Monday, December 23, 2013
လတ်တလောမှာ ဖွေးဖွေးက ဒါရိုက် တာဝိုင်းရိုက်ကူးတဲ့ ‘တိမ်ယံထက် က နှင်းဆီဖြူ’ဇာတ်ကားကို
ပြေတီဦးနဲ့ အတူရိုက်ကူးနေပါတယ်။ ဒီဇာတ်ကား လေးက မိသားစု ဒရာမာဇာတ်လမ်း လေးဖြစ် ပြီး ဖွေးဖွေးက ပြေတီဦး ရဲ့ညီမနေရာကနေ သရုပ် ဆောင်ထားပါ တယ်။ နောက် ပိုင်းမှာဇာတ်ကားတွေကို စိစစ် ပြီးရိုက်ကူး ဖြစ်နေတဲ့ ဖွေးဖွေး က အချစ်ဇာတ်ကားတွေ လျှော့ရိုက်ဖြစ်နေကြောင်း ပြောပါတယ်။
“တခြားဇာတ်လမ်း ဆန်းဆန်းတွေ ဖွေးရိုက်ထား တယ်။ကိုယ့်ကိုယ်ကိုယ် တကယ် ကာရိုက်တာ ဝင်အောင်လို့လုပ် ပြီးတော့ Camp ဝင်တဲ့ပုံစံမျိုး၊ တကယ့် အက်ရှင် ကားပုံစံ မျိုးရိုက် ချင်တယ်။ အဲဒါကြောင့် အချစ် ကားတွေ ကို လျှော့ရိုက်ဖြစ်နေ တယ်” လို့ပြောပါတယ်။ပရိသတ်တွေ အားပေးတာနဲ့ ပဲ ကျေနပ်ကြောင်း၊ ပရိသတ်တွေ ပေး တဲ့အားနဲ့ပဲ ရှင်သန် ကြောင်းဖွေးဖွေး က ပြောပါတယ်။ “ဖွေး အနုပညာ အလုပ်စလုပ်တဲ့အချိန် က စပြီး အခုအချိန် အထိ အားပေးကြတဲ့ ပရိ သတ်တွေအတွက် ဖွေး တအားဝမ်းသာ ပါတယ်။ တအားလည်း ကျေနပ်မိပါ တယ်။ ဖွေးရဲ့အနုပညာ အလုပ်မှာ ပရိသတ် တွေပေးတဲ့အားနဲ့ပဲ ရှင်သန်နေ တာပါ။ ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ လည်း ပီတိဖြစ်ရပါတယ်” လို့လည်း ပြောပါတယ်။
တွယ်တာ
Popular Journal

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။