Ads (728x90)




လက်ရှိ ဖွင့်လှစ်လျက်ရှိသည့် ကိုယ်ပိုင် ကျောင်းများ၌ ကိုယ်ပိုင်ကျောင်း အင်္ဂါရပ်ဖြင့် ညီညွတ်ခြင်းမရှိ သော ကျောင်းများကို ပြန်ပိတ် သိမ်းသည်အထိ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာနမှ သိရသည်။

ကိုယ်ပိုင်ကျောင်း အသစ် ဖွင့်လှစ်လိုသူများလာရောက် လျှောက်ထားပါကလည်း အ သေးစိတ် စစ်ဆေးပြီးမှသာ လက်ခံတော့မည်ဖြစ်ကြောင်း၊ လက်ရှိ ဖွင့်လှစ်ထားသည့် ကိုယ် ပိုင်ကျောင်းတချို့မှာ ကိုယ်ပိုင် ကျောင်းလျှောက်ထားစဉ်က ပြုလုပ်ထား သည့် အချက်များ နှင့် ကျောင်းဖွင့်လှစ်ပြီးသည့် အချိန်နှင့် လွဲမှားနေသည့်အ ချက်များကို တွေ့ရှိနေရကြောင်း အမှတ် (၃)အခြေခံပညာဦးစီး ဌာနမှ တာဝန်ရှိသူအရာရှိတစ် ဦးက ပြောသည်။

''ဆရာတို့အနေနဲ့အစော ပိုင်းကတော့ ကိုယ်ပိုင်ကျောင်း တွေကို ပညာရေးလိုအပ်ချက် အရ အတင်းအကျပ်စစ်ဆေး ခြင်းမလုပ်ဘဲ သင့်တင့်မျှတတဲ့ စစ်ဆေးမှုတွေလုပ်ပြီး လက်ခံ ခဲ့တယ်။ နောက်ပိုင်း ကိုယ်ပိုင် ကျောင်းတွေက ကျောင်းစ လျှောက်တဲ့ အချိန်နဲ့ ကျောင်း ဖွင့်ပြီးတဲ့အချိန်နဲ့ တခြားစီဖြစ် နေတယ်။ အပြောနဲ့အလုပ်တ ခြားစီ ဖြစ်နေတယ်။ ခုနောက် ပိုင်း တင်းတင်းကျပ်ကျပ် စစ် ဆေးသွားမယ်။ ကျောင်းလာ လျှောက်တိုင်း ဖွင့်ခွင့်မပေးတော့ ပါဘူး။ ဖွင့်ထားပြီး သားကျောင်း တွေကို သေချာပြန်လိုက်စစ်ဆေး ဖို့ရှိပါတယ်။ ကိုယ်ပိုင်ကျောင်း အင်္ဂါရပ်နဲ့မညီရင်တော့ ဖွင့်ရ တော့မှာမဟုတ်ပါဘူး''ဟု အဆို ပါအရာရှိကပြောသည်။

ဆက်လက်၍ ယင်းက ရန်ကုန်ရှိ ကိုယ်ပိုင်ကျောင်း များထဲမှ ငါးနှစ်သက်တမ်းရရှိ နိုင်သည့် ကိုယ်ပိုင်ကျောင်းများ လည်း ရှိနေကြောင်း၊ နောက် ပိုင်းတွင်ဖွင့်လှစ်လာသည့် ကိုယ် ပိုင်ကျောင်းများသည် ကိုယ် ပိုင်ကျောင်း အင်္ဂါရပ်များနှင့် ညီစေရန် သေချာပြင်ဆင်ထား သည်ကိုလည်း တွေ့ရကြောင်း၊ လက်ရှိဖွင့်လှစ်ထားသည့် ကိုယ် ပိုင်ကျောင်းတချို့မှာ အရည် အသွေးညံ့ဖျင်းမှုကြောင့် တ ဖြည်းဖြည်း ပျောက်ကွယ်သွား နိုင်ကြောင်း ပြောကြားသည်။

ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း မှ အကြံပေးအရာရှိ တစ်ဦးက ''တချို့ကျောင်းတွေက ပညာ ရေးနဲ့မသက်ဆိုင်ဘဲ စုဆောင်း ထားတာလေးတွေနဲ့ ရှယ်ယာ ခေါ်လုပ်ကြတာမျိုးတွေ၊ ဘော် ဒါ သာသာလောက်ကို နည်း နည်းထပ်ချဲ့ပြီး ကိုယ်ပိုင် ကျောင်း လုပ်တာမျိုးတွေကြောင့် အရည် အသွေးပိုင်းပြဿနာတွေ ဖြစ် နေရတာ။ ဒီလိုလိုက်စစ်မယ်ဆို တာကောင်းတယ်။ သန့်သွား တာပေါ့''ဟု ပြောသည်။

ပညာရေးဝန်ကြီးဌာနမှ ကိုယ်ပိုင်ကျောင်းများ ဖွင့်လှစ် ခွင့်ပေးထားခြင်းမှာ မြေနေရာ အကျယ်အဝန်း သတ်မှတ်ပေး ထားခြင်းမျိုးမရှိဘဲ ကျောင်း အတွင်းတွင် ကိုယ်ပိုင်ကျောင်း အင်္ဂါရပ်နှင့်ညီစေသည့် ပစ္စည်း များ ရှိနေရန်သာ လိုအပ် ကြောင်း၊ ပညာရေးဝန်ကြီးဌာန သည် ကိုယ်ပိုင်ကျောင်းများကို နေရာတစ်ခုတည်းတွင်သာ ဖွင့် လှစ်စေလိုကြောင်း သိရသည်။

ယင်းက ''တချို့ကျောင်း တွေက စီးပွားရေးသက်သက် ပဲ။ နှစ်ချိန်ကျောင်းတွေဖွင့်ပြီး ကျောင်းသား နှစ်ဆရအောင် လုပ်တဲ့ ကျောင်းမျိုးတွေရှိ တယ်။ သင်တော့ ဆရာတစ်ဦး တည်းကိုပဲ လစာပိုပေးပြီး နှစ် ချိန်သင်တာမျိုးတွေ ရှိတယ်။ အဲဒီလို တွေ လုပ်ကတည်းက ကိုယ်ပိုင်ကျောင်း မဟုတ်တော့ ဘူး။ ဆရာတို့ကျောင်းတွေကို ဝန်ကြီးဌာနက နေရာတစ်ခု တည်းမှာပဲ ဖွင့်စေချင်တာက စာသင်ဆောင်ရယ်၊ အုပ်ချုပ် ရေးဆောင်ရယ်၊ အိပ်ဆောင် တွေရယ်ကို တစ်စုတည်းမှာပဲ ထားတော့ ကျောင်းသားတွေ ကို ပိုကောင်းတဲ့ အုပ်ချုပ်ရေး ပေးနိုင်လို့ပါ''ဟုပြောသည်။ ကိုယ်ပိုင်ကျောင်းများကို ၂၀၁၂ ခုနှစ်တွင် စတင်ဖွင့်လှစ် ခွင့်ပေးခဲ့ပြီး စတင်ဖွင့်လှစ်ချိန် တွင် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ကျောင်း၆ဝကျော်သာဖွင့် လှစ်ခဲ့ပြီး လက်ရှိအချိန်တွင် ကိုယ်ပိုင်ကျောင်းပေါင်း ၁၀၀ ကျော် ဖွင့်လှစ်ထားရှိပြီးဖြစ် ကြောင်း သိရသည်။

အောင်သက်ကို
Yangon Media Group

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...