Ads (728x90)



ရန်ကုန်၊ ဒီဇင်ဘာ ၂၂

ကယားပြည်နယ်တွင် တာဝန် ထမ်းဆောင်ရမည့် ပညာရေးနှင့် ကျန်းမာရေး ဝန်ထမ်းများ၏ ရာထူး ခန့်ထားရေးနှင့် အပြောင်းအရွှေ့ကို လာမည့် ဘဏ္ဍာနှစ်က စတင်ကာ ပြည်နယ်အစိုးရ ကိုယ်တိုင် တိုက်ရိုက် ကိုင်တွယ်မည် ဖြစ်ကြောင်း ယင်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် ပညာရေးဝန်ကြီး ဦးစိန်ဦးက ပြောကြားသည်။

လမ်းပန်း ဆက်သွယ်ရေး အခက်အခဲကြောင့် အခြေခံပညာဆရာ၊ ဆရာမ လိုအပ်ချက် မြင့်မားနေသော ကယားပြည်နယ်အတွက် ရာထူးတိုး ခေါ်ယူမှုများ၊ ပြောင်းရွှေ့ရေး ကိစ္စတို့ကို ပညာရေး ဝန်ကြီးဌာနထက် ပြည်နယ် အစိုးရများက ပိုသိသောကြောင့် ယင်းသို့ တိုက်ရိုက် ကိုင်တွယ်ရခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

လမ်းပန်း ဆက်သွယ်ရေး၊ ဒေသခံများ၏ လုံခြုံရေးနှင့် ဘာသာစကား အခက်အခဲ တို့ကြောင့် ကယားပြည်နယ်အတွင်း စာသင်ကျောင်းနှင့် ကျေးလက် ကျန်းမာရေးဌာနများတွင် တာဝန် ထမ်းဆောင်လိုသူ နည်းပါးလာသည့်အတွက် အခြေခံပညာရေး၊ ကျန်းမာရေး လိုအပ်ချက်များစွာ ရှိကြောင်း ယင်းဒေသခံများက The Voice သို့ ပြောကြားသည်။
“ဆရာ၊ ဆရာမ အရေအတွက်က စာရင်းပဲရှိတယ်။ တကယ်စာသင်နိုင်တဲ့ သူမရှိဘူး” ဟု ကရင်နီ ပြည်လူငယ်များ သမဂ္ဂမှ ဗဟိုကော်မတီ အဖွဲ့ဝင် ကိုကျော်ထင်အောင်က ပြောကြားသည်။

ယင်းသို့ လိုအပ်ချက်များ ပေါ်ပေါက် လာခြင်းကြောင့် ဒေသခံ လူငယ်များက နီးစပ်ရာ ကျေးရွာများတွင် တာဝန် ထမ်းဆောင်ရန် ဆန္ဒရှိသော်လည်း သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနက တိုက်ရိုက် ခန့်အပ် ရွေးချယ်သည့်အတွက် ထမ်းဆောင်လိုသော နေရာနှင့် တာဝန်ကျသောနေရာ ကွဲပြားပြီး ကယားပြည်နယ်တွင် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာရေးဝန်ထမ်း လိုအပ်ချက် မြင့်မားလာကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ကယားပြည်နယ်တွင် အဆင့်မြင့်ပညာ တက္ကသိုလ်သုံးခု၊ အခြေခံပညာ စာသင်ကျောင်း ၄၁၂ ကျောင်း ရှိပြီး လက်ရှိ အချိန်တွင် စာသင်ကျောင်း ၁၂၆ ကျောင်းကို ပြန်လည် ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း၊ ထပ်မံ ဆောက်လုပ်မည့် ကျောင်းဆောင်သစ် ၉၂ ခုအတွက် ကျပ်သန်းပေါင်း ၅၄၀၀ တင်ပြ တောင်းခံသွားမည် ဖြစ်ကြောင်း အဆိုပါ ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

အလားတူ ပြည်သူ့ဆေးရုံ၊ ကျေးလက် ကျန်းမာရေး ဆေးပေးခန်း ၃၉ ခုကို ထပ်မံ ဆောက်လုပ်ရန် အသုံးစရိတ် ရရှိထားပြီး လက်ရှိ အချိန်တွင် ပြည်နယ် တစ်ခုလုံး ဆေးရုံနှင့် ဆေးပေးခန်း ၁၅၀ ခု ရှိသည်။


Ref ; http://www.oppositeyes.info

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...