Ads (728x90)




ထိုင်း အမျိုးသမီးဘောလုံးအသင်းဟာ ဗီယက်နမ် အမျိုးသမီးဘောလုံး အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရပြီး ဇွန် ၆ ရက်ကနေ ဇူလိုင် ၅ ရက် ကနေဒါမှာ ကျင်းပမယ့် ၂၀၁၅ အမျိုးသမီး ကမ္ဘာဖလားဘောလုံးပြိုင်ပွဲကို ၀င်ရောက်ခွင့် ရရှိသွားပြီဖြစ်ပါတယ်။

ထိုင်းနိုင်ငံ အမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်းဟာ ဂျပန်၊ သြစတြေးလျ၊ တရုတ်၊ တောင်ကိုးရီးယား အသင်းတွေနဲ့ အတူ ကမ္ဘာဖလားကို သွားရောက်ကစားရမှာ ဖြစ်ပါတယ်။

ထိုင်းဘောလုံး အဖွဲ့ချုပ်က ခြေစစ်ပွဲအောင်ရင် ထိုင်းအသင်းကို ဘတ် ၁၀ သန်းချီးမြင့်မယ်လို့ ကတိပေးထားသလို ဘောလုံး မန်နေဂျာဆီကနေ ဘတ် ၅ သန်းလည်း ရရှိမှာ ဖြစ်ပါတယ်။

ကမ္ဘာဖလား ၀င်ခွင့်ရရှိသွားတဲ့ ထိုင်းအသင်းကို မြန်မာ အသင်းက ၂-၀ ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ၂၀၁၅ ကမ္ဘာဖလား ၀င်ခွင့် ရှုံးထွက်ပွဲစဉ်အဖြစ် တဖက် အုပ်စု တတိယ ဗီယက်နမ်အသင်းနဲ့ ကစားရမယ့် အခွင့်အရေးကိုလည်း လွဲချော်သွားခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းဟာ ၂၀၁၄ အမျိုးသမီး အာရှဖလား ပြိုင်ပွဲတွင် တောင်ကိုရီးယားအသင်းကို ၁၂ ဂိုးဂိုးမရှိ၊ တရုတ်အသင်းကို ၃ ဂိုးဂိုးမရှိ၊ ထိုင်းအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။
DVB Burmese

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...