Ads (728x90)



ကျွန်တော်တို့ တိုင်း၇င်းသား ညီအစ်ကို မောင်နှမ များ အတွက် အရေးကြီးဆုံးအချိန် ရောက်လာပါပြီ။
အခုဆိုလျှင် မြန်မာနိုင်ငံသည် နိုင်ငံတကာ အလယ်မှာ ပြန်လည် ဦးမော့ရန် အရှိန်ယူနေပြီ ဖြစ်သည်ကား အများအမြင်ပင်။ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်ကိုလည်း နှစ်ပေါင်း (၄၄)နှစ် ကြာမြင့်ပြီးနောက် ပြန်လည် ကျင်းပပေးနိုင်ခဲ့ပါတယ်။ ယခင် အစိုးရများလက်ထက်က နိုင်ငံတကာ အားကစားပြိုင်ပွဲများကို တာဝန်မယူနိုင်ခဲ့သော်လည်း ယခုအချိန်တွင် အောင်မြင်မှု အသီးအပွင့်များ ပျော်ရွှင်မှု များနှင့် ဂုဏ်ယူဖွယ်ရာဖွင့်ပွဲအခမ်းအနားနှင့်အတူ ဖြစ်ပေါ်လာသည့် မျိုးချစ်စိတ် နှင့် အမျိုးသားရေး အသိစိတ်ဓါတ်များ နိုးကြားလာစေ၇န် ဆောင်ရွက်နိုင်ခဲ့ပြီ ။ စီးပွားရေးဆိုလျှင်လည်း နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုများ ၀င်ရောက်လာနိုင်ရန် ဖိတ်ခေါ်နိုင်ခဲ့သည်ပင်မဟုတ်ပါလား။ နိုင်ငံအနေနှင့် ရှေ့သို့ လှမ်းမည်မှ မကြံသေးဘူး အဖျက်အမှောင့်များက ပေါ်လာချေပြီ။ အာဏာရပါတီအတွင်း နေရာ လုမှုများ ၊ အတိုက်အခံပါတီခေါင်းဆောင် ၏ စကားများက ကျွန်တော်တို့ ယခု ရရှိနေသော လွတ်လပ်မှု ပျော်ရွှင်မှုများ ပျောက်သုဉ်းရန် အစပျိုးနေသလို ဖြစ်နေပါပြီ။ အချိန်ကလည်း ဒီမိုကရေစီ အစိုးရ၏ ဒုတိယအကြိမ်မြောက် သမ္မတ ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ စကားသံများက နေရာအနှံ့အပြားမှ ပေါ်ထွက်လာနေပြီ။ အထူးသဖြင့် အတိုက်ခံပါတီ ခေါင်းဆောင်၏ စကားသည် ကျွန်တော် တို့ အတွက် အန္တရာယ် ခေါင်းလောင်းသံ အဖြစ် တီးခေါက်နေပါပြီ။ အခြေခံ ဥပဒေ မပြင်ပေးလျှင် သပိတ်မှောက်မည် ၊ ပြည်သူများအားလမ်းပေါ်တက် ဆန္ဒပြသည့်အဆင့်ကို ရောက်သွားပါမည် ဟု ပြောဆိုစကားသည် အန္တရာယ် အလွန်ကြီးမားလာပါပြီ။ တကယ်သာ သူမ ပြောသလို ဖြစ်သွားခဲ့လျှင် ၁၉၈၈ ခုနှစ်လိုမျိုးနောက်တစ်ကြိမ် ဖြစ်လာခဲ့ပါမူ ကျွန်တော်တို့ နိုင်ငံနှင့် တစ်မျိုးသားလုံးသာ သူများနောက်ရောက်သွားလိမ့်မည်။ အုပ်ချုပ်သူများသည် စစ်တပ်မှ အသွင်ပြောင်းလာသူများ ဖြစ်သည်ကို မေ့မထားသင့်ပေ။ ကျွန်တော် ပြောသည်မှာ ကြောက်၍ မဟုတ် နိုင်ငံအတွက် တိုးတက်မှုတုံ့နှေးသွားမည် ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံကား ဒီမိုကရေစီ ၃ နှစ်သားမျှသာ ရှိသေးသည်ကို မေ့မထားသင့်၊ ဥပဒေ ပြင်သည်ဆိုရာတွင်လည်း ကျန်သည့်အချက်များကား တဖြည်းဖြည်း ပြောင်းလဲသွားမည်သာ ဖြစ်သည်။ လွှတ်တော်အတွင်း တပ်မတော်သား ၂၅% ကိစ္စလည်း သမ္မတကြီးပြောကြားခဲ့သည့်အတိုင်း တဖြည်းဖြည်းနှင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်လာသည်နှင့်အမျှ တဖြည်းဖြည်း လျော့နည်းသွားမည်သာ ဖြစ်၍ အရေးပေါ်ပြင်စရာ မရှိ။ သူတို့ ပြောနေသော ပုဒ်မ ၅၉(စ) သည် မြန်မာနိုင်ငံအတွက် အရမ်းကို အရေးကြီးသော အချက်ဖြစ်သည်။ ဒေါ်စု တစ်ယောက်တည်းအတွက် ထည့်သွင်းခဲ့သော အချက်မဟုတ် ၊ မြန်မာနိုင်ငံ ၏ ပထ၀ီနေရာ အနေအထား ၊ရေမြေ အနေအထားအရ အိမ်နီးချင်း လူအင်အားလျှံကျနေသော နိုင်ငံများအလယ် ဖြစ်သလို ၊ စစ်ရေးအခြေအနေအရ အချက်အခြာကျမှု စသောအချက်များအရ တိုင်းတပါးသား သြဇာခံ (သို့) တိုင်းတပါးသား ၏ ခင်ပွန်း ၊ဇနီး မည်သို့မျှ ဖြစ်၍မရပေ။မိဘ မြန်မာတိုင်း၇င်းသား၊ ခင်ပွန်း(သို့) ဇနီး တိုင်းရင်းသား၊ သားသမီး မြန်မာတိုင်းရင်းသားစစ်စစ်များလောက် မြန်မာနိုင်ငံအား ချစ်မြတ်နိုးပါမည်လော????? စစ်အစိုးရလက်ထက် လက်ထက် တစ်တိုင်းပြည်လုံးနီးပါး အကျင့်ပျက် ချစားပြီး ခိုးယူကြသဖြင့် ဘင်္ဂလီ (၈) သိန်းအား White Card နှင့် အတူ အမွေအဖြစ်ရရှိသလို ၊ မန္တလေးမြို့သည်လည်း တရုတ်စာများဖြင့် ပြည့်နေပေတော့သည် ။ ရန်ကုန်သည်ကား.... ဆိုဖွယ်ရာမရှိပင်...။ ဒေါ်စုအတွက် ပြောစရာ စကားတစ်ခွန်းတော့ ရှိပါသည်။ မည်သူမပြု မိမိမှု ၊ တရားနှင့်သာ ဖြေပါဟုသာ။ အမှန်ဆိုရလျှင် ဒေါ်စုသည် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်နေယုံနှင့်ပင် မြန်မာတစ်နိုင်ငံက ချစ်ခင်လေးစားကြမည်ပင် ဖြစ်သည်။ သို့သော်လည်း ဖခင်မျက်နှာကိုမှ မထောက် တိုင်းတပါးသားအား လက်ထပ်ယူပြီး မြန်မာဘာသာစကားပင် ရေလည်စွာ မပြောနိုင်၊ မြန်မာတိုင်းရင်းသားရုပ်မပေါ်သော သားနှစ်ယောက် ရှိနေပါလျက် မြန်မာနိုင်ငံ၏ သမ္မတ လုပ်လိုနေသည်ကား စဉ်းစားဖွယ်။ ယခုရက်ပိုင်း ကြားသိရသည့်သတင်းများအရလည်း ရွေးကောက်ပွဲမှ မလုပ်ရသေး ၊အချင်းချင်း နေရာလုနေကြသည်တဲ့ ။ မြန်မာနိုင်ငံ၏ မွတ်ဆလင်ကုလား အများဆုံးသော ပါတီသည် NLD သာဖြစ်သည်။ သူတို့သာ အမတ်ဖြစ်သွားပါက white card များသည် ပန်းရောင်နိုင်ငံသားကဒ်များ သေချာပေါက်ဖြစ်
သွားပါလိမ့်မည်။ယနေ့ ခင်ဗျားတို့ ကျွန်တော်တို့ လက်ထက်တွင် တိုင်းပြည်၏ ကောင်းမွေ ဆိုးမွေ များသည် အရာရာတိုင်းတွင် စိတ်ပျက်စရာ အတိ ပြည့်နေသော်လည်း... ကျွန်တော်တို့မှ မသိလိုက်မသိဘာသာနေသွားလျှင်.... ???
၂၀၁၅ မည်သူ သမ္မတ ဖြစ်လာမည်ကား ပြည်သူတွေအတွက် အဓိက အေ၇းကြီးဆုံးမဟုတ် ။ အရေးကြီးသည့် အချက်သည် အမျိုးသားရေး အသိနှင့် ဘာသာ ၊သာသနာ နှင့်လူမျိုးကို စောင့်ရှောက်ပေးနိုင်သော လူတစ်ဦးဖြစ်ရန်သာအရေးကြီးပါတယ်ခင်ဗျာ။ ကျွန်တော်တို့တိုင်းရင်းသားညီအစ်ကိုအားလုံး ကိုပြောချင်တာကတော့ သူများမြှောက်ပေးတိုင်း လမ်းမပေါ်မထွက်ကြပါနဲ့။မြှောက်ပေးတိုင်း မစဉ်းစားမဆင်ခြင် မိုက်ရူးရဲဆန်စွာလုပ်ခြင်းသည် မျိုးချစ်စိတ် မဟုတ်ပေ။ မည်သူသည် တိုင်းပြည်အတွက် အမှန်တကယ် အလုပ်လုပ်ပြီး တိုင်းပြည်အတွက် တိုးတက်ရေးဆောင်ရွက်ပေးမည့်သူဖြစ်မည်ကို သေချာစဉ်းစားကြဖို့ လိုပါတယ်။ ဒါမှသာ ကမ္ဘာအလယ်မှာ မြန်မာနိုင်ငံဆက်လက်တည်ရှိနိုင်ပါလိမ့်မည်။
 
 Ref ; http://www.oppositeyes.info

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...