Ads (728x90)


၂၀၁၇ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့မှစ လုံခြုံရေးစခန်း ၃၀ ကို တစ်ပြိုင်တည်း စုပြုံတိုက်ခိုက်တဲ့ ရခိုင်ပြည်နယ် မောင်တောဒေသမှ ARSA တို့ရဲ့ အကြမ်းဖက်တိုက်ပွဲများဟာ စာရေးသူတို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအရ စည်းရုံး
ညီညွတ်မှုအင်အားကို အတိအလင်းစိန်ခေါ် လိုက်တဲ့ပွဲလို့ ဆိုချင်ပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် အကြမ်းဖက်လာတဲ့ ဘင်္ဂါလီတွေအနေနဲ့ စာရေးသူတို့ မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်မှစပြီး ဒီမိုကရေစီခေတ်သစ်ကို စတင်တည်
ထောင်နေဆဲ အခါသမယဟာ သူတို့အတွက် နိုင်ငံရေးအရ အခွင့်အခါကောင်းအဖြစ်တွက်ဆထားကြပုံရပါတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်တုန်းက အင်္ဂလိပ်နယ်ချဲ့တွေ စစ်မီးဝိုင်းပြီး အခက်တွေ့နေတဲ့ အခြေအနေကို ကောင်းစွာ
နားလည်တဲ့ မြန်မာမျိုးချစ်တော်လှန်ရေးသမားတွေက ‘အင်္ဂလိပ် အခက်မြန်မာအချက်’ ဆိုပြီး လွတ်လပ်ရေးတိုက်ပွဲကို အရှိန်မြှင့်တင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။


မျက်မှောက်အချိန်ကာလမှာ မြန်မာနိုင်ငံဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ လိပ်ခဲတည်းလည်းဖြစ်နေတဲ့အ ပြင် လူ့အခွင့်အရေးနှင့်ပတ်သက် ပြီး မမှန်မကန်ဝေဖန်မှုမျိုးစုံကို ခံနေရတာဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အ စာမကျေမှုတွေကလည်း ရှိနေပါ တယ်။ နောက်ပြီး အရပ်နဲ့ တပ် ဆက်ဆံရေးကို ဒီမိုကရေစီကျင့် စဉ်နဲ့ညီအောင် အပြန်အလှန်ထိန်း ညှိနေရတဲ့ အချိန်အခါလည်း ဖြစ်ပါတယ်။ အဲဒါတွေအားလုံးကို ARSA အကြမ်းဖက်အဖွဲ့က သူတို့ရဲ့ လွတ်မြောက်နယ်မြေ ထူထောင်ရေးအတွက် ‘အချက်’ လို့မြင်နေသလားဆိုတာ စဉ်းစားစရာပါပဲ။
မကြာမီက ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့တစ်နေ့ တည်းမှာ အထက်ပါအကြမ်းဖက် မှုတွေနဲ့ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲနှစ်ပွဲကို ကျင်းပခဲ့တဲ့ဖြစ်စဉ်ကလည်း မြန်မာနိုင်ငံသမိုင်းမှာ ကြုံတောင့်ကြုံခဲဖြစ်ခဲ့ပါတယ်။ အဓိကအစိုးရနဲ့ တပ်မတော်နှစ်နေ ရာခွဲပြီး ကျင်းပတဲ့အတွက် ပိုပြီး ပြည့်ပြည့်စုံစုံ နားထောင်ရတဲ့အ ပြင် အချို့ကိစ္စတွေမှာ နှစ်ထပ်ရှိ တော့ မှတ်မိတာပေါ့ဆိုသလို အ ကျိုးမယုတ်နိုင်တာမှန်ပေမယ့် သဘောထားအမြင်နဲ့ အချက်အ လက်တွေ ကွဲလွဲမှုရှိလာမှာကို တော့ စိုးရိမ်မိတာအမှန်ပါပဲ။ အဲဒီလို စိုးရိမ်တဲ့အတိုင်း ဒုတိယ သတင်းစာရှင်းလင်းပွဲမှာ ၂၀၁၆ ခုနှစ် အကြမ်းဖက်မှုတွေဖြစ်ပြီးတဲ့ နောက် နိုဝင်ဘာ ၂၁ ရက်နေ့ ပြည်သူ့လွှတ်တော်နဲ့ ဒီဇင်ဘာ ၈ ရက် နေ့ အမျိုးသားလွှတ်တော်မှာ တပ် မတော်သားလွှတ်တော်ကိုယ်စား လှယ်များက အကြမ်းဖက်မှုလုပ် ရပ်များ လုံးဝချုပ်ငြိမ်းပြီး အမြစ် ပြတ်ချေမှုန်းရေး အစီအစဉ်များ ချမှတ်ပေးရန် အစိုးရကို တိုက် တွန်းကြောင်း အဆိုနှစ်ရပ် တင် သွင်းခဲ့ပေမယ့် လွှတ်တော်မှာ ပယ်ချခြင်းခံခဲ့ရပါတယ်လို့ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် ပေါ် ထွက်လာပါတယ်။ အဲဒီကိစ္စနဲ့ပတ် သက်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က လွှတ်တော်မှတ်တမ်းများကို သက်သေပြုပြီး တပ်မတော်သား ကိုယ်စားလှယ်ရဲ့ အဆိုလွှာကို ပယ်ချခဲ့တာ လုံးဝမရှိခဲ့ပါကြောင်း ရှင်းလင်းပြောကြားခဲ့တာကိုလည်း တွေ့ရှိရပါတယ်။
စာရေးသူဟာ ဒီဆောင်းပါး ရေးနေစဉ် စန္ဒရား ဦးလှထွတ်ရဲ့ တေးသီချင်းစာသားတစ်ပုဒ်ကို ပြေးပြီး သတိရမိပါတယ်။ ‘‘တစ်ဦး အပေါ်တစ်ဦး သံသယပိုသည်မှာအလကား ××× တစ်ဦးအပေါ်တစ်ဦးမှန်သဗျဆိုသည်မှာ ပတ္တမြား’’
ဆို တဲ့စာသားဖြစ်ပါတယ်။ အဲဒီစာသားကို ပစ္စုပ္ပန်တည့်တည့် မြန်မာ နိုင်ငံထူထောင်ရေးမှာ အကျုံးဝင် တဲ့ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ် တိုင်း အလေးထားရန်လိုအပ် ကြောင်းနဲ့ ARSA ကို ဆန့်ကျင်ကြ တဲ့ ပြည်သူအားလုံး
နှလုံးသွင်းကြရမယ့် အမြင်ဖြစ်ကြောင်း ပြော ကြားလိုပါတယ်။
နောက်ပြီး စာရေးဆရာ ကျော်အောင်ရဲ့ ‘အရေးကြီးပြီ သွေးစည်းကြစို့’ဆိုတဲ့ ဂန္ထဝင်ဝတ္ထု ရဲ့ ခေါင်းစီးအမည်ဟာ လက်ရှိ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး ရဲ့ နှလုံးသည်းပွတ်ထဲမှာ တညီ တညွတ်တည်း စိုက်ထူကြရမယ့်
အဓိဋ္ဌာန်ဖြစ်ကြောင်းလည်း ထပ် လောင်းပြောကြားလိုပါတယ်။ ဒီ နေရာမှာ မြန်မာနိုင်ငံရဲ့ သမိုင်း ဖြစ်စဉ်များအရ အရေးကြီးပြီဆို ရင် ‘သွေးစည်း’ကြရမယ့်အစား ‘ဘေးတီး’ကြတဲ့ အနိဋ္ဌာရုံလှုပ်ရှား မှုတွေ ထကြွလေ့ရှိကြောင်း သတိ ပြုရမှာ ဖြစ်ပါတယ်။ ဘေးတီးတယ်ဆိုတာ အခြေအနေတစ်ရပ်ကို ပိုမို ဆိုးရွားအောင် သွေးခွဲစကားတွေ ပြောတာ၊ အချင်းချင်းညီညွတ်မှု မရှိဘဲ အပြစ်ဖို့တာတွေကို ဆိုလို ခြင်းဖြစ်ပါတယ်။
ကုန်းဘောင်မင်းဆက် ဆယ့်တစ်ဆက်မြောက် သီပေါမင်းလက်ထက် အင်္ဂလိပ်နယ်ချဲ့နဲ့ စစ်ပွဲကြုံ နေရတဲ့ အခါသမယမှာ မြန်မာဝန် ကြီးတွေ ညီညွတ်မှု မရှိခဲ့ခြင်း ကြောင့် အင်္ဂလိပ်နယ်ချဲ့ဟာ သေ နတ်တစ်ချက်မဖောက်ဘဲ
တိုင်း ပြည်ကို သိမ်းယူနိုင်ခဲ့ကြောင်း အားလုံးသိပြီးဖြစ်ပါတယ်။ သီပေါမင်း ကိုယ်တိုင် ၁၈၈၅ ခုနှစ် နိုဝင်ဘာ လ ၂၉ ရက်နေ့မှာ ရတနာပုံနန်း တော် နွေရာသီစံအိမ်အတွင်း ကျင်းပခဲ့တဲ့ သတင်းစာကွန်ဖရင့် မှာ ‘‘ကျုပ်ဝန်ကြီး
အဖွဲ့မှာ သစ္စာ သမာဓိရှိသူ၊ အမြော်အမြင်ရှိသူ ရယ်လို့ အင်မတန်ရှားပါတယ်။ သူတို့အသုံးမကျလို့ မဖြစ်သင့်မဖြစ် ထိုက်တာတွေ ဖြစ်ရတယ်။ အင် မတန်နာကြည်းစရာပါပဲ’’လို့ ပြော ကြားခဲ့ကြောင်း သိရှိရပါတယ်။ ၁၉၄၇ ခုနှစ်မှာ ဗိုလ်ချုပ်အောင် ဆန်း ဦးဆောင်ပြီး လွတ်လပ်ရေး အတွက် ဘိလပ်ကို သွားရောက် ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲပြီး အောင်ဆန်...အက်တလီစာချုပ် ချုပ်ဆိုတဲ့အခါမှာ အဖွဲ့ဝင်တွေအ ထဲမှ ဦးစောနဲ့ သခင်ဗစိန်က လက်မှတ်
မထိုးခဲ့ကြပါဘူး။ ဘေးတီး သလို အပြစ်ဆိုပြီး ဝေဖန်မှုအမျိုး မျိုး ပြုလုပ်ခဲ့ကြတာ တွေ့ရှိနိုင်ပါ တယ်။
လွတ်လပ်ရေးရပြီးပြန်တော့လည်း ရွှေရည်စိမ်လွတ်လပ်ရေးဆိုပြီး ကွန်မြူနစ်တွေက ဘေးတီးကြပြန်ပါတယ်။ ဖဆပလအဖွဲ့ နှစ်ခြမ်းကွဲရာမှာ ပုဂ္ဂိုလ်ရေးအရ ဘေးတီးမှုတွေ၊ အုပ်စုဖွဲ့မှုတွေ အများကြီး ပါဝင်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် ပြည်ထောင်စုပါတီ အစိုးရ ဖွဲ့ပြီေးနာက် ဦးရယ်၊ ဗိုလ်ရယ်၊ သခင်ရယ်ဆိုပြီး သုံးစုကွဲကြတာ လည်း အချင်းချင်းဂိုဏ်းဂဏမဖွဲ့ ရရင် မနေတတ်တဲ့အကျင့်နဲ့ ဘေး တီးခဲ့ကြလို့ပါပဲ။
အဲဒီလို အတိတ်ကသာဓက တွေရှိခဲ့သလို ယခုမျက်မှောက်ကာ လမှာအကြမ်းဖက်မှုတွေ မတိုင်မီ လူ့အခွင့်အရေးကိစ္စတွေ ရှေ့တန်းတင်ပြောကြားလာတာဟာလည်း မလိုသူတွေရဲ့ ဘေးတီးမှုတွေပါပဲ။ တစ်ပြိုင်တည်းမှာ
ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ရှင်သန်ဖို့ အချို့မီဒီယာတွေ ဘေးတီးပေးခဲ့တာကို UNမှ တာဝန်ရှိသူအချို့နဲ့ အနောက်ဥရောပနိုင်ငံတွေက ခေါင်းဆောင် အချို့ပါ လက်ခံလာခဲ့ကြတာ တွေ့မြင်နိုင်ပါတယ်။ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေမှာလည်း ရခိုင်ပြည်သူနဲ့ အစိုးရ၊ အစိုးရနဲ့ တပ်မတော်၊ တပ်မတော်နဲ့ လွှတ်တော် အမျိုးမျိုးသွေးကွဲအောင် ဘေးတီးနေတဲ့ အရေးအသားတွေ နေ့စဉ်မြင်တွေ့နေရပါတယ်။ သာဓကအဖြစ် ရုပ်ရှင်မင်းသားမင်းသွေးရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာအတုမှာ အလွန်ကြက်သီးထဖွယ် ကောင်းလှတဲ့ ဘေးတီးမှုတစ်ခုပေါ်ပေါက်ခဲ့တဲ့အကြောင်း ပြောကြားလိုပါတယ်။ ‘အသုံးမကျတဲ့ စစ်တပ်နဲ့ ကုလားဘက်လိုက်နေ တဲ့ ဘွားတော်နဲ့ ဘယ်သူ့မှ မယုံ ကြည်နဲ့တော့
အမျိုးတို့ရေ၊ လိုအပ်ရင် ကျွန်တော်ကိုယ်တိုင် AA နဲ့ ပူးပေါင်းမယ်’လို့ ဘေးတီးခဲ့တာပါပဲ။
မင်းသွေးက ‘Fake Accountတွေ၊ Page တွေ ပြောမနေတော့ ပါဘူး။ အရာရာကို ဉာဏ်နဲ့ဆင် ခြင်စဉ်းစားကြပါစေဗျာ’လို့ ပြန်ပြီးရှင်းလင်းခဲ့ရှာကြောင်း တွေ့ရှိခဲ့ရပါတယ်။
အမှန်တော့ ‘ဘယ်သူမပြု မိမိမှု’ ဆိုတာလို ဘင်္ဂါလီတွေ အစု လိုက်၊ အပြုံလိုက် ခိုးဝင်မှုတွေကို နှစ်ပေါင်းများစွာ ထိထိရောက် ရောက် တားဆီးပိတ်ဆို့ရာမှာ အားနည်းခဲ့တဲ့အပြင် ရှေးပဝေ အစက အရေးအခြေမလှတဲ့ ဝန်ထမ်း
မသမာမှုတွေ ပရမ်းပတာ တည်ရှိခဲ့တာဟာ ပြဿနာကို ကြီးထွားစေခဲ့တဲ့ အဓိကအကြောင်း တစ်ရပ်ဖြစ်တာကို မည်သူမျှ မငြင်းနိုင်ပါဘူး။
တစ်ဖက်မှာတော့ အကြမ်းဖက်သမားတွေဟာ တစ်ဆင့်ပြီးတစ်ဆင့် ကာလဒေသအခြေအနေကြည့်ပြီး အောက်ပါအတိုင်း နည်းဗျူဟာ အမျိုးမျိုးပြောင်းလဲ ပျိုးထောင်လာခဲ့ကြောင်း  တွေ့မြင်နိုင်ပါတယ်။
(က) ပထမဦးဆုံး အရှေ့ပါကစ္စ တန်ဖြစ်တည်မယ့် အချိန်မှာပင် မောင်တောနဲ့ ဘူးသီးတောင်ကို သူတို့နယ်နိမိတ်ထဲပါဝင်အောင် နိုင်ငံရေးအရ တောင်းဆိုခဲ့ခြင်း၊ နယ်မြေချဲ့ထွင်စိုးမိုးလာခြင်း၊
(ခ) မြန်မာနိုင်ငံ လွတ်လပ်ရေးရ တဲ့အချိန်မှာ မူဂျာဟစ်ဒင်သူပုန်အ ဖွဲ့ကို ဖွဲ့စည်းပြီး စစ်ရေးအရ ထိုး စစ်ဆင်ခြင်း၊
(ဂ) ဒီမိုကရေစီခေတ်သစ်ကို ရောက်တာနဲ့ ရိုဟင်ဂျာဆိုတဲ့ လူ မျိုးအမည်ပေးပြီး လူ့အခွင့်အရေး ခေါင်းစဉ်အောက်မှ တရားဝင်ဖြစ် တည်ခွင့်ရအောင် UN အဖွဲ့အ စည်းများနှင့် အခြားနိုင်ငံများ၏ ဖိအားပေးမှုများနှင့် တစ်ပြေးညီ တောင်းဆိုခြင်း၊
(ဃ) ၂၀၁၆ ခုနှစ်မှာ ကင်းစခန်း အချို့ကို သွေးတိုးစမ်း၍ စတင် တိုက်ခိုက်ခြင်း၊
(င) အစုအဖွဲ့လိုက် အကြမ်းဖက် လက်နက်ကိုင်သင်တန်းများပေး ပြီး ARSA ကို ထပ်မံအားဖြည့် တည်ထောင်ခြင်း၊
(စ) အစိုးရနှင့် ကြားခံအဆက်အ သွယ်ဖြစ်တဲ့ ဘင်္ဂါလီရပ်ရွာအုပ် ချုပ်ရေးမှူးအားလုံးကို သုတ်သင် ရှင်းလင်းခြင်း၊
(ဆ) ဩဂုတ်လ ၂၅ ရက်နေ့တွင် ကင်းစခန်းပေါင်း ၃၀ ကို ဝင်တိုက် ပြီး အကြမ်းဖက်စစ်ပွဲဆင်နွှဲခြင်း၊
(ဇ) တိုင်းရင်းသားများကို သတ် ဖြတ်ပြီး ဘဝရှုံး၊ မြေရှုံး၊ အနာဂတ် ပါရှုံး၍ ဒေသအတွင်း လုံးဝမနေဝံ့ အောင် ဖန်တီးခြင်း။
အထက်ပါ လုပ်ငန်းများနဲ့ လွတ်မြောက်နယ်မြေထူထောင် ရေးလမ်းကြောင်းကို အညီအညွတ် ဦးတည်လာကြခြင်းဖြစ်ပါတယ်။ အဲဒီကာလအတွင်း စာရေးသူတို့ နိုင်ငံမှာ ‘ကိုဖီအာနန် အစီရင်ခံစာ ကို ကန့်ကွက်ကြ’၊ ‘ကာလုံအစည်း အဝေးခေါ်ပေးပါ’၊ ‘မာရှယ်လော ပြဋ္ဌာန်းပေးပါ’ အစရှိတဲ့ အသံစုံ၊ ဌာန်ကုန်နဲ့ မာန်ဟုန်ပြင်းပြင်း တောင်းဆိုနေကြတာလည်း တွေ့ ရှိရပြန်ပါတယ်။ ဒီမိုကရေစီအခွင့် အရေးအရ တောင်းဆိုသင့်တာ တောင်းဆိုကြတာ ဖြစ်သလို တောင်းဆိုတဲ့အတိုင်း ဖြစ်မလာ ရင် အကြောင်းကြောင်းမငဲ့ဘဲ နောက်ထပ်မာန်ဟုန်တွေကြွပြီး သွေးကွဲမှုကို ဦးတည်လာမယ့် လှုပ်ရှားမှုတွေ ဖြစ်မလာစေချင်ပါဘူး။ ဘင်္ဂါလီအဖျက်ရန် တိုက်ခိုက်ချေ မှုန်းရေးဦးတည်ချက် အားပျော့ သွားမှာလည်း စိုးရိမ်မိပါတယ်။
ဒီနေရာမှာ အခွင့်ကြုံတုန်း အ တိတ်ကာလရောင်စုံပြည်တွင်းစစ် ထကြွနေတဲ့အချိန်မှာ ၁၉၄၉ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ ထုတ်ဟံသာဝတီသတင်းစာမှာ အလွန်အဖိုးထိုက်တန်တဲ့ ထင်မြင်သုံးသပ်ချက် တစ်ရပ်ပါရှိခဲ့တာကို ထပ်မံကောက်နုတ်ဖော်ပြလိုပါတယ်။ ‘ခေတ်သစ်မြန်မာပြည်၌ ပုဂ္ဂလ ဓိဋ္ဌာန်တစ်ယူသန်ဝါဒအစွဲဝင်နေ မှုမှာ စိတ်ပျက်ဖွယ်ရာ အကောင်း ဆုံးဖြစ်ပေသည်။ မြန်မာပြည်တွင် စည်းကမ်းသေဝပ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို အထိုက်အ သင့်နားလည်ခြင်းမရှိပါက မြန်မာ ပြည်၏ နောင်ရေးမှာ မျှော်လင့်ဖွယ်ရာ လုံးဝမရှိဟုဆိုရန်ပင် ရှိလေတော့သည်’ဆိုတဲ့ သတင်းစာသုံးသပ်ချက်ဟာ အနှစ် ၇၀ နီးပါးကြာမြင့်ခဲ့ပေမယ့် ယနေ့မျက် မှောက်ကာလအဖြစ်အပျက်များ နဲ့ပါ အလွန်အံဝင်ခွင်ကျရှိတဲ့ သုံး သပ်ချက်ဖြစ်နေပါတယ်။
ဘာပဲဖြစ်ဖြစ် ‘‘မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်တဲ့ နယ် မြေတစ်ခုဖဲ့ထွက်ဖို့ ဘယ်လိုနည်း နဲ့မှ မဖြစ်နိုင်ပါဘူးဆိုတာ ကျွန် တော်ပြောလိုက်ပါတယ်’’ဆိုတဲ့ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရဲ့ ပြတ်သားတဲ့ စကားဟာ ရခိုင်ပြည်နယ်ဒေသခံများသာမက အကြမ်းဖက်သမားတွေကို အမှုန့် ချေပစ်ချင်နေတဲ့ ပြည်သူ၊ ပြည် သားအားလုံးအတွက် အားတက် စရာအမှန်ပါပဲ။ နိဂုံးချုပ်အနေနဲ့ မြန်မာနိုင်ငံမှာ မကြုံစဖူးအချုပ်အ ခြာအာဏာထိပါးမှုကို ကြုံတွေ့ နေရတဲ့အချိန်မှာ အစိုးရ၊ တပ် မတော်နဲ့ တိုင်းရင်းသားပြည်သူ အားလုံး မကြုံစဖူး ထူးထူးကဲကဲ လက်တွဲညီပြီး ARSA အကြမ်း ဖက်သမား နာလန်မထအောင် ချေမှုန်းရေးကို အာရုံစိုက်ကြပါ။ ‘အ ရေးကြီးပြီမို့ တို့တစ်တွေ သွေးစည်းစို့’လို့ ဟစ်ကြွေးရင်း လုံခြုံရေး တပ်ဖွဲ့များအားလုံး အောင်ပွဲတစ် ရာရရှိစေရန် အစွမ်းကုန်အားပေး ကြပါလို့ တိုက်တွန်းနှိုးဆော်လိုက် ပါတယ်။။
(ဖော်ပြပါ ဆောင်းပါးသည် စာရေး သူ၏ အာဘော်သာဖြစ်သည်။)
 
Credit :  7daydaily

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...