ကော့သောင်း ဒီဇင်ဘာ ၂၃
တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းမြို့ ကမ်းနားလမ်း ပန်းခြံသည် ပန်းအလှပင်များ၊ မြက်ခင်းပြင်များ၊ ကျန်းမာရေး လေ့ကျင့်ခန်း များ ပြုလုပ်ရန် လျှောက်လမ်းများဖြင့် ပင်လယ်ကမ်းစပ် အနီး လေကောင်းလေသန့် ရရှိရာ ဝန်းကျင်ကောင်း တစ်ခုဖြစ်သည့် အတွက် နံနက်ခင်းနှင့် ညနေခင်း အချိန်များတွင် ကျန်းမာရေး လေ့ကျင့်ခန်း ပြုလုပ်သူများ၊ အပန်းဖြေ အနားယူသူများဖြင့် စည်ကားလေ့ ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကိုယ်လက်ကျန်းမာ ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ လာရောက်ပြုလုပ်သူများ၊ အနားယူ အပန်းဖြေကြသည့် ပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
အဆိုပါ ပန်းခြံအတွင်းတွင် အများပြည်သူအတွက် ရည်ရွယ်ကာ မြို့နယ် စည်ပင်သာယာရေး အဖွဲ့နှင့် အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့မှ အားကစား လေ့ကျင့်ရန် ပစ္စည်းကိရိယာများ၊ အပန်းဖြေ အနားယူရန် အမိုးပါ ထိုင်ခုံများ တပ်ဆင် ပေးထားကြောင်း သိရသည်။
Ref ; http://www.oppositeyes.info


Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။