ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာတွင် အမျိုးသားတစ်ဦးက ခြောက်နှစ်အရွယ် မိန်းကလေးကို သတ်ကာ နားကပ်အားချွတ်ယူပြီး အလောင်းကို ကျေးရွာသင်္ချိုင်းတွင် မြေမြှုပ်ထားမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ကျောက်နီမော်ကျေးရွာ အုပ်စု မြောက်ပိုင်းရပ်ကွက်တွင် မေလ၁၉ ရက်က အဆိုပါ မိန်းကလေးငယ်ပျောက်ဆုံးခဲ့ပြီး မေလ ၂၁ ရက်မှသာ တောင်ပိုင်းရပ်ကွက်သင်္ချိုင်းတွင် ကလေးငယ်အလောင်းကိုပြန်တွေ့ခြင်းဖြစ်ကြောင်း အမှတ် ၃၂ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ ဒုတိယရဲမှူးကြီး ညီညီထွန်းက ပြောသည်။
‘‘အသတ်ခံရတဲ့ ကလေးက သူ့ကိုသတ်တဲ့လူကို အဖေလို၊ ဦး လေးလို အရမ်းချစ်တာ။ အိမ်ချင်း ကပ်နေကြတဲ့သူတွေ။ မသင်္ကာ လို့ စစ်ကြည့်လို့ ပိုက်ဆံအရေးတ ကြီးလိုလို့ သတ်တာလို့ ၀န်ခံပါ တယ်။ ဘာမှမဟုတ်ဘဲ ပိုက်ဆံ ကြောင့် ကလေးတစ်ယောက် အ သတ်ခံရတာ တခြားမိဘတွေ သင် ခန်းစာယူဖို့ ကောင်းပါတယ်’’ဟု ဒုတိယရဲမှူးကြီး ညီညီထွန်းက ပြောသည်။
ကျူးလွန်သူမှာ အသက် (၃၅) နှစ်အရွယ် ကမန်လူမျိုးတစ် ဦးဖြစ်ပြီး သေဆုံးသူ ကလေးငယ် မှာလည်း ကမန်လူမျိုးဖြစ်သည်။ မေလ ၁၉ ရက်ညနေက ကလေး ကိုသတ်ကာ နားကပ် ချွတ်ယူပြီးနောက် တောင်ပိုင်းရပ်ကွက် သင်္ချိုင်းရှိ လိုဏ်ခေါင်းတစ်ခုထဲ တွင် မြှုပ်ထားခြင်းဖြစ်ပြီး ၂၁ ရက်နံနက်မှသာအလောင်းကို ပြန်ရှာတွေ့ခဲ့ခြင်းဖြစ်သည်။
7Day Daily


Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။