Ads (728x90)




ဦးတေဇနှင့် ထူးဖောင်ဒေးရှင်းမှ ၀န်ထမ်းများ သစ်ပင်မျိုးစေ့ဘူးများနှင့်အတူ သစ်ပင်စိုက်ရန် ပြင်ဆင်နေစဉ် (ဓာတ်ပုံ – ဦးတေဇဖေ့စ်ဘွတ်ခ်)
 သစ်တောသစ်ပင်များကို တစ်ချိန်က အကြီးအကျယ် ခုတ်ခဲ့သည့် လုပ်ငန်းဖြင့် ကြွယ်ဝ ချမ်းသာလာသူဖြစ်ကြောင်း ဝေဖန်ခံခဲ့ရသည့် သူဌေးကြီးဦးတေဇက သူသည် သစ်တောထိန်းသိမ်းaရးလုပ်ငန်းများလုပ်ဆောင်နေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ပြီးနောက် ချီးကျူးဂုဏ်ပြုမှုနှင့် ဝေဖန်မှုများတစ်ပြိုင်တည်း ရင်ဆိုင်ခဲ့ရသည်။

ဦးတေဇသည် သစ်တော ပြုန်းတီးမှုပြန်လည်ကုစားရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကချင် ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း တောင်ကတုံးများ ပြန်လည်ကု စားရေးအတွက် ၎င်းနှင့် ၎င်းတည် ထောင်ထားသည့် ထူးဖောင်ဒေး ရှင်းမှ ၀န်ထမ်းများသစ်ပင်စိုက် နေပြီဖြစ်ကြောင်း မေလ ၁၉ ရက် က ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာ နှင့် ထူးဖောင်ဒေးရှင်း၏ အင်တာ နက်စာမျက်နှာများမှ တစ်ဆင့် ကြေညာခဲ့သည်။

ဦးတေဇက ပူတာအိုခရိုင်အ တွင်း ၎င်းစိုက်ပျိုးမည့်နေရာများ သည် ဒေသခံတို့၏ တောမီးရှို့ခြင်း၊ အမဲလိုက်ခြင်း၊ တောင်ယာခုတ် ခြင်းများကြောင့် ပျက်စီးသွားပြီး တောင်ကတုံးဖြစ်သည်အထိ ယို ယွင်းနေရာများဟု ရည်ညွှန်းခဲ့ သည်။

ယင်းနေရာများတွင် လွယ် ကူစွာပေါက်ရောက်နိုင်သည့် သစ်ပင်ကြီးမျိုးများဖြစ်သည့်အပြင် ဒေသခံတို့အတွက် အထောက်အ ပံ့ဖြစ်စေမည့် အပင်များဖြစ်သော လျှော်ဖြူ၊ သစ်ရာ၊ တမလန်း၊ ပျဉ်းကတိုးပင်မျိုးစေ့များကို ခရိုင် တစ်ခုလုံးသို့ ရဟတ်ယာဉ်များနှင့် သွားရောက်စိုက်ပျိုးခဲ့ကြကြောင်း ထုတ်ပြန်သည်။

ပရိသတ်တစ်သိန်းကျော် ရှိ သည့် Htoo Foundation ၏ ဖေ့စ် ဘွတ်ခ်စာမျက်နှာနှင့် ပရိသတ် ကိုးသောင်းနီးပါးရှိသည့် ဦးတေဇ ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ထုတ်ပြန်ထားသည့် အဆိုပါသ တင်းနှင့် ပတ်သက်ပြီး ဝေဖန်မှု များရော၊ ထောက်ခံမှုများပါ တစ်ပြိုင်တည်းကြုံတွေ့နေရသည်။

`ထောက်ခံသူများက ယင်း လုပ်ရပ်သည် ကောင်းမွန်သည့်လုပ်ရပ်ဖြစ်ကြောင်း ရေးသားကြပြီး ဝေဖန်သူများကမူ တိုင်းပြည် ၏ သဘာဝသယံဇာတများကို ဖျက်ဆီးခဲ့သူ တစ်ယောက်၏ ဟန်ပြလုပ်ရပ်အဖြစ် ဝေဖန်ကြသည်။

ယင်းသတင်းနှင့် ပတ်သက်ပြီး ဝေဖန်မှုပြုရာတွင် အပြုသaဘာဝေဖန် အကြံပြုရေးသားသည်များကိုသာ aရးသားရန်နှင့် ပုဂ္ဂိုလ်ရေးထိခိုက်ရေးသားသည့် အကျိုးမဲ့ရေးသားမှုများမပြုရန် Htoo Foundation ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ကြေညာထားသည်ကို တွေ့ရသည်။

ဦးတေဇသည် ကချင်ပြည်နယ် ပူတာအိုနှင့် အနီးတစ်ဝိုက် ဒေသများသို့ မကြာခဏသွား ရောက်လေ့ရှိပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများလည်း မကြာခဏ လုပ်ဆောင်ခဲ့သည်။ ပူတာအို ဒေသခံများက ၎င်းကို အားပေး ထောက်ခံလေ့ရှိကြောင်း ယင်း ဒေသမှလာသော သတင်းများကို အခြေခံပြီး ကချင်ပြည်နယ်အခြေ စိုက်လူ့အခွင့်အရေးဆိုင်ရာ အကူ အညီပေးသူ ရှေ့နေဦးဂျီးမားခါး ကပြောသည်။

‘‘သူ (ဦးတေဇ) က ပူတာအိုကို ပစ်မှတ်ထားတဲ့ သဘော ရှိတယ်။ ဒေသခံတွေကို ဆန်လှူ တာတွေကအစ လုပ်တယ်။ ဒါပေမဲ့တစ်ဖက်မှာလည်း မြေတွေ လုပ် ပိုင်ခွင့်ရထားတယ်ဆိုတဲ့ သတင်း တွေရှိတယ်။ အခုတော့ ဘာသ ဘောနဲ့ လုပ်တာလဲဆိုတာတော့ သူပဲ သိမှာပါ။ ဒေသအတွက် ကောင်းဖို့ဆိုရင်တော့ ကြိုဆိုရမှာ ပေါ့’’ ဟု ရှေ့နေ ဦးဂျီမားခါးက ပြောသည်။

ယင်းသတင်းများနှင့်ပတ်သက်၍ ထင်မြင်ချက်ပေးရန် HtooFoundation ထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်း မရှိပေ။

7day

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...