Levi Strauss အမှုဆောင်အရာရှိချုပ် Chip Bergh ဟာ သူ့စိတ်ကြိုက် ဂျင်းဘောင်းဘီ နှစ်ထည်ကို တစ်နှစ်ကြာ မလျှော်ဘဲ ၀တ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အသက် ၅၆နှစ် ရှိပြီဖြစ်တဲ့ Levi’s
အမှုဆောင်အရာရှိချုပ်ဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာ Fortune မဂ္ဂဇင်းက လုပ်တဲ့ ‘တွေ့ဆုံညှိုနှိုင်းပွဲ’ကို မေလ ၁၉ရက်နေ့က အနက်ရောင် ဂျင်းဘောင်းလီဝတ်ပြီး ရောက်ရှိခဲ့ပါတယ်။ သူဝတ်လာတဲ့ဂျင်းဘောင်းဘီဟာ ခုထက်ထိ အ၀တ်လျှော်စက်ထဲမရောက်ဖူးသေးဘူး (မလျှော်ရသေးဘူး) လို့ ၀န်ခံခဲ့ပါတယ်။
“ဒါဟာ တကယ့်ကို စိတ်ပျက်ဖို့ကောင်းတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ခုထက်ထိ ကျွန်တော့်မှာ အရေပြားရောဂါ ဒါမှမဟုတ် တခြားရောဂါတစ်ခုခု မဖြစ်သေးပါဘူး။” လို့ တက်ရာက်ခဲ့ကြတဲ့ စီးပွားရေးလုပ်ငန်း ဦးစီးတွေရှေ့မှာ သူက ဆက်ပြောခဲ့ပါတယ်။
လူတွေက သူတို့ရဲ့ ဂျင်းအ၀တ်အစားတွေကို အချိန်ဘယ်လောက်ကြာ တစ်ခါ လျှော်သင့်လဲလို့ အမှုဆောင်အရာရှိချုပ် Chip Bergh ကို မေးကြည့်တဲ့အခါ ‘ခဏခဏ မလျှော်သင့်ဘူး။’ လို့ သူက ပြန်ဖြေခဲ့ပါတယ်။ ‘ဂျင်း ၀ါသနာအိုး အစစ်’ တွေက သူတို့ရဲ့ ချည်ထည်တွေကို ဆပ်ပြာနဲ့ ရေထဲ ဘယ်တော့မှ မထည့်သလောက်ပဲ လို့ သူက ထပ်ပြောခဲ့ပါသေးတယ်။
ဂျင်းစတွေမှာ နည်းနည်းပါးပါး စွန်းထင်းရင် ရေမြှုပ်နဲ့တိုက်၊ ဒီ့ထက်ပိုစွန်းရင် သွားပွတ်တံနဲ့တိုက်လို့ သူက အကြံပြုပြောကြားခဲ့ပါတယ်။
Ref:dailymail.co.uk
trend myanmar



Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။