Ads (728x90)


======================================
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲ အောင်မြင်စွာပြီးစီး
======================================
မင်းသန့်
======================================
ရန်ကုန် ၊ ဒီဇင်ဘာ ၂၂ ။ ။ (၂၇)ကြိမ် မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင် မြန်မာ အားကစားအဖွဲ့သည် ဆုတံဆိပ် ပေါင်း၂၃၃ခု ရရှိခဲ့ရာ ဆုရရှိမှု ရပ်တည်မှုဇယားတွင် ဒုတိယ ရရှိခဲ့သည့်အတွက်ကြောင့် အ ရှေ့တောင်အာရှ အားကစား ပြိုင်ပွဲဟု ပြောင်းလဲကျင်းပခဲ့ပြီး နောက် ဆုရရှိမှုအမြင့်ဆုံးနှင့် နိုင်ငံအလိုက် အဆင့်ရပ်တည် မှုအမြင့်ဆုံး ပင်ဖြစ်ကြောင်း သိ ရသည်။

မြန်မာနိုင်ငံသည် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ ဟု ပြောင်းလဲ မခေါ်ဝေါ်မီက အရှေ့တောင်အာရှ ကျွန်းဆွယ် ပြိုင်ပွဲကို နှစ်ကြိမ် တိုင်တိုင် လက် ခံကျင်းပခဲ့ပြီး နှစ်ကြိမ်စလုံးတွင် ဆုရရှိမှုဇယား၌ ထိပ်ဆုံးမှ ရပ် တည်နိုင်ခဲ့သည်။

ယင်းနောက်ပိုင်း အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ များတွင် ဆုရရှိမှု အဆင့် ရပ် တည်မှု၌ အဆင့်(၆)နှင့် (၇) နေရာများဖြင့် သာ ကျေနပ်နေခဲ့ ရပြီး ၁၉၇၉ခုနှစ်တွင် အင်ဒို နီးရှားနိုင်ငံ၌ ပြုလုပ်ခဲ့သော အရှေ့တောင် အာရှပြိုင်ပွဲ၌ တတိယနေရာကို ဆုတံဆိပ် ပေါင်း ၇၆ခုရရှိခဲ့ခြင်းကသာ အမြင့်ဆုံးဖြစ်ခဲ့သည်။

(၂၇)ကြိမ်မြောက် အရှေ့ တောင်အာရှပြိုင်ပွဲကို မြန်မာ နိုင်ငံ က နေပြည်တော် ၊ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင်တို့တွင် ကျင်းပ ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်၌ ပြုလုပ်ခဲ့သောပြိုင်ပွဲများမှ ဆုတံ ဆိပ်ပေါင်း၄၀၊ မန္တလေးတွင် ပြုလုပ်ခဲ့သော အမျိုးသမီးဘော လုံးပြိုင်ပွဲမှာ ကြေးတံဆိပ် တစ်ခု၊ ငွေဆောင်တွင် ပြုလုပ်ခဲ့သော ရွက်လှေပြိုင်ပွဲမှ ရွှေနှစ်ခု၊ ငွေ တစ်ခုနှင့် ကြေးနှစ်ခုရရှိခဲ့ကြောင်း သည်။

နေပြည်တော်တွင် ကျင်းပ ခဲ့သောအားကစားပြိုင်ပွဲများမှ ဆုတံဆိပ်ပေါင်း ၁၈ရခု ရယူ နိုင်ခဲ့သည်။ ယင်းအားကစား များထဲတွင် ရိုးရာလှေပြိုင်ပွဲ က ရွှေတံဆိပ်၁၄ခုအပါအဝင် ဆု တံဆိပ်၁၇ ခု ရယူပေးနိုင်ခဲ့ခြင်း လည်းဖြစ်သည်။

မြန်မာနိုင်ငံက နှစ်ပေါင်း ၄၄နှစ်ကြာမှ ပြန်လည်ကျင်းပ ခဲ့သော အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင် မြန်မာ နိုင်ငံပြည်သူများ မှာ ရွှေကို ဘော လုံးမှ ရယူနိုင်ရန် မျှော်လင့်ခဲ့ ကြသော်လည်း အမျိုးသားအ သင်းမှာ အုပ်စုကိုပင် မကျော် နိုင်ခဲ့၊ အမျိုးသမီးအသင်းမှာ ကံတရားဖေးမ မှုကြောင့် ဗိုလ် လုပွဲနှင့်ဝေးပြီး တတိယကြေး တံဆိပ်ကို ရရှိခဲ့သည်။

ယင်း အသင်းမှာ ဗိုလ်လုပွဲနှင့်ဝေး ခဲ့သော်လည်း ပြည်သူများ က ပေး သည့်ရွှေ ကို ရရှိနိုင်ခဲ့သလို နောက်ထပ်ပြည်သူများ တစ် ခဲနက်အားပေး သည့် အားကစား နည်းမှာ ရိုးရာလှေလှော်အား ကစားနည်းဖြစ်ခဲ့ကြောင်း သိ ရသည်။
 Ref ; http://www.oppositeyes.info
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...