Ads (728x90)


ဘုန်းနေလ(ဒဂုံတက္ကသိုလ်)|ဒီဇင်ဘာလ ၂၀ ရက်၊ သောကြာနေ့၊ ၂၀၁၃ ခုနှစ်

ဒါရိုက်တာအဏ်ထော်ဏီ(မော်လမြိုင်) ရိုက်ကူးမည့် လေယာဉ်အပိုင်စီး ဖြစ်ရပ်မှန်ရုပ်ရှင် ဇာတ်ကားကို ထိုင်းနိုင်ငံရှိ Gear Head ကုမ္ပဏီက စက်ပစ္စည်း ငှားရမ်းခြင်း၊ လူအင်အားအသုံးပြုခြင်းများကို ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ ယင်းရိုက်ကူးမှုတွင် ထိုင်းနိုင်ငံ Gear Head ကုမ္ပဏီ၏Director of photography DOP (Managing Director) က ဇာတ်ကားရိုက်ကူးမှုများ၊ စက်ပစ္စည်းများကို အသုံးပြု ကူညီပေးမည် ဖြစ်သည်။

“ဟိုဘက်ကတော့ တော်တော်လေးကို ဈေးသက်သာအောင် စက်ပစ္စည်း ငှားရမ်းမှုတွေကအစ ကူညီပေး ပါတယ်။ တခြားနိုင်ငံတွေကို ငှားရမ်းပေးတာထက် အများကြီး ဈေးသက်သာပါတယ်။ သူတို့တွေက စက် ပစ္စည်းတွေ၊ လူအင်အားတွေကို ကူညီပေးကြမှာပါ။ နောက်ပြီး အဲဒီက စီအီးအိုကလည်း အမှန်တကယ် သရုပ်ဆောင်တာကို ၀ါသနာပါတဲ့အပြင် ဒါရိုက်တာလုပ်တာကိုလဲ အရမ်းဝါသနာပါတယ်။ ဒီကားကလဲ သမိုင်းမှာ မှတ်မှတ်ထင်ထင် ကျန်ရစ်စေတာကြောင့် သူကိုယ်တိုင်ကို အဏ်ထော်ဏီနဲ့ တိုင်ပင်ပြီး တွဲ ဖက်ဒါရိုက်တာ လုပ်သွားမှာပါ” ဟု ထိုင်းကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းနေသည့် မြန်မာပြည် ကုမ္ပဏီခွဲ post Mandalay မှ ကိုမြတ်ရင့်ထိန်းက ပြောသည်။

ယင်းရုပ်ရှင်ကို "World first Hijack in Myanmar" (ရောင်နီဦး၏ အလင်းရောင် နှင့်အတူ)ဟု အမည် ပေးထားပြီး လေယာဉ် ပြန်ပေးဆွဲခြင်းခံရသည့် DACOTA အမျိုးအစားလေယာဉ်ကို ထည့်သွင်းရိုက်ကူး ရန် နိုင်ငံတော်အစိုးရထံ တင်ပြထားခြင်းသည် အဆင်ပြေနိုင်သည့်အလားအလာ ရှိခြင်းကြောင့် ဒီဇင်ဘာ ၂၆ ရက်တွင် စတင်ရိုက်ကူးမည်ဖြစ်သည်။ ယင်းဇာတ်ကား ရိုက်ကူးရန်အတွက် တချို့သော ဇာတ်ဝင် ခန်းများကို Studio တွင် ရိုက်ကူးရန် လိုအပ်ခြင်းအတွက် ထိုင်းတွင် သွားရောက်ရိုက်ကူးရမည် ဖြစ်သည်။

အဆိုပါစက်ပစ္စည်းငှားရမ်းမှုအတွက် ဒါရိုက်တာအဏ်ထော်နီ(မော်လမြိုင်)သည် ယခုတစ်ပတ်အတွင်း ထိုင်းနိုင်ငံတွင် သွားရောက်ဆွေးနွေးမည်ဖြစ်ပြီး စက်ပစ္စည်း ကုန်ကျငွေသည် ကျပ် သိန်း ၁၀၀၀ ခန့် ကုန်ကျမည် ဖြစ်သည်။ ဇာတ်ကားတစ်ခုလုံးအတွက် ကုန်ကျငွေသည် ကျပ် သိန်း ၃၀၀၀ ကျော် ကုန်ကျ မည်ဖြစ်သည်။ ယင်းဇာတ်ကားကို သုံးလကျော်ရိုက်ကူးမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ်အတွင်းတွင် ပြည်ပနိုင်ငံ များတွင် သွားရောက်ပြသမည် ဖြစ်သည်။

၎င်းဇာတ်ကားကို ဖြိုးနှင့်မင်းရုပ်ရှင် ထုတ်လုပ်ဖြန့်ချိရေးက မမင်းမင်းသက် စီစဉ်ကာ ၀တ္ထု လှသောင်း (Dip in B.Dh))က ရေးထားပြီး ဦးစောကျော်အေး၊ ဆရာ ဦးသန်းဆွေ(အငြိမ်းစားပါမောက္ခ)၊ ဦးစော ဒေါဒေါ(KPF.BGF)တို့ ပြောပြသည့် အကြောင်းအရာများကို အကယ်ဒမီစိုးကျော်စန်းက ဇာတ်ညွှန်းရေးသားကာ ဒါရိုက်တာအဏ်ထော်ဏီ၏ သင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ အဓိကသရုပ်ဆောင်မည်ဖြစ်သည်။

 Ref ; http://www.oppositeyes.info

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...