Ads (728x90)


၂၇ ကြိမ်မြောက် ဆီးဂိမ်းစ် ဖွင့်ပွဲကို ကြည့်ခဲ့ရသည့် အားကစားကိုချစ်တဲ့ နိုင်ငံသားတိုင်း၊ အမျိုးကို ချစ်တဲ့ နိုင်ငံသားတိုင်း “မြန်မာဟေ့” ကြွေးကြော် ဂုဏ်ယူခဲ့ကြသည်။ မထင်မှတ်ထားသည့် မြင်ကွင်း၊ အံ့အားသင့်ဖွယ် အခမ်းအနား အစီအစဉ်များက တိုင်းပြည် နေရာအနှံ့ အလွှာအသီးသီးက မြန်မာတိုင်းအတွက် ဂုဏ်ယူစရာ “ရသ”ကို ပေးစွမ်းပြီး တိုင်းပြည်ချစ်စိတ်များ တိုးပွားခဲ့ကြသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားက အာရှမှသည် ကမ္ဘာသို့ ရိုက်ခတ်ခဲ့သည်။ အိမ်နီးခြင်း အရှေ့တောင်အာရှ နိုင်ငံများကပင် မထင်မှတ်လောက်အောက် ပြည့်စုံလွန်းပြီး ခမ်းနားလွန်းသည့် ဖွင့်ပွဲဟု ထုတ်ဖော်ပြောဆိုရသည်အထိ မြန်မာတို့ စွမ်းဆောင်နိုင်ခဲ့သည်။ ဖွင့်ပွဲအား မြန်မာပြည်သူ/ ပြည်သားတိုင်း ဂုဏ်ယူနေချိန်တွင် အဆိုးမြင်ဝါဒီများကလည်း ဆင်းရဲလွန်းသည့် မြန်မာနိုင်ငံလို နေရာမျိုးတွင် ယခုလို ငွေသန်းပေါင်းများစွာ အသုံးပြုခြင်းသည် ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင် ဟုဆိုကာ တိုင်းပြည်ဆင်းရဲတွင်း နက်ခြင်းကို ထောက်ပြပြီး ငွေဖြုန်းတီးခြင်း သက်သက်ဟု စွပ်စွဲပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ စွပ်စွဲပြောဆိုသူများကို ကြည့်လိုက်လျှင်တော့ မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများ အကျိုးကို ဘာတစ်ခုမှ တိုးတက်အောင် မစွမ်းဆောင်နိုင်သည့် ဘေးထိုင်ဘုပြောများသာ ဖြစ်သည်ကိုလည်း တွေ့ရပါသည်။ ယခုလည်း သူရိယနေ၀န်းဆိုသည့် ကျင့်ဝတ်သိက္ခာမရှိသည့် အ၀ါရောင်ဂျာနယ်က “ဧရာဝတီကို ဆီးဂိမ်းစ်က တရုတ်မီးပန်းနှင့် မလဲနိုင်ဘူး” ဆိုကာ ဆီးဂိမ်းစ်ဖွင့်ပွဲကို ရှုံ့ချရေးသားထားသည်ကို ဖတ်ရသည်။ မိမိတို့သည် မြန်မာနိုင်ငံသားများ ဖြစ်ပါသည်။ သင်တို့ကို ပြောချင်ပါသည်။ ဖွင့်ပွဲကို ခမ်းနားအောင် လုပ်တော့လည်း ပြောသည်။ တကယ်လို့ အဖြစ်သာ လုပ်ခဲ့ရင်လည်း တိုင်းပြည်ကို အရှက်ရအောင် လုပ်သည်ဆိုကာ သင်တို့ ပြောဦးမည်။ သင်တို့ကား အရာရာကို အဆိုးမြင်ပြီး ကြီးပြင်းခဲ့သူများသာဖြစ်သည်။ မကြာမီ အချိန်အတွင်း ပိတ်ပွဲအခမ်းအနားကို ကြီးကျယ်ခမ်းနားစွာ မြင်ရတော့မည်။ သင်တို့ အဆိုးမြင် ဘေးထိုင်ဘုပြောများကား ငွေဖြုန်းတီးသည်ဟု ပြောကြပေဦးမည်။ သင်တို့ မှတ်ထားလိုက်ပါ။ မြန်မာပြည်က သန်း(၆၀)သော လူထုက ဆင်းရဲရင် ဆင်းရဲပစေ၊ ငတ်ရင် ငတ်ပစေ၊ ဆီးဂိမ်းပိတ်ပွဲကြီးကို ဂုဏ်ယူစွာဖြင့် စောင့်ကြည့်နေပြီ ဖြစ်ကြောင်း အဆိုးမြင်ဝါဒီ သင်တို့ သိစေရန် ပြောကြားလိုက်သည်။
 
U Bo Htun's photo.
 
 
ကွန်ရှင်အခက်အခဲများကြောင့်  ပို့ စ်တင်ခြင်းများနောက်ကျသည့် အတွက်ခွင့် လွှတ်ပေးစေလိုပါသည်။
Admin = Aungkyawsoe
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...