ထောက်ပံ့ပေးတဲ့ ပစ္စည်းတွေထဲမှာ
သံပိုက်လုံး၊ ဓါတ်မြေသြဇာတွေတင်သွင်းလာတာတွေ့ရကြောင်း ဒါတွေ
က လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပြန်လည်တိုက်ခိုက်လာတဲ့ လက်နက်
တွေ ၊ လက်လုပ်မိုင်းတွေဖြစ်လာကြောင်းကိုလည်း သူက ထပ်လောင်း
ဆိုပါတယ်။

ဒီကနေ့ အထိ အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်ကြောင့် လက်နက် ၆၅
လက်ကို အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားတွေက ယူဆောင်
သွားကြောင်း ၊ ၂၇ လက် ကိုပြန်လည်ရရှိထားပြီဖြစ်ပြီး ၃၈ လက် ကျန်ရှိ
နေသေးကြောင်း ၊ ဒီကနေ့အထိအစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်
သမားများက သတ်ဖြတ်သွားသူစုစုပေါင်း ၆၃ ဦး နဲ့ ဖမ်းဆီးခေါ်ဆောင်
သွားသူများလည်းရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်က ရှင်းလင်းပြောဆို
သွားပါတယ်။

ဒီကနေ့ ရခိုင်ပြည်နယ်မှာဖြစ်နေတာတွေနဲ့ပတ်သက်လို့ အမျိုးသားလုံခြုံရေး
အကြံပေး ဦးသောင်းထွန်း ဦးဆောင်ပြီး ပြည်ထဲရေးဝန်ကြီး ၊ ကာကွယ်ရေး
ဒုဝန်ကြီး အပါအ၀င် အဖွဲ့ဝင် စုစုပေါင်း ၅ ဦးဟာ ရန်ကုန်မြို့အမျိုးသား
ပြန်လည်ရင်ကြားစေ့ရေးနှင့်ငြမ်းချမ်းရေးဗဟိုဌာန(NRPC) မှာ သံတမန်တွေ
ကို တွေ့ဆုံပြီး ရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်။

သတင်းဓါတ်ပုံ-ပေါ်ပြုလာ

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...