Ads (728x90)


--------------------------------------------------------------
ရန်ကုန် မေ ၊၂၁။
ဟံသာဝတီ အသင်း သည် နေရှင်နယ်လိဂ် ဒုတိယ အ ကျော့ အတွက် ပြင်ဆင်နေလျှက်ရှိရာ ယနေနံနက် ၈း၀၀ နာရီ အချိန်က ကြို့ကုန်း သစ်တော ကွင်း တွင် နေရှင်နယ် လိဂ် ၁ အမှတ်ပေးဇယားထိပ်တွင် ရပ်တည်နေသော ရတနာပုံ အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ အဝေးကွင်းတွင် ( ၁း ၃) ဂိုး ဖြင့် အနိုင်ရရှိခဲ့ပါသည်။
ခြေစမ်းပွဲ မှာ .ယခု နှစ် နေရှင်နယ်လိဂ် အတန်း အသီးသီးတွင် ခြေစွမ်း ပြ ကာ အမှတ်ပေးဇယား ထိပ်တွင် ရပ်တည်နေသော အသင်း နှစ်သင်းဖြစ်သောကြောင့် ပွဲမှာ အပြန်အလှန်ထိုးဖောက် ကစားခဲ့ပြီး ကြည့်ကောင်း သော ပွဲတစ်ပွဲ ဖြစ်ခဲ့ပါသည်။ ရတပုံ အသင်းတွင် လက်ရွေးစင် ကစားသမား ခြောက်ယောက်နှင့် တိုက်စစ်မှုး ဖွန်ဆီကာ မပါဝင် နိုင်သော်လည်း နောက်ခံလူ ဟက်ပီးနက်စ် နှင့် ကွင်းလယ် လူ ရှင်ပဲ တို့ အပါအဝင် စိုးကျော်ကျော်၊ သက်နိုင်၊ ရဲကိုဦး ၊ချစ်မင်းစိုး၊ ဇော်ရဲထွန်းစသည့် အဓီ က ကစားသမားများ ဖြင့် ပွဲထွက်လာခဲ့သလို၊ ဟံသာဝတီ အသင်းတွင်လည်း တိုက်စစ်မှုး ဘမ်ဘာ ၊ ချီကာ အပါအဝင် လူစုံ ပါဝင်ကစားခဲ့ပါသည်။ ခြေစမ်း ပွဲ ပထမ ပိုင်း တွင် အပြန်အလှန် တိုက်စစ်ဆင် ကစားခဲ့ကြပြီး ရတနာ ပုံ အသင်းမှ ၁၅ မိနစ်ခန့် ပွဲကို စိုးမိုး ထားနိုင်ခဲ့သော်လည်း ၎င်းပွဲချိန်နောက်ပိုင်းတွင် ဟံသာဝတီ အသင်းမှ ပြန်လည်ဖီအားပေး ကစားခဲ့ပါသည်။ ထို့ကြောင့် နှစ်သင်း စလုံး အပြန်အလှန် ဂိုးသွင်း များ ရရှိခဲ့ပြီး ဦးဆောင်ဂိုး ကို ပွဲချိန် ၂၈ မိနစ်တွင် ရတနာပုံ အသင်းမှ ချစ်မင်း စိုး က တစ်ကိုယ်တော် အစွမ်းဖြင့် ဟံသာဝတီ နောက်ခံလူများ ကို လှည့်စားကာ ဂိုး သမား နှင့် တစ်ယောက်ချင်း အတွေ့တွင် အသာအယာ ကန်သွင်း ကာ ရယူသွားခဲ့ပါသည်။ ထို့ကြောင့် ဆက်တိုက်ဆိုသလို ဟံသာဝတီ အသင်းမှ ချေပဂိုး ရရန် တိုက်စစ်ဆင်ခဲ့ပြီး ပြန်လည်ဖိအားပေးခဲ့ပါသည်။ ထို့နောက် ပွဲချိန် ၃၈ မိနစ်တွင် တိုက်စစ်မှုး ချီကာ မှ တစ်ကိုယ်တော် အစွမ်းဖြင့် ရတနာပုံ ဂိုးစည်းအတွင်း ဆွဲဝင်ဖန်တီးပေးရာမှ နောက်ခံလူ ဇော်ရဲထွန်း ရှင်းထုတ်ရာ ကိုယ့်ဂိုး ကို သွင်းယူခဲ့သဖြင့် ချေပဂိုးပြန်လည်ရရှိခဲ့ပြီး ပထမ ပိုင်း တွင် ၁း ၁ ရလဒ် ဖြင့် ပြီးဆုံးခဲ့ပါသည်။
ထို့နောက် ဒုတိယ ပိုင်းတွင် တစ်သင်း လုံးနီးပါး လူစားလဲခဲ့ပြီးလူငယ် ကစားသမား ဖြင့် ကစားစေခဲ့ပါသည်။ ဒုတိယ ပိုင်းတွင် ဟံသာဝတီ လူငယ် ကစားသမာမျာ၏ အသင်း လိုက် ကစားပုံမှာ အထူးပင် ကောင်းမွန်ခဲ့ပြီး ပွဲချိန် ၇၄ မိနစ်တွင် အောင်အောင်ဦး မှ ဒုတိယ ဂိုး နှင့် ပွဲချိန် ၈၄ မိနစ်တွင်ေ အာင်မြင့်ထွန်းမှ တတိယ ဂိုး ကို သွင်းယူခဲ့ပြီး ပွဲအပြီးတွင် ( ၁း ၃ ) ဂိုး ဖြင့် ရတနာ ပုံ အသင်း အား အနိုင်ရရှိခဲ့ပါကြောင်း အသင်း ပရိသတ်များ အား အသိပေးအပ်ပါသည်။
------------------------------------------------------------
ဟံသာဝတီ ယူနိုက်တက် အ သင်း သည် နေရှင်နယ် လိဂ် ဒုတိယ အကျော့ အတွက် ပြင်ဆင်နေပြီး ခြေစမ်းပွဲများ ကစားလျှက်ရှိရာ တတိယ မြောက် ခြေစမ်းပွဲ အဖြစ် ဇွဲကပင် အသင်း နှင့် မေလ ၂၃ရက် ညနေ ၄း၀၀ နာရီ ကြည့်မြင်တိုင် စလင်း ကွင်းတွင် ခြေစမ်းပွဲ ကစားမည် ဖြစ်ကြောင်း အသင်းပရိသတ်များနှင့် မီဒီယာ များ အား အသိပေးအပ်ပါသည်။
------------------------------------------------------------

Ref ; #Hantharwady United football Club


Myanmar Sports New's

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...