Ads (728x90)




နောင်ရိုး (မြစ်မခ)

ရန်ကုန်၊ ရခိုင်ပြည်နယ်နှင့်ဘင်္ဂလားဒေ့ရှ် နိုင်ငံနယ်စပ်၌ ဒေသလုံခြုံရေးအတွက် ရခိုင်လက်နက်ကိုင်အဖွဲ့အစည်းများ ချ ထားပေးရေး တောင်းဆိုတော့မည်ဟု ရခိုင်နိုင်ငံရေးပါတီများထံမှ သိရသည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအ ခြေစိုက်လက်နက်ကိုင်အုပ်စုများနှင့် ပဋိ ပက္ခများဖြစ်ပွားနေပြီး ယင်းအခြေအနေ ကို ထိန်းသိမ်းနိုင်ရန်အတွက် သက်ဆိုင် ရာ ဒေသအာဏာပိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ရခိုင် တိုင်းရင်းသားများက လိုလားနေခြင်း ဖြစ်သည်။

''အဓိကကတော့ နယ်စပ်ကိုလုံခြုံ စေချင်တယ်။ အခုထက်လုံခြုံမှုကို ပေး စေချင်တယ်။ ဒါကြောင့် နယ်စပ်လုံခြုံရေး အတွက် (AA)၊ (ALP)တပ်တွေကို နယ် စပ်မှာထားဖို့အတွက် အစိုးရကိုရော တာ ဝန်ရှိသူတွေကိုရော တင်ပြတယ်''ဟု ယခင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေး သာမောင်က ဆိုသည်။

ထို့ပြင် ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီလူမျိုးများ ကို သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း များအနေဖြင့် တရားဝင် စုံစမ်းစစ်ဆေး ၍ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူး ပေါင်းပြီး ထိရောက်စွာအရေးယူသွားရန် ပြည်ထောင်စုအစိုးရထံ တင်ပြထားသည် ဟူ၍လည်း သိရသည်။

ယခုရက်ပိုင်းများအတွင်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံအခြေစိုက်တပ်ဖွဲ့များနှင့် နယ် စပ်လုံခြုံရေးတပ်ဖွဲ့များအကြား အပြန် အလှန်ပစ်ခတ်မှုများရှိခဲ့ပြီး ပြီးခဲ့သည့်မေ ၁၇ ရက်ကလည်း ရခိုင်ပြည်နယ် မောင် တောနယ်စပ်မိုင်တိုင်အမှတ်(၅၂)၌ တစ် ဖက်နိုင်ငံမှ လက်နက်ကိုင်သောင်းကျန်း သူဆိုသူများ၏ ချောင်းမြောင်းပစ်ခတ် မှုကြောင့် လုံခြုံရေးတာဝန်ထမ်းဆောင် နေသည့် အမှတ်(၁)နယ်ခြားစောင့်တပ်မှ ရဲတပ်ဖွဲ့ဝင်လေးဦးသေဆုံးကာ ဒုရဲအုပ် တစ်ဦးသေနတ်ဒဏ်ရာရရှိခဲ့ပြီး ရဲတပ် သားနှစ်ဦးမှာ လက်နက်ခဲယမ်းများနှင့် ပျောက်ဆုံးနေကြောင်း သိရသည်။

ယခုဖြစ်စဉ်များမှာ ကျူးကျော်ရန်စ ခြင်းဖြစ်သော်လည်း ရခိုင်နယ်စပ်တွင် ရခိုင်လက်နက်ကိုင်တပ်များ ချထားပေး ရန်ဆိုသည်မှာ ပြည်ထောင်စုအစိုးရမှ ခွင့်ပြုမှသာဖြစ်နိုင်မည်ဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီးဦးဇော်အေးမောင်က ပြော သည်။
''အဓိကလုံခြုံရေးအတွက်တာဝန် ရှိတာက ပြည်ထောင်စုအစိုးရနဲ့ ရခိုင် ပြည်နယ်အစိုးရပဲ။ ဒါမဖြစ်သင့်ဘူးလေ။ ကိုယ်တို့ကိုကျူးကျော်တာပဲ၊ ကျူးကျော် ပြီးရန်စတာပဲ၊ လုံခြုံရေးများများချပေးဖို့ လိုတယ်။ မဟုတ်ရင် တစ်ချိန်မှာ အန္တရာယ် အလွန်ရှိလာနိုင်တယ်''ဟု ဦးဇော်အေး မောင်က ဆိုသည်။

Yangon Media Group

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...