Ads (728x90)


TU တွေကို မီဒီယာကနေ တိုက်မယ်ဆိုပြီး ဂျာနယ်ပေါင်းစုံမှာ ကလောင်ခွဲပေါင်းစုံနဲ့ ရေးသားနေတဲ့ ဘဘကြီးသိစေရန် မြန်မာနိုင်ငံမှာ တစ်နှစ်ကို အင်ဂျင်နီယာ ဘယ်နှစ်ယောက် လိုအပ်ပါသလဲ? COE ကျောင်း တွေက တစ်နှစ်ကို အင်ဂျင်နီယာ ဦးရေ ဘယ်နှစ်ယောက်အထိ ထွက်နိုင်ပါသလဲ? TU ကျောင်း တွေ ကနေ BE ဘွဲ့ရတွေ မထွက်သင့်တော့ဘူး လို့ကြားရတာ နားဝ မချမ်းသာလို့ပါ အဘရယ် တိုးတက်လာတဲ့ ခေတ်ကြီးကို မျက်ခြေ မပြတ်သင့်ပါဘူး COE က BE ငါးရာ ထွက်ခဲ့ရင်တောင် တစ်နိုင်ငံလုံး လိုအပ်ချက်ကို ပြည့်မှီမှာ တဲ့လား ခေတ်ဟောင်းအတွေးအခေါ်တွေနဲ့များ ဆက်နေဖို့ မသင့်တော့ဘူးလို့ ထင်ပါတယ် ၁၉၉၀ လောက်ကတောင် မြန်မာနိုင်ငံ လူဦးရေ သန်း ၄၀ ရှိတဲ့အချိန်မှာ ရန်ကုန်မြို့နေ လူဦးရေဟာ သုံးသန်းတောင် မပြည့်ခဲ့သေးပါဘူး အခု အချိန် ၂၀၁၀ အရောက်မှာ ရန်ကုန်မြို့နေ လူဦးရေဟာ ယအခုအချိန်မှာ ကိုးသန်းကျော်နေပါပြီ ၁၉၉၀ ခုနှစ်လောက်တုန်းက အင်ဂျင်နီယာ လောကနဲ့ သက်ဆိုင်တဲ့ လုပ်ငန်း အရေအတွက် ရာဂဏန်းသာ ရှိခဲ့တဲ့ ရန်ကုန်မှာတောင် အခု အချိန်မှာ သောင်းနဲ့ ချီတဲ့ အင်ဂျင်နီယာ လောကနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းခွင်တွေ ရှိနေပါပြီ အဘ ပြောသလို တစ်နှစ်မှ ငါးရာ ထွက်ရင်တောင် လောက်တယ်ဆိုတာ မျိုးဟာ ၁၉၉၀ ခုနှစ်လောက်က အတွေးအခေါ်တွေလို့ပဲ ယူဆပါတယ် အဲ့နောက်ပိုင်း တိုးတက်လာတဲ့ လူဦးရေ နည်းပညာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အသီးသီးကို အဘ လျစ်လျူရှုထားတယ်လို့ ယူဆပါတယ် ၂၀၁၀ နောက်ပိုင်း ပိုမို တိုးတက်ပွင့်လင်းလာတဲ့ စီးပွားရေးတွေ နိုင်ငံအသီးသီးက ဝင်လာတဲ့ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေ အသီးသီးမှာလည်း အင်ဂျင်နီယာ လိုအပ်ချက်တွေ အများကြီးတိုးလာတယ်ဆိုတာ အဘလည်း သိမှာပါလို့ ပြောချင် သိသိကြီးနဲ့ အင်ဂျင်နီယာ မျိုးဆက်ပြတ်အောင် မျိုးဆက်သစ်လေးတွေ စိတ်ညစ်အောင် ခဏခဏ မလုပ်ပါနဲ့ အဘရာ အဘတို့ ပြောတဲ့ အဆင့်မမှီဘူး ဆိုတဲ့ သင်ရိုးညွှန်းတမ်းတွေကလည်း အဘတို့ သင်ခဲ့ကြတဲ့ YTU ခေါ် RIT ကြီးက ဆွဲပေးထားခဲ့တဲ့ သင်ရိုးတွေပဲလေ YTU က အဘတို့ အဖေ ခေတ်လောက်ကတည်းက သင်ထားခဲ့တဲ့ ပုစ္ဆာတွေပဲလေ အဘရယ် တိုက်ကြည့်ပါလား Is နဲ့ are တောင် မလွဲဘူး စာသင်ချိန်တွေကော လျှော့သင်နေလို့လား အဘရာ ငါတက်ခဲ့တဲ့ ကျောင်းမှ ငါ့ကျောင်း ငါ့ငါးချဉ်မှ ငါးချဉ်လို့ ထင်နေတာတော့ မတတ်နိုင်ဘူး လေ ကျွန်တော်တို့တွေက ခေတ်စနစ်ရဲ့ သားကောင်တွေ ဖြစ်ခဲ့ရတာကိုး ဘယ်သူ့ကို အပြစ်တင်ကြရမလဲ ဆိုတော့ ကျွန်တော်တို့ အားလုံးခေတ်ကိုပဲ အပြစ်တင်ကြမှာပေါ့ ဒါပေမယ့် ဒီလိုဖြစ်အောင် လုပ်တာကလည်း တရားခံရှိတယ်ဆိုတာ အဘလည်း သိပါတယ် အဲ့ အဘကိုလည်း သမိုင်းရဲ့ တရားခံ ဆိုတာ နည်းပညာလောကသားတွေ အကုန်လုံးနီးပါး သတ်မှတ်ထားကြတယ်ဆိုတာ အဘလည်း သိမယ်လို့ ထင်ပါတယ် ကျွန်တော်တို့က အဘကို အခုလို ရေးပြရတယ်ဆိုတာ အဘလည်း သမိုင်းရဲ့ တရားခံ စာရင်းထဲပါသွားမှာ စိုးလို့ပြောနေတယ် မှတ်ပါ စေတနာ တကယ်မှန်ရင် အင်ဂျင်နီယာ အချင်းချင်း သွေးခွဲဖို့ မသင့်ပါဘူး တစ်ခါတစ်လေ ပုဂ္ဂလိက ခံစားချက်တွေကို သိပ်ရှေ့တန်း မတင်ပါနဲ့ အဘ ငါတက်ခဲ့တဲ့ ငါ့ကျောင်းပဲ ကောင်းစားရေး ဆိုတာ လုပ်နေရင်တော့ အဘ တိုးတက်စေချင်တာ ဘာလဲ ဘယ်လဲ ပြန်မေးရမလို ဖြစ်နေပြီ ငါတက်ခဲ့တဲ့ကျောင်းကွလို့ လက်မထောင်ချင်တာလား ငါတို့ မြန်မာနိုင်ငံ အင်ဂျင်နီယာ လောကကြီးကွလို့ လက်မ ထောင်ချင်တာလား အဘကို မေးခွန်းပြန် ထုတ်ချင်နေမိတယ် အင်ဂျင်နီယာ လောကကြီး ကောင်းစားရေး အမျိုးသား ကောင်းစားရေးအတွက် ဆိုပြီးတော့ လက်ရှိ ရှိပီးသား ဖွင့်လှစ်ပီးသား TU တွေထဲက အလားအလာရှိပြီး အောင်မြင်မှုတွေ ဝေဆာနေတဲ့ TU တွေကို အဆင့်မြှင့်တင်ခြင်းမရှိပဲ best of the best ဆိုပြီး အတော်ဆုံးဆရာဆရာမတွေချည်းပဲ အဘ ကမကထ လုပ်နေတဲ့ ကျောင်းကို ခေါ်ထားတာပါလဲ အဘရယ် ကျွန်တော်တို့ လောကအတွက် အဘ စေတနာ ထားတာလား အဘ ငါကမကထ ထားတဲ့ ကျောင်းကွ တွေ့လား ဆိုပြီး လက်မထောင် ဂုဏ်အပြုခံချင်တာလား ကျွန်တော် တောင် လားပေါင်းများစွာ တွေးနေမိတယ် အဘ ညီနောင် ကျောင်းအချင်းချင်းလည်း စိတ်ဝမ်းကွဲသလိုတွေ ဖြစ်ကုန်ကြတယ် အဘ လုပ်ရပ်တွေကိုကော TU က တက်ရောက်နေဆဲ ကျောင်းသူကျောင်းသားတွေက ကျေနပ်ကြတယ် ထင်လို့လား ဖွင့်တဲ့အချိန် တက်စရာ ကျောင်းက ဒါပဲ ရှိလို့ အဘတို့ ခေါ်တဲ့ အမှတ်ထက် မြင့်ပြီး TU တွေမှာ ဝင်ရောက်ပညာသင်ကြားကာ အောင်မြင်နေကြတဲ့လူတွေ အပုံအပင်ပါ အဲဒါကို quality မမှီပါဘူး သင်ရိုးညွှန်းတမ်းတွေ လည်းအတူတူ သင်ကြားချိန်လည်း အတူတူ သင်ကြားတာချင်းလည်း အတူတူကိုပဲ အဘတို့ပဲ အကောင်းအော်နေတာတော့ မကောင်းပါဘူး TU က ကျောင်းသား ကျောင်းသူတွေ အဘတို့ စီစဉ်ချင်တိုင်း စီစဉ်နေကြတာကို ကန့်ကွက်လို့ မရလို့သာ အဘတို့က လူကြီးပဲ လုပ်ပေါ့ဗျာ ဆိုပြီး ထိုင်ကြည့်နေကြရတာပါ မယုံရင် အဘ တပည့်မဟုတ်တဲ့ TU ကျောင်းထွက်ကလေးတွေရဲ့ ဆန္ဒ ကို မေးကြည့်သင့်ပါတယ် ရှိပြီးသား စနစ်တစ်ခုအပေါ်ကို ပြင်လိုက် ဖျက်လိုက် လုပ်နေတာလည်း ရပ်သင့်ပြီလို့ ထင်ပါတယ် စမ်းသတ်ပညာရေးတွေလည်း ရပ်သင့်ပါပြီ အဘတို့ အဆင့်မမှီဘူးလို့ ပြောတဲ့ ဘွဲ့ တစ်ခုကို နိုင်ငံခြား တက္ကသိုလ်တွေမှာ နဲ့ အလုပ်ခွင်တွေမှာ ဘာလို့လက်ခံနေသလဲ ကျုပ်လည်း ဥာဏ်မမှီတော့ မစဉ်းစားတတ်တော့ဘူး အဘရာ အဘတို့ RIT ဆင်းတွေက မင်းတို့ TU ဆင်းလေးတွေက ဘာမှ သုံးစားမရပါဘူး မတတ်ပါဘူး ကွာလို့ ပြောပြောပီး ကျွန်တော်တို့တွေ အကုန်လုံး လုပ်ငန်းခွင်တွေမှာ အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်စွမ်းရှိနေကြတာ အဘတို့လည်း သိမှာပါ ကမ္ဘာကျော် စားဖိုမှုးကြီး တစ်ယောက်ရေးတဲ့ စာအုပ်တစ်အုပ်ကို ဖတ်ပီး သူ့လို ကမ္ဘာကျော် စားဖိုမှုးကြီး လူတိုင်းဖြစ်မလာပါဘူး အတွေ့အကြုံနဲ့ အချိန် လိုတယ်ဆိုတာ အဘတို့လည်း သိမှာပါ ကျွန်တော်တို့ကို လက်တွဲ ခေါ်ပါ ကျွန်တော်တို့ လိုအပ်နေတာ အတွေ့အကြုံနဲ့ အဘတို့ ဆီက အားပေးမှုတွေနဲ့ လက်တွဲခေါ်ယူမှုတွေပါ သမိုင်းမှာ တရားခံ တစ်ဦးတော့ ပေါ်ပေါက်ခဲ့ပြီးပြီ ဒုတိယမြောက်တရားခံ အဘ မဖြစ်စေလိုတာကြောင့် ကျွန်တော် ဒီစာကို အမုန်းခံရေးသားပါတယ် အဘတို့ ပြောင်းချင်သလို ပြောင်းသော စနစ်အား ခံစားခဲ့ရသူ TU လောက သား တစ်ဦး
BY: Myanmar Civil Engineering Knowledge Share Center

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...