ငါ ရှိမှ .…
ငါ ပါမှ……
ငါ လုပ်မှ……
ငါ သိမှ…………
ငါ လောက်သိ………
ငါ့ လောက် တတ်……
ငါ့ လောက် မြတ်………
ငါ့ လောက် နပ်တာ ဘယ်မှာ ရှိလို့ လည်း။
ငါ မရှိတဲ့ အရပ် ငတ်သေနိုင် တယ်
ငါ မပါတဲ့ အဖွဲ့ ပဲ့ထွက် နိုင် တယ်
ငါ မပါတဲ့ အလုပ် ရှုပ် ထွေး နိုင် တယ်
ငါမသိ သေးတဲ့ အ ကြောင်း အရာ အနှစ်မပါနိုင်။
ငါ ရှိတဲ့အ ရပ်
ငါ ပါတဲ့ အဖွဲ့
ငါလုပ်တဲ့ အလုပ်
ငါသိတဲ့ အကြောင်းအရာ
ငါဆိုတဲ့ ငါက လောကကို အလှဆင်မှာ။
ငါ မရှိတဲ့ အခါ
ငါ တွေး ပြီး စိတ်ပူမိ။
တွေးမပူပါနဲ့ ဗျာ
ငကန်းသေ ငစွေ ပေါ်မှ
ဠင်းတ လောက်တော့ ငှက်တိုင်း လှမှာ။
အရူးကိုလည်း ဗုံနဲ့ မမြှောက်ချင် တော့ဘူး။
တစ်တီတူးလိုလည်း မိုး ခြေကန် မအိပ်ချင်တော့ဘူး။
အို…………………
ငါ ဆိုတဲ့ ငါ
စောစော သေ
မြန်မြန် သေ
အခါ မလပ်သေ
တရှိုက် မက်မက် သေ
ငါ မရှိလေ ကောင်းလေ။
ငါ ရှိနေသမျှ
ငါဆို တဲ့ အတ္တ
ငါက ဒုက္ခ ပေးအုံး မှာ
ငါ မရှိ
ငါ မပါ
ငါ မလုပ်
ငါ မသိ
ငါ မမြတ်
ငါ မတတ်
ငါ မနပ်တဲ့ အခါ
လောက သာယာမှာ။
ငါ သေ
ငါ များများ သေ လေ
ကမ္ဘာကြီး အေးချမ်းလေ ပေါ့ ။
မဂ္ဂင် ဆရာတော်
Ref ; http://www.oppositeyes.info
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။