Ads (728x90)



23.12.2013

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ငြိမ်းချမ်းရေး ဆွေးနွေးနေသည့်ကာလတွင် ဒီမိုကရေ စီအကျိုးပြု ကရင့်တပ်မတော်(DKBA) အနေဖြင့် တပ်အင်အားတိုးချဲ့ခြင်းများ လုပ်ဆောင်မှုမရှိဟု ကလို့ ထူးဘောစစ်ဌာနချုပ်အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးစောထွန်းထွန်းက မဇိ္ဈမသို့ ပြောဆိုသည်။

“ကျွန်တော်တို့ရဲ့ဒေသထဲမှာတော့ ငြိမ်းချမ်းရေးလဲ လုပ်ဆောင်နေတဲ့အချိန်မို့ စစ်အင်အားတိုးချဲ့တာ မရှိ ဘူး။ လျော့သွားတယ်လို့တောင် ပြောရမယ်။ အရင်က သီဘောဘိုးမှာ ဗျူဟာမှူးတစ်ယောက်နဲ့ တပ်ဗျူ ဟာတစ်ခုရှိတယ်။ အခုဆို လျှော့လိုက်ပြီ။ အဲဒီမှာ မရှိတော့ဘူး”ဟု ပြောသည်။

DKBA သည် အစိုးရတပ်မတော်နှင့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘော တူလက်မှတ် ရေးထိုးခဲ့သည်။ ထိုအချိန်မှစ၍ တပ်မတော်နှင့် DKBA အကြား တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိ ဘဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးသို့ သွားနိုင်ရန် နိုင်ငံ တော်မှ ငြိမ်းချမ်းရေးမူဘောင်များအတိုင်း သွားနေသည့် အတွက် စစ်အင်အားဖြည့်တင်းမှုများ၊ ထိုးစစ် ဆင်ရန် ပြင်ဆင်မှုများ လုံးဝမရှိဟု ဆိုသည်။

“အပစ်ရပ်ရေးမှာလဲ လက်မှတ်ထိုးထားတော့ နိုင်ငံတော်မူနဲ့ပဲ သွားနေတဲ့ အချိန်မှာ ကျွန်တော်တို့ ထိုးစစ်တော့ မဆင်တော့ပါဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကာကွယ်ဖို့အတွက်ကတော့ ပြင်ဆင်ကောင်း
ပြင်ဆင်တာ တွေ ရှိတယ်”ဟု ဗိုလ်မှူးစောထွန်းထွန်းက ဆိုသည်။

တပ်အင်အားတိုးချဲ့သည့်လုပ်ငန်းများ လတ်တလောတွင် လုပ်ဆောင်မှုမရှိဘဲ တပ်အင်အားစုများ လျော့ နည်းလာသည်များသာ ရှိသည်ဟုဆိုသည်။ တပ်အင်အားလျော့နည်းသွားရခြင်းမှာလည်း အသွင်ပြောင်း သူများ၊ တပ်မှ ထွက်သွားသူများကြောင့် ဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နေပြီး နိုင်ငံ ရေးလမ်းစဉ်သို့ သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် စောဘဦးကြီးမူများအား လက်ကိုင်ထားရှိထားသော်လည်း ကရင့်လက်နက် ကရင့်လက်ထဲတွင်သာ ရှိရမည်ဟူသည့်မူအား နိုင်ငံရေးလမ်းကြောင်းတွင် ပြင်ရန် လို အပ်လာပါက ပြင်မည်ဟု ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမိုရှေက ဆိုသည်။

“ကျွန်တော်တို့အတွက် လုံခြုံစိတ်ချရမယ့်ငြိမ်းချမ်းရေးမျိုး၊ ယုံကြည်ရမယ့် အစိုးရတစ်ရပ်ဖြစ်လာပြီ ရှိလာ ပြီဆိုရင်တော့ ကရင့်လက်နက် ကရင့်လက်ထဲမှာပဲ ရှိရမယ်ဆိုတဲ့ အချက်က ပြောင်းလဲမှာပါ။ အဲ့လိုမ ဟုတ်ရင်တော့ ကျွန်တော်တို့လက်နက်တွေက ကျွန်တော်တို့လက်ထဲမှာပဲ ရှိနေမှာပါ”ဟု ပြောသည်။

အစိုးရတပ်မတော်နှင့် DKBA တို့အကြား ၂၀၁၀ တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး ၂၀၁၁ ဒီဇင်ဘာ ၁၁ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးခဲ့သည်။ လက်မှတ်ရေးထိုးထားပြီး အစိုးရဘက်မှ ကမ်းလှမ်းထားသည့် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲရေးတွင် လည်း ပါဝင် ၍ နိုင်ငံရေးဆွေးနွေးပွဲသို့သွားရန် ဆွေးနွေးလျက်ရှိသည်။

Mizzima - News in Burmese

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...