Ads (728x90)




ပြိုင်ပွဲတစ်လျှောက်သူရဲကောင်းတွေပေါ်ထွက်စေခဲ့တယ်။မြန်မာဆိုတာ ကမ္ဘာက သိစေခဲ့တယ်။
တိုင်းရင်းသားတွေ ပိုပြီးစည်းလုံးစေခဲ့တယ်။ညီကိုမောင်နှမတွေ ပိုလို့ သာချစ်ခဲ့ကြတယ်။
မျိုးချစ်စိတ်တွေ မီးတစ်ဟုန်းဟုန်းတောက်ခဲ့ကြတယ်။ရင်ကွဲထွက်အောင် ငိုခဲ့ရတဲ့ညတွေရှိခဲ့တယ်။
ကြုံးဝါးသံတွေ မိုးထိညံခဲ့တဲ့ညတွေရှိခဲ့ကြတယ်။စိတ်ဓါတ်သာ အဓိကဆိုတာ ပြခဲ့တဲ့ညတွေရှိခဲ့ကြတယ်။
ဒီလိုနဲ့ ပဲ ဆီးဂိမ်းပြီးခဲ့တယ်။မြန်မာပြည်သူလူထုရင်ထဲမှာတော့ ဆီးဂိမ်းဟာ ထာဝရ အဖြစ် ပုံရိပ်ထင်ခဲ့တယ်။

ဒီနေရာမှာ ကျတော် သိသလောက် ကျတော်တို့ မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားတွေရဲ့ အမှတ်တရလေးတွေကို ဖော်ပြပေးချင်ပါတယ်။

မွေထိုင်းဖိုင်နယ်(ထိုင်းရိုးရာအားကစား)

မြန်မာကစားသမားယှဉ်ပြိုင်နေတယ်။ မလေး ကစားသမားနဲ့ ပါ။ လက်ရည်ကတော်တော်ကွာတယ်။
မြန်မာကချည်းဖိထိုးနေတာပါ။ ဒုတိယအချီမှာမြန်မာကစားသမားရဲ့ ကန်ချက်က ပြိုင်ဘက်ရဲ့ 
လည်မျိုကိုတည့်တည့်ကန်မိတယ် ပြိုင်ဘက်ကစားသမား လဲပြိုပြီးကျလာချိန်။ ပုံမှန်ဆိုရင်တော့
ကြေးစားတွေဟာ ဘယ်တော့မှ ပြိုင်ဘက်ကိုညှာလေ့မရှိပါဘူး ပြိုလဲကျလာတဲ့ကစားသမားကို ဒူးနဲ့ သာထက်တိုက်ရင် ပွဲသိမ်းပါတယ်။ ဒါပေမယ့် မြန်မာကစားသမားဟာ ပြိုင်ဘက်ကို ပွေ့ ဖက်ပြီး ထူပေးခဲ့တယ်။ ဒီပွဲမှာ ဒိုင်ပွဲရပ်နဲ မြန်မာနိုင်တယ်။ ပြီးတော့ အားကစားစိတ်ဓါတ်ကို
ပြသခဲ့တယ်။ မြန်မာတွေဂုဏ်တက်စေခဲ့တယ်။ ပွဲအပြီး မလေးနည်းပြက ကျေးဇူးတင်စကားပြောခဲ့တယ်။ ထိပ်ဆုံးကလွှင့်တင်တဲ့မြန်မာအလံနဲ့ အတူ မြန်မာ့စိတ်ဓါတ်ပါ လွှင့်တင်နိုင်ခဲ့တယ်။

ဟော်ကီတတိယလုပွဲ

ဒီပွဲကိုကျတော်အပြီးထိမကြည့်ပါဘူး။ မကြည့်ရဲလို့ ပါ။ ဘာလို့ လဲဆိုတော့ မြန်မာရဲ့ ပြိုင်ဘက်က ကမ္ဘာ့အဆင့်(၃၃) စင်ကာပူ။ ကျတော်တို့ မြန်မာက အခုမှစပြိုင်တာ။ ရွှေကိုမမှန်းနိုင်ပေမယ့် အစွမ်းကုန်ကြိုးစားခဲ့ကြတာသိပါတယ်။ ဆီမီးမှာရှုံးတော့ကျတော်တို့ တံဆိပ်တစ်ခုမရရအောင်ယူမယ်လို့ 
ကစားသမားတစ်ဦးက ကြုံးဝါးခဲ့တယ်။

ပြိုင်ပွဲနေ့ ......။
အံ့သြစရာကောင်းလောက်အောင် သိမ်ဖြူကွင်းမှာပရိတ်သတ်တွေလျှံတတ်နေခဲ့တယ်။မြန်မာဟေ့
ဆိုတဲ့အသံကဟိန်းထွက်နေတယ်။ ရိုးသားစွာဝန်ခံရရင် ကမ္ဘာ့အဆင့် (၃၃) ကို နိုင်မယ်လို့ ကျတော်မထင်ပါဘူး။ နိုင်ဘို့ လဲမလွယ်ဘူး။ ပထမပိုင်းပြီးတော့ တီဗွီကိုပိတ် ပွဲပြီးသတင်းကိုသာစောင့်နေခဲ့တယ်။ ပွဲပြီးချိန်လောက် ဖုန်းဆက်မေးတော့သူငယ်ချင်းကပြောတယ်

(ဟေ့ကောင်မြန်မာနိုင်တယ်ကွ..၁ ဂိုး ၀ နဲ့ ) တဲ့
ဝမ်းသာတယ်။ အံ့သြတယ်။ နောက်ပြီးကစားသမားတွေကို ချီးကျူးပါတယ်။ မြန်မာ့စိတ်ဓါတ်ဟာ
နောက်ဆုံးအချိန်ထိ အသက်ဝင်တယ်ဆိုတာပြခဲ့ကြတယ်။

လှေလှော်

အားလုံးသိကြတဲ့အတိုင်းရွှေတွေအများကြီးယူခဲ့တဲ့အားကစား။ သမ္မကိုယ်တိုင်တက်ရောက် ချီးမြှင့်ပေးခဲ့တယ်။ ဒါပေမယ့်လွယ်လွယ်ကူကူနဲ့ မော်တာတက်ပြီးပြိုင်ခဲ့တာမဟုတ်ဘူး။ သူလဲ လက်နဲ့ တက်နဲ့ လှော်။ ကိုယ်လဲ လက်နဲ့ တက်နဲ့ လှော်ခဲ့ကြတာပါ။ အထင်ရှားဆုံးပွဲကတော့ အမျိုးသားအမျိုးသမီး မီတာ၅၀၀၀ ပွဲ။ မြန်မာက နောက်ဆုံးကနေကျော်တက်ပြီးအနိုင်ယူခဲ့ တာ။ နလိုက်ဆည်ရဲ့ တမံပေါ်မှာ ပရီတ်သတ်က ထောင်ချီသောင်းချီ။ မြန်မာလှေကနောက်ဆုံးမှာ။ ပရိတ်သတ်ရဲ့ အော်သံက ဆည်ကိုလွှမ်းနေပြီ။ အဲအချိန်မြန်မာကစားသမားတွေဟာ
တန်ခိုးရှင်တွေဝင်ပူးသည့်အလား လှော်ခတ်ကြပုံက တစ်သက်မှာတစ်ခါမြင်ရခဲပါတယ်။ ပရိတ်သတ်က အံ့သြ၀မ်းသာ အားပေးသံကသောသောညံ။ မြန်မာလှေဟာ တစ်ရှိန်ထိုး ပြေးလာတာ သမ္မတကြီးလည်း ခုံပေါ်ကနေ မတ်တပ်ထရပ်တယ်။ နောက်ဆုံးမြန်မာဟာ ပွတ်ခါသီခါပန်းဝင်တယ်။ရွှေရခဲ့ပါတယ်။ သူတို့ တွေပျော်ခဲ့ကြတယ်။ တမံဘောင်ပေါ်မှာကွေးနေအောင်ကနေကြတဲ့မြန်မာပရိတ်သတ်တွေရဲ့ 
အားပေးသံဟာ ဟိန်းထွက်နေခဲ့ကြတယ်။

တိုက်ကွမ်ဒိုဖိုင်နယ်(ကိုရီးယားရိုးရာ အားကစား)

မြန်မာကစားသမားယှဉ်ပြိုင်နေချိန်။ လက်ရည်ကမတိမ်းမယိမ်း အမှတ်က ၆ မှတ်ချင်းတူနေတယ်။ ဖြစ်ချင်တော့ ပွဲပြီးဘို့ စက္ကန့် ၄၀ အလိုမှာ ပြိုင်ဘက်ရဲ့ ကန်ချက်က ရင်ဘက်ကိုတည့်တည့်ထိ မြန်မာကစားသမား နောက်လန်ကျခဲ့တယ် ရမှတ်က ၇ မှတ် ၆မှတ်။ ပရိတ်သတ်က အာခေါင်ခြစ်ပြီး အားပေးတယ်။ ရင်ကွဲမတတ်အားပေးနေချိန်။ ပွဲပြီးဘို့ ၎စက္ကန့် အလို မြန်မာကစားသမားရဲ့ ဘုရင့်နောင်ဖောင်ဖျက်တဲ့ ကန်ချက်တကိုယ်လုံးစုံပစ်ပြီးကန်လိုက်တယ်။ အကယ်၍ မထိရင် သူပြုတ်ကျပြီးရှုံးမှာပါ။ဒါပေမယ့် တာဝန်ကျေခဲ့ပါတယ် ညီမလေးနွေးနွေးရေ သူ့ ကန်ချက်က ပြိုင်ဘက် ထိုင်းကစားသမားရဲ့ ဦးခေါင်းကို တည့်တည့်ထိမှန် ရမှတ်က ၃မှတ်ချက်ချင်းတက်မြန်မာ၉ မှတ်ရချိန် ပွဲပြီး ဘဲလ်မြည်သံကလဲ ထပ်တူကျစွာထွက်လာခဲ့တယ်။မြန်မာကစားသမား နွေးနွေးငိုခဲ့တယ်။ အဲလိုပဲ ပရိတ်သတ်တွေလဲငိုခဲ့တယ်။
သူတို့ ပျော်လို့ ငိုခဲ့ကြတာပါ။ နိုင်ငံအလံကိုလွှင့်ထူလိုက်ချိန် ထိပ်ဆုံးက မြန်မာအလံနှင့်အတူ မျိုးချစ်စိတ်ပါတလူလူလွှင့်တင်နိုင်ခဲ့တယ်။

အမျိုးသမီးဘောလုံးပြိုင်ပွဲ

ပရိတ်သတ်ရင်ကို အထိရောက်ဆုံးနေရာယူခဲ့ကြတဲ့အသင်းပါ။ ဆီမီးမှာထိုင်းကိုရှုံးတယ်။သူတို့ ငိုသလို
မြန်မာပရိတ်သတ်လဲငိုတယ်။ ဒါပေမယ့် အပြစ်မမြင် ပိုလို့ သာချစ်ခင်ခဲ့ကြတယ်။ သူတို့ စိတ်ဓါတ်ကိုပရိတ်သတ်မျက်ဝါးထင်ထင်မြင်ခဲ့ရတယ်လေ။ လှေခွက်ချည်းကျန်အလံမလှဲခဲ့ကြဘူး။ မြန်
မာအတွက် စိတ်ရောကိုယ်ပါ ပေးဆပ်ခဲ့ကြတယ်။ တတိယနေရာလုပွဲ။ ခြေကမြန်မာသာတယ်။ ဒါပေမယ့် သူတို့ ဟာ မိနစ် ၉၀ ပြိုင်တယ်လို့ မထင်ကြဘူး။ တစ်မိနစ်ပဲပြိုင်တယ်လို့ ထင်ရလောက်အောင် မိနစ်တိုင်းမှာ စိတ်ဓါတ်ထည့်ကြတယ်။ နောက်ဆုံးစက္ကန့် ထိ တိုက်ပွဲဝင်တယ်။ သန်း(၆၀) အတွက် ၆ ဂိုးသွင်းပေးခဲ့ကြတယ်။ အဲဒီနေ့ က သူတို့ တတိယရခဲ့တယ်။သူတို့ ရဲ့ ကြေးတံဆိပ်ဟာ
ပြည်သူလူထုရဲ့ မေတ္တာဓါတ်ကြောင့် ရွှေရောင်ဖိတ်ဖိတ်တောက်ခဲ့တယ်။ နောက်ပြီး သန်းခြောက်ဆယ်ပေးတဲ့ ချန်ပီယံဖလားကိုသူတို့ ရခဲ့တယ်။

ကျတော်မသိလိုတဲ့တခြားပြိုင်ပွဲတွေက မြန်မာသူရဲကောင်းတွေရဲ့ အမှတ်တရတွေရှိအုံးမှာပါ။ ခုလိုဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာအတွက် စိတ်ရောကိုယ်ပါ ပေးဆပ်ခဲ့ကြတဲ့။အားကစားသမားသူရဲကောင်းတွေ
ကို ကျေးဇူးတင် ဂုဏ်ပြုပါတယ်။

သူတို့ တွေကြောင့် ကျတော်တို့ ပိုလို့ စည်းလုံးခဲ့ပြီ။ သူတို့ တွေကြောင့်ကျတော်တို့ ပိုလို့ ချစ်ခင်ခဲ့ကြပြီ။

တစ်ချိန်လုံး မင်းတို့ ဗမာတွေ မင်းတို့ ဗမာတွေလို့ ပြစ်တင်ပြောဆိုနေတဲ့ ကချင်လူမျိုးလေးတစ်ယောက်ရဲ့ ဝေါပေါ်မှာ (မြန်မာနိုင်ပြီကွ) လို့ ရေးထားတဲ့ ပို့ စ်တစ်ခုကျတော်ဖတ်လိုက်ရပြီ။

မွေထိုင်းဖိုင်နယ်မှာ ကရင်လူမျိုးတစ်ယောက် ရွှေရတော့ အခုလိုကရင်လူမျိုးတစ်ယောက်အနေနဲ့ ရွှေရတာ ဂုဏ်ယူပါသလားမေးတော့ကရင်လဲ မြန်မာပြည်မှာနေတာပါဗျာ။ ကျတော် မြန်မာ့ဂုဏ်ဆောင်ခဲ့တဲ့အတွက် ၀မ်းသာပါတယ်လို့ ဖြေခဲ့တဲ့အသံကြားခဲ့ရပြီ။

အခုလို တိုင်းရင်းသားတွေစည်းလုံးခဲ့ကြတယ်အချိန်။ သူရဲကောင်းတွေစွမ်းဆောင်ခဲ့ကြတဲ့အချိန်။
မျိုးချစ်စိတ်တွေ မိုးထိထောင်တက်နေကြတဲ့အချိန်မှာ။

ကျတော်တို့ ရဲ့ ဆီးဂိမ်းပွဲကြီးကို ဖွင့်ပွဲကတည်းက ရှုံ့ ချပြစ်တင်နေတဲ့ မြန်မာစစ်စစ်ကြီးများကို ကျတော်က ခပ်ပြုံးပြုံး သာကြည့်ပြီးပြောလိုက်ချင်ပါတယ်။

(ခင်ဗျားတို့ ရှက်တက်ရင်လဲသေဖို့ တောင်ကောင်းတယ်)။

ထူးဝေ
 
Ref ; http://www.oppositeyes.info

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...