Ads (728x90)

Photo: အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ရန်ကုန်ဆွေးနွေးပွဲ စတင်ရာ တပ်မတော် အဆင့်မြင့်အရာရှိ ခြောက်ဦးပါဝင်

Published on: March 9, 2014
Written by: အောင်ဇော်ထွန်း၊ ဇာလီမြင့်ဦး

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြား တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး မူကြမ်းညှိနှိုင်းမှုကို မတ် ၉ ရက် နံနက်ကစ၍ ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ကျင်းပလျက်ရှိရာ အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တွင် တပ်မတော်အဆင့်မြင့်အရာရှိ ခြောက်ဦး ပါဝင်ဆွေးနွေးလျက် ရှိသည်။

ရန်ကုန်ဆွေးနွေးပွဲတွင် တပ်မတော်ထိပ်တန်း ခေါင်းဆောင်များ ယခင်ကထက် ပိုမိုပါဝင်ခြင်းသည် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးကိစ္စ ညှိနှိုင်းမှုကို အချိန်တိုအတွင်း ပြီးပြတ်စေနိုင်သည်ဟု . . . . . 
အဆိုပါ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်တို့ အပါအ၀င် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဗိုလ်ချုပ်မောင်မောင်အုန်းနှင့်     ဗိုလ်မှူးကြီး ကျော်စိုးဝင်းတို့ ပါဝင်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တွင် KNU မှ ပဒိုစောကွယ်ထူးဝင်း၊ NMSP မှ ဒုတိယဥက္ကဋ္ဌ ဦးနိုင်ဟံသာ၊ PNLO မှ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ချင်းအမျိုးသားတပ်ဦး၏ အဓိပတိကောင်စီဝင် ဒေါက်တာဆလိုင်းလျန်မှုန်း၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ အတွင်းရေးမှူး (၂) ရွှေမျိုးသန့်၊ KIO မှ ဗိုလ်မှူးကြီးဆင်ဝါးတို့ အပါအ၀င် အဖွဲ့ဝင် ၁၀ ဦး ပါဝင်ဆွေးနွေးခဲ့သည်။

ရန်ကုန်ဆွေးနွေးပွဲတွင် တပ်မတော်ထိပ်တန်း ခေါင်းဆောင်များ ယခင်ကထက် ပိုမိုပါဝင်ခြင်းသည် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးကိစ္စ ညှိနှိုင်းမှုကို အချိန်တိုအတွင်း ပြီးပြတ်စေနိုင်သည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားထားသည်။

မတ် ၉ ရက်နှင့် ၁၀ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်မည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ဆွေးနွေးပွဲရလဒ်သည် နိုင်ငံသားများအတွက် ကောင်းမွန်သည့် သတင်းများ ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြား တစ်ဖွဲ့ချင်းစီအလိုက် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးများ ပြုလုပ်ခဲ့ရာတွင် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများ ပါဝင်ခြင်းမရှိသောကြောင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ပြီးသော်လည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမှုများ ရှိခဲ့ကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပြုလုပ်ရာတွင် နှစ်ဖက်လိုက်နာရမည့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများ ပါဝင်ရေးသည် အရေးကြီးကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် တပ်ပိုင်းဆိုင်ရာ ကိစ္စများညှိနှိုင်းရန် အပါအ၀င် ဆွေးနွေးညှိနှိုင်းရမည့် အကြောင်းအရာ အနည်းငယ်သာ ကျန်ရှိတော့ကြောင်း၊ ရန်ကုန်ဆွေးနွေးမှု အဆင်ပြေပါက ဘားအံဆွေးနွေးပွဲမှတစ်ဆင့် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာနိုင်သည်ဟု ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ပါဝင်သည့် နှစ်ဖက်ခေါင်းဆောင်များက ပြောကြားထားသည်။

မတ် ၉ ရက်ကပြုလုပ်သည့် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးမူကြမ်း ညှိနှိုင်းမှု ဆွေးနွေးပွဲမြင်ကွင်း (ဓာတ်ပုံ-အောင်ဇော်ထွန်း)

Aye Chan Mon# Credit To : Eleven Media Group> ပြန်လည် မျဝေခြင်း ဖြစ်ပါသည် 

 Eleven Media Group

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...