Ads (728x90)




သင်ဟာ ဓါတ်ပုံထဲမှာပါတဲ့ Jojo ဆိုတဲ့ ကောင်မလေးရဲ့ မျက်လုံးကို ၅ မိနစ်ထက်ပိုပြီး စူးစိုက် ကြည့်လိုက်မယ်ဆိုရင်…….. အခုတော့ မကြည့်ပါနဲ့အုံး..၊ အောက်က ဖြစ်ရပ်လေး တစ်ခုကို အရင်ဖတ်လိုက်ပါအုံး…။

ဒီဖြစ်ရပ်ဟာ ဂျပန်နိုင်ငံမှာ ဖြစ်ပွားခဲ့တာပါ..၊ ဆယ်ကျော်သက်အရွယ် ကောင်မလေး တစ်ယောက်ဟာ အဆိုပါပုံကို ဆွဲပြီး scan ဖတ်ကာ internet ပေါ်တင်ခဲ့ပါတယ်..။ ပြီးတော့ အဲဒီကောင်မလေးဟာ သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်.။

ဒီဓါတ်ပုံဟာ တရုတ်နိုင်ငံနဲ့ ကိုရီးယားနိုင်ငံတွေမှာ ပျံ့နှံ့နေခဲ့ပြီး ဒီဓါတ်ပုံထဲက ကောင်မလေးရဲ့ မျက်လုံးကို ကြာကြာကြည့်မိတဲ့သူဟာ သူမရဲ့ ၀မ်းနည်းမှုတွေ၊ ပူဆွေးမှုတွေကို သိမြင်ခံစားရတယ်လို့ သိရပါတယ်..တစ်ချို့ ၅ မိနစ်ကျော်အောင် ကြာကြာကြည့်မိတဲ့သူတွေဆိုရင် ကိုယ့်ကိုယ်ကို သတ်သေသွားသည်အထိတောင် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်..။

ပုံဆွဲခဲ့တဲ့ကောင်မလေးဟာ ၀မ်းနည်းမှုတွေ..၊ ပူဆွေးမှုတွေ..၊ စိတ်ဆိုးမှုတွေနဲ့ သေဆုံးခဲ့တာဖြစ်ပြီး အဲ့ဒီပုံရိပ်တွေက ဒီဓါတ်ပုံပေါ်မှာ လာပေါ်နေတာလည်း ဖြစ်နိုင်ပါတယ်..။

အချို့သတင်းတွေအရ ဒီဓါတ်ပုံကို ကြာကြာကြည့်နေရင်းက ကောင်မလေးရဲ့ နှုတ်ခမ်းပေါ်က မဲ့ပြုံးလေး တစ်ခုကို တွေ့ရပြီး မျက်လုံးတစ်ဝိုက်မှာလည်း အမဲကွင်းတွေကို တွေ့ရတယ်လို့ ဆိုကြပြန်ပါတယ်..။

သေချာတာတစ်ခုကတော့..၊ ဒီဓါတ်ပုံက ကျွန်တော့်ရဲ့ သိလိုစိတ်ကို နှိုးဆွခဲ့ပါတယ်..။ ကျွန်တော် ဒီဓါတ်ပုံကို သေချာကြည့်တော့လည်း ဘာမှန်းမသိတဲ့ ၀မ်းနည်းတဲ့ ခံစားမှုတစ်ခုကို ခံစားလိုက်ရပါတယ်..။ ကဲ…. စိတ်ဝင်စားသူများ ဓါတ်ပုံထဲက ကောင်မလေးရဲ့ မျက်လုံးကို ကြည့်ကြည့်ပါအုံး…၊ စိတ်မခိုင်တဲ့သူဆိုရင်တော့ ကြာကြာမကြည့်နဲ့ပေါ့ဗျာ…..

credit: အောင်ထွန်းဦး

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...