Ads (728x90)


ကလေး ၊ ဒီဇင်ဘာ ၂၀ ။ ။ စစ်ကိုင်း တိုင်းဒေသကြီး ကလေးမြို့ပေါ် တွင် ကိုယ်ပိုင်ကားပေါ်တင်သယ် ဆောင်လာသော မူးယစ်ဆေး ဝါး ကျပ် သိန်း၁၉၂ဝဖိုးကို တ ရားခံများနှင့်တကွ ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

ယခုဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးများမှာ ယခုနှစ် အတွင်း အများ ဆုံးဖြစ်ပြီး မူး ယစ်ဆေးဝါး ရောင်းဝယ်သယ် ဆောင်သူဦးရေမှာလည်း အ များ ဆုံးဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ၁၈ ရက် ည ၁၁နာရီခွဲတွင် ကလေး မြို့ တပ်ဦးသီတာ ရပ်ကွက်နယ် မြေ(၁) စန္ဒာလမ်းတွင် သတင်း အရ ကလေးမြို့ မြို့မရဲစခန်း မှ ခေတ္တစခန်းမှူး ရဲအုပ်မြင့်စိုး ဦးစီးနယ်ထိန်းခေါင်းဆောင် ဒု ရဲအုပ် လှဟန် ခေါင်းဆောင် သောအဖွဲ့နှင့် မူးယစ်တပ်ဖွဲ့စု (၅) ကလေးမှ တကကသောင်း အေးတို့သည် သက်သေများနှင့် စောင့်ဆိုင်းနေစဉ် ယာဉ်အမှတ် ရဂ/--- အဖြူရောင် (ဟာ ဒီယာ)ကားတစ်စီး မောင်းနှင် လာသည်ကို တွေ့ရသဖြင့် စစ် ဆေးရန် ရပ်တန့်ခိုင်းစဉ် ယာဉ် ပေါ်မှ ခင်ထွန်းမှာ ထွက်ပြေးသွား ပြီး ယာဉ်ပေါ်တွင် ယာဉ်မောင်း (မနိုတင်ပါး)နှင့် ဒေါ်တင်တို့ အား တွေ့ရှိရ၍ ရှာဖွေရာ ယာဉ် နောက်ခန်း အတွင်းမှ ဆူဒိုအက် ဖီဒရင်း ဆေးပြားများကို သိမ်း ဆည်းရမိကြောင်း သိရသည်။

ကားပေါ်မှ ထွက်ပြေးသွား သော ခင်ထွန်းဆိုသူအား ဗိုလ် ချုပ်လမ်း တံတားဦး အနီးတွင် ပြန်လည် ဖမ်းဆီးရမိခဲ့ပြီး စစ် ဆေးခဲ့ရာ တပ်ဦးသီတာ ရပ်ကွက် စန္ဒာလမ်းနေ ထန်ဆွမ်းပေါင် ၏နေအိမ်မှ ဆူဒိုအက်ဖီ ဒရင်း ဆေးပြား များ သယ်ဆောင်လာ ကြောင်းသိရသဖြင့် သွားရောက် ရှာဖွေရာ ထန်ဆွမ်းပေါင်၊ လန် ဆွမ်းလျှန်၊ ရှန်ဗန်းခမ်၊ ပေါင်ဂင် ဒါးလ်နှင့် ဇမ်ခေါ်ထွန်းတို့အား တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

ထို မူးယစ်ဆေးဝါးများကို အိန္ဒိယနိုင်ငံ အိုက်ဇော၊ ချင်း ပြည်နယ်၊ ရိဒ်၊ တီးတိန် လမ်းမှ ကားလမ်းအတိုင်း ကလေးမြို့ သို့ သယ်ဆောင်ခဲ့ပြီး တပ်ဦး သီတာရပ်ကွက် ထန်ဆွမ်းပေါင် နေအိမ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် တောင်ဇ လပ်ရပ်ကွက် ဒေါ်တင်၏နေ အိမ်သို့ ကားဖြင့် သယ်ဆောင် စဉ် ဖမ်းဆီးရမိကြောင်း သိရသည်။

အမှုကို (လ၁၈၃၂၃၃)ဒု ရဲအုပ်လှဟန် နယ်ထိန်းခေါင်း ဆောင် တရားလိုပြု လုပ် ၍ မယ (ပ) ၁၄၇/၂၀၁၃၊ မူးစိတ်ပုဒ်မ-၁၅/၁၆(ခ) ၂၁ဖြင့် အရေး ယူ ဆောင်ရွက်ထားသည်။

 Ref ; http://www.oppositeyes.info

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...