Ads (728x90)

 
သန်လျင်မြို့နယ်၊ ညောင်သုံးပင်ကျေးရွာ၊ ရထားလမ်းဘေး ကျူးကျော်တဲတွင် စက်တင်ဘာလ ၁၂ ရက် ည ၁၂ နာရီခွဲခန့်က မူးယစ်ဆေးဝါး သုံးစွဲနေကြောင်း သတင်းအရ ဝင်ရောက်ဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင်များကို အသက် ၁၈ နှစ်မှ ၂၆ နှစ်ကြားရှိ အမျိုးသား ၇ ဦးက ဓားဖြင့် ဝိုင်းခုတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

သန်လျင်မြို့မ ရဲစခန်းမှ နယ်ထိန်းရဲ အရာရှိ ရဲအုပ်မောင်သန်းနှင့်အဖွဲ့သည် ယင်းနေ့က မူးယစ်ဆေးဝါး သုံးစွဲနေကြောင်း သတင်းအရ မူးယစ်ဆေးဝါး နေအိမ်ဝင်ရောက် ရှာဖွေဖမ်းဆီးခွင့် ဝရမ်းအမှတ် (၆/၁၇) ဖြင့် ဝင်ရောက်စဉ် နေအိမ်တံခါးပိတ်ပြီး မူးယစ်ဆေးဝါးများ သုံးစွဲနေသည်ကို ပြတင်းပေါက်မှ ချောင်းကြည့်ရာမှ တွေ့မြင်ရသဖြင့် တံခါးဖွင့်ခိုင်းပြီး ဝင်ရောက်စဉ် မြက်ခုတ်ဓား၊ တူတို့ဖြင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“သူတို့က အိမ်ထဲမှာ ဆေးရှူနေတာ၊ အိမ်ကသွပ်မိုး၊ ထရံကာ ပျဉ်ခင်းအိမ်ပါ၊ အိမ်ထဲမှာ တခြားသူ မရှိဘူး၊ သူတို့ ဆေးရှူနေတဲ့ ခုနစ်ယောက်ပဲနေတာ၊ ကျွန်တော့် ရဲတပ်ဖွဲ့ကလည်း အင်အားနည်းလို့ မဟုတ်ပါဘူး၊ အရာရှိနှစ်ယောက်၊ အခြားအဆင့် ၁၀ ယောက်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိတဲ့သူတွေ ပါတယ်၊ ငါးယောက်တော့ ချက်ချင်းဖမ်းမိခဲ့တယ်၊ နှစ်ယောက်ကတော့ မမိသေးဘူး” ဟု သန်လျင်မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ဓားခုတ်ခံရမှုကြောင့် ရဲတပ်ကြပ် ဇော်လတ်တွင် ဘယ်လက်သူကြွယ် ဖူးရောင်ပေါက်ပြဲဒဏ်ရာ၊ ညာလက်ခုံ ဖူးရောင်ဒဏ်ရာနှင့် ရဲတပ်သား အောင်စိုးလွင်တွင် ညာလက်ခုံ အဆစ်ကျိုးဒဏ်ရာများ ရရှိပြီး သန်လျင်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာ (မစိုးရိမ်ရ) အဖြစ် တင်ပို့ကုသခဲ့သဖြင့် ပြစ်မှုကျူးလွန်သည်ဟုဆိုသော အသက် ၁၈ နှစ်မှ ၂၆ နှစ် အတွင်းရှိ အမျိုးသား ၇ ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၃၃/၁၁၄ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားသည်။

J-16


သတင်းရင်းမြစ် - ပြန်လည်ကူးယူဖော်ပြသည့်နေရာ

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...