Ads (728x90)



Monday, December 23, 2013

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သော ကန်ပိုအားကစားပြိုင်ပွဲတွင် မျှော်မှန်းထားသည်ထက် ဆုတံဆိပ်များပိုရခဲ့ကြောင်းနှင့် လာမည့်ဆီးဂိမ်းတွင် ကန်ပိုအားကစားပါဝင်ပါကယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကမ်ပိုအားကစားအဖွဲ့ အောင်နိုင်ရေး အထူးတာဝန်ခံ ဦးကျော်ဌေးအောင်ကပြောသည်။

ကမ်ပိုအားကစား နည်းပါဝင် ယှဉ်ပြိုင်ရန်အတွက် အချိန် ၁၀ လခန့်သာရရှိပြီးကမ်ပိုအားကစားနည်းနှင့် အနီးစပ်ဆုံးဖြစ်သည့် ဂျူဒိုအားကစားသမားများနှင့်ကရာတေးကစားသမားများကို စုပေါင်းကာ အချိန်တို အတွင်း လေ့ကျင့်မှုများအင်တိုက်အားတိုက်ပြုလုပ်ခဲ့ရသည့်အပြင် ဂျပန်နိုင်ငံမှ နည်းပြတစ်ဦးမှာလည်း အချိန်ရသည့်အခါလာရောက်လေ့ကျင့်ပေးကြောင်း ဦးကျော်ဌေးအောင်ကပြောသည်။

“ကျွန်တော်တို့ ကမ်ပိုအားကစားပြိုင်ပွဲကို ရွှေ ၃ ခုနဲ့အထက်မှန်းထားတာပါ။ အခုတော့ ရွှေ ၆ ခု၊ ကြေး ၇ ခုရခဲ့လို့ အရမ်းကိုအောင်မြင်ခဲ့ပါတယ်။ကစားတဲ့အချိန်မှာ အခက်အခဲတော့ သိပ်မရှိပါဘူး။ ကစားသမားတွေကိုတော့ကိုယ့်ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်ကာနီးရင် ကွင်းထဲဝင်တဲ့ အထိဘယ်လို လုပ်ရမယ်ဆိုတဲ့သတိတွေကို တောက်လျှောက်ပေးခဲ့ပါတယ်။ ဒါ့အပြင်ကစားသမားတွေရဲ့ ကြိုးစားမှုလည်းပါတော့ ပိုပြီးအောင်မြင်ခဲ့တာပါ”ဟု အောင်နိုင်ရေးအထူးတာဝန်ခံဦးကျော်ဌေးအောင် ကပြောသည်။

Mizzima - News in Burmese

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...