Ads (728x90)


Photo: ဆယ်စုနှစ်နှစ်ခုအတွင်း အဆိုးရွားဆုံး သစ်ခုတ်ခွင့်နှင့် သစ်ပို့ခွင့်ပေးခြင်းမှာ အစိုးရသစ်လက်ထက်ဖြစ်နေ၊ သုံးနှစ်အတွင်း တန်ချိန်ငါးသန်းကျော် ခုတ်ခွင့်ပေးခဲ့ပြီး တန်ချိန်သုံးသန်းကျော်အထိ တင်ပို့ခွင့်ပေးခဲ့

Published on: March 9, 2014
Written by: မာန်သူရှိန်

သတင်းဆောင်းပါး

ဆယ်စုနှစ်နှစ်ခုအတွင်း မြန်မာနိုင်ငံတွင် ကျွန်းနှင့်သစ်မာ အများဆုံး ခုတ်ခွင့်ပေးခဲ့ခြင်းနှင့် ပမာဏအများဆုံး ပို့ခွင့်ပေးခဲ့သည့် အစိုးရမှာ လက်ရှိအစိုးရ လက်ထက်တွင် ဖြစ်နေသည်ကို တရားဝင်ထုတ်ပြန်ထားသည့် စာရင်းများက ဖော်ပြလျက်ရှိသည်။

၂၀၀၁-၂၀၀၂ ခုနှစ်မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အထိ ကျွန်းသစ်တန်ချိန်ပေါင်း ၃၇ သိန်းနီးပါးနှင့် သစ်မာတန်ချိန်ပေါင်း ၁၆၄ သိန်းကျော်၊ စုစုပေါင်း ကျွန်းနှင့်သစ်မာ တန်ချိန်သိန်း ၂၀၀ ကျော်အထိ ခုတ်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။

တန်ချိန်သိန်း ၂၀၀ ကျော်ဆိုသည်မှာ ပျမ်းမျှတွက်ချက်မှုအရ ဆိုပါက သစ်ပင်ပေါင်း သိန်း ၁၅၀ အထိကို ခုတ်ယူကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ သစ်တောဧရိယာ၏ အနည်းဆုံး သုံးပုံနှစ်ပုံအထိကို အပြောင်ရှင်းခဲ့ခြင်းဖြစ်သည်။

ယင်းမှာ တရားဝင်ခုတ်ခွင့်ပေးသည့် ပမာဏသာဖြစ်ပြီး တရားမ၀င် ခုတ်ယူသည့် ပမာဏများပါ ထည့်သွင်းတွက်ချက်လျှင် ပြည်သူသန်း ၆၀ ပိုင်သော သစ်တောများကို ကိုယ်ကျိုးစီးပွား တစ်ခုတည်းအတွက် မည်မျှအထိ ထုတ်ယူခဲ့ကြသည်ကို ခန့်မှန်းနိုင်မည် ဖြစ်သည်။

အာဏာရှင်ခေတ်ထက် လက်ဝါးစောင်းပိုထက်တဲ့ ဒီမိုကရေစီ အစိုးရလား

၂၀၀၁-၂၀၀၂ ဘဏ္ဍာရေးနှစ်နောက်ပိုင်း အစိုးရသစ်မတက်မီ ကာလအထိ သစ်အများဆုံး ခုတ်ခွင့်ပေးခဲ့သည့်နှစ်မှာ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်ဖြစ်ပြီး တန်ချိန် ၁၆၅၀၀၀၀ နီးပါးအထိ ခုတ်ခွင့်ပြုခြင်း ဖြစ်သည်။

အစိုးရသစ် တက်လာပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း ၀န်ကြီးအဖြစ် စတင်တာဝန်ယူသည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် တစ်နှစ်တည်းနှင့် ကျွန်းနှင့်သစ်မာတန်ချိန် ၂၄ သိန်းနီးပါးအထိ ခုတ်ခွင့်ပေးခဲ့ရာ ၁၀ စုနှစ်နှစ်စုအတွင်း အဆိုးရွားဆုံး၊ ပမာဏအများဆုံး ခုတ်ခွင့်ပေးခဲ့သည့်နှစ်အဖြစ် မှတ်တမ်းဝင်သွားသည်။

အစိုးရသစ်လက်ထက် ၂၀၁၁-၂၀၁၂ မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အထိ သုံးနှစ်အတွင်းဆိုပါက ကျွန်းနှင့်သစ်မာတန်ချိန် သိန်း ၅၀ ကျော်အထိ ထုတ်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။

အစိုးရသစ် တာဝန်ယူသည့် သုံးနှစ်အတွင်း ခုတ်ခွင့်ပေးသည့် ပမာဏနှင့် ယခင်အစိုးရလက်ထက် မည်သည့်သုံးနှစ်စာ ခုတ်ခွင့်ပေးသည့် ပမာဏကိုမဆို နှိုင်းယှဉ်လျှင် ယခုအစိုးရလက်ထက် သုံးနှစ်စာက ပို၍မြင့်မားခဲ့ရာ သစ်တောသယံဇာတများ ထုတ်ယူမှု အားအကောင်းဆုံး၊ လက်စောင်းအထက်ဆုံး အစိုးရဟုပင် သတ်မှတ်ထိုက်သည်။

ခေတ်သစ်ဘုံဘေ ၅၀ ကျော် အပိုင်စီးခွင့်ရထားတဲ့ သန်း ၆၀ ပိုင်တဲ့ သစ်တော

မြန်မာနိုင်ငံ သစ်တောများ အပြတ်ရှင်းခံနေရသော်လည်း လုပ်ငန်းရှင် များများစားစား မဟုတ်ဘဲ ကုမ္ပဏီအနေဖြင့် ၇၅ ခုကျော်၊ ပိုင်ဆိုင်သူအနေဖြင့် ခေတ်သစ်ဘုံဘေ လုပ်ငန်းရှင် ၅၀ ကျော် (လူတစ်ဦး၊ အုပ်စုတစ်စုတည်းနှင့် ကုမ္ပဏီနှစ်ခု သုံးခုခွဲ၍ ခုတ်သူများပါဝင်) သာရှိပြီး ခေတ်သစ်ဘုံဘေ ၅၀ ကျော်ထဲက အပြတ်ရှင်းခွင့် ရနေခြင်းဖြစ်သည်။

ထိပ်တန်းခေတ်သစ်ဘုံဘေ ၁၀ ဦးနဲ့ အစိုးရစေတနာ

အစိုးရသစ်လက်ထက်တွင် သစ်ခုတ်ခွင့်အများဆုံး ရခဲ့သည့် ဘုံဘေလက်သစ် ၁၀ ဦးရှိခဲ့ပြီး အများစုမှာ နိုင်ငံ၏စီးပွားရေး ကဏ္ဍများစွာတွင် လက်ဝါးကြီးအုပ်ခွင့် ရခဲ့သူများဖြစ်သည်။

ဦးတေဇ၏ ထူး၊ ဦးထွန်းမြင့်နိုင်၏ အေးရှားဝေါလ် (Lucre Wood)၊ ဦးအောင်သောင်းသား ဦးနေအောင်၏ IGE နှင့် MRT (Myanmar Rice Trading) ကုမ္ပဏီ၊ UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် ပတ်သက်သည့် Global Star၊ ဦးကျော်စိုးလွင်၏ မြတ်နိုးသူ၊ ဦးတင်ဝင်းနှင့်အဖွဲ့၏ တင်ဝင်းထွန်းကုမ္ပဏီ စသည်ဖြင့် ကုမ္ပဏီခြောက်ခုနှင့် Nature Timber၊ Wood World၊ မိုမင်တန်၊ ထွန်းမြတ်အောင် စသည့်ကုမ္ပဏီလေးခုတို့မှာ ထိပ်တန်းသစ်ခုတ်ခွင့်ရ ကုမ္ပဏီများဖြစ်သည်။

အစိုးရသစ်လက်ထက် သုံးနှစ်အတွင်း ကျွန်းသစ်အများဆုံး ခုတ်ခွင့်ရသူမှာ ဦးတေဇ၏ ထူးကုမ္ပဏီဖြစ်ပြီး သစ်မာအများဆုံး ခုတ်ခွင့်ရသည့် ကုမ္ပဏီများမှာ မြတ်နိုးသူ၊ တင်ဝင်းထွန်း၊ IGE\MRT၊ အေးရှားဝေါလ်(လ်) (Lucre Wood)၊ Global Star နှင့် ကျန်ကုမ္ပဏီများဖြစ်သည်။

ထိပ်တန်းကုမ္ပဏီ ၁၀ ခုတည်းနှင့် အစိုးရသစ်လက်ထက် သုံးနှစ်အတွင်း သစ်တန်ချိန်ပေါင်း ၂၃ သိန်းကျော်ကို ထုတ်ယူခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ခုတ်ခွင့်ပေးသည့် တန်ချိန် သိန်း ၅၀ ကျော်ဖြင့် နှိုင်းယှဉ်လျှင် ထက်ဝက်နီးပါးမှာ အဆိုပါကုမ္ပဏီ ၁၀ ခုတည်းက ခုတ်ယူခွင့်ရခဲ့ခြင်း၊ ခုတ်ခဲ့ခြင်းဖြစ်သည်။

တစ်နည်းအားဖြင့် အစိုးရသစ်၏ စေတနာအရှိဆုံး ကုမ္ပဏီ ၁၀ ခုဟု ဆိုရမည်ဖြစ်သည်။

အစိုးရသစ်က သုံးနှစ်၊ ပြည်ပရောင်းတဲ့ သစ်တန်ချိန်က သိန်း ၃၀

၁၀ စုနှစ် နှစ်စုအတွင်း မြန်မာနိုင်ငံမှ တရားဝင် သစ်တင်ပို့ခဲ့ရာ၌ အများဆုံး တင်ပို့ခဲ့သည့်နှစ်မှာ ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်ဖြစ်ပြီး တန်ချိန်ပေါင်း ၁၀ သိန်းကျော်ခဲ့သည်။

အစိုးရသစ် လက်ထက်တွင်မူ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်က တန်ချိန်ပေါင်း ၁၂၅၃၀၀၀ ကျော်အထိ တင်ပို့ခဲ့ရာ ၁၀ စုနှစ်နှစ်စုအတွင်း အများဆုံး တင်ပို့ခွင့်ပြုသည့် အစိုးရအဖြစ် မှတ်တမ်းဝင်ခဲ့ပြန်သည်။

စစ်ဘက်ဆိုင်ရာ အရာရှိဟောင်းမှ ပြည်ထောင်စုဝန်ကြီးဖြစ်လာသူ ဦးဝင်းထွန်းသည် သစ်ထုတ်လုပ်ရေး ကျွမ်းကျင်သူများ၊ သစ်တောပညာရှင်များ အကြားတွင် နှစ်ပေါင်း ၂၀ ကျော်အတွင်း အဝေဖန်ခံရဆုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတစ်ဦး ဖြစ် . . . . . 
အစိုးရသစ်လက်ထက် သုံးနှစ်အတွင်း စုစုပေါင်း တင်ပို့ခဲ့သည့် တန်ချိန်ပေါင်းမှာ တန်ချိန်သိန်း ၃၀ နီးပါး ရှိခဲ့သည်။ (ယင်းပမာဏမှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်ကုန်အထိ စာရင်းမဟုတ်ဘဲ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ ကျွန်းတင်ပို့သည့် တန်ချိန်နှင့် ၂၀၁၃ စက်တင်ဘာလကုန်အထိ သစ်မာတင်ပို့သည့် တန်ချိန်များအထိသာ ဖြစ်သည်။)

ယခင်က အများဆုံးပို့ခဲ့သည့် နှစ်သုံးနှစ်၏ ပမာဏကို ပေါင်းလျှင်ပင် ယခုအစိုးရသစ်လက်ထက် သုံးနှစ်အတွင်း ပို့ခဲ့သည့် ပမာဏကို မည်သည့်နှစ်မျှ မမီပေ။

သစ်တောများ ကျန်သေးသည် မကျန်သေးသည်၊ ပြုန်းပြီ၊ မပြုန်းပြီနောက်ထား လက်ရှိတွင်တော့ အစိုးရသစ် အနေဖြင့် သစ်ခုတ်ခွင့်နှင့် သစ်ပို့မှုပိုင်းများတွင် စံချိန်များ တရစပ် တင်နေခြင်းလည်း ဖြစ်သည်။

ထက်ဝက်နီးပါး ဈေးချပြီးပို့တဲ့ သန်း ၆၀ ပိုင် ကျွန်းတန်ချိန် ၁၃ သိန်း

၁၀ စုနှစ်အတွင်း ကျွန်းသစ်တင်ပို့ရာတွင် ၂၀၁၀-၂၀၁၁ ခုနှစ်က ပျမ်းမျှ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၂၆၀ ကျော်ထိ ရရှိခဲ့သည်။

အစိုးရသစ် ပထမဆုံး တာဝန်ယူသည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင်မူ ကျွန်းတင်ပို့မှုမှ ရသည့်ငွေမှာ ပျမ်းမျှတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၀၈၈ ကျော်သာ ရှိတော့သည်အထိ ကျဆင်းခဲ့သည်။

အစိုးရသစ် ဒုတိယနှစ် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင်မူ ကျွန်းတင်ပို့မှုမှ ရငွေမှာ ပျမ်းမျှတစ်တန်လျှင် ဒေါ်လာ ၇၀၀ ကျော်သာ ရတော့သည်အထိ ထပ်မံထိုးဆင်းခဲ့သည်။

ပြည်ပသို့ ကျွန်းသစ်တင်ပို့ရာတွင် အများဆုံးပို့လေ့ရှိသည့် ကျွန်းအမျိုးအစားမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၈၀၀၀ မှ အများဆုံး ၃၃၀၀ အထိ ရလေ့ရှိပြီး အမြင့်ဆုံး အမျိုးအစားက တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၀၀ နှင့်အထက် အထိပင် ရရှိသည်။

ယခု ကျွန်းသစ်တန်ချိန် ၁၃ သိန်းကျော်အား တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၈၀ ကျော်မှ ၁၀၈၈ အထိသာ ရသည့်ဈေးဖြင့် ပို့ခွင့်ပြုခဲ့ရာ မည်မျှနစ်နာသွားသည်ကို တွက်ဆနိုင်မည်ဖြစ်သည်။

တောခြောက်သံနဲ့အတူ တောအပြောင်ရှင်းပွဲ

၂၀၁၄ ခုနှစ် မတ်လ ၃၁ ရက်နေ့ည ၁၂ နာရီအချိန်အထိသာ သစ်အလုံးလိုက် ပြည်ပတင်ပို့ခွင့် ပြုတော့မည်ဆိုသော သတင်းမှာ ခေတ်သစ်ဘုံဘေတို့အတွက် တောခြောက်သံ ဖြစ်ခဲ့ရသည်။

ယင်းနောက်တွင် ခေတ်သစ်ဘုံဘေတို့သည် ရသမျှလိုင်စင်ယူ၊ တရားသဖြင့်ဖြစ်စေ မတရားသဖြင့်ဖြစ်စေ တွေ့သမျှခုတ်ကြ၊ ခုတ်သမျှ ပို့ကြဖို့အတွက် ဒုန်းစိုင်းနှင်ကြလေသည်။

ရန်ကုန်မှတစ်ဆင့် တရားဝင် သစ်တင်ပို့မှု ပြုလုပ်ရန် သစ်လုံးတင်ကားများ ဆိပ်ကမ်းသို့ ရောက်ရှိလာစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

သတင်းအပြည့်အစုံကို အောက်ဖော်ပြပါလင့်တွင်ဆက်လက်ဖတ်ရှုပါ

- See more at: http://www.news-eleven.com/politic/%E1%80%86%E1%80%9A%E1%80%B9%E1%80%85%E1%80%AF%E1%82%8F%E1%80%BD%E1%80%85%E1%80%B9%E1%82%8F%E1%80%BD%E1%80%85%E1%80%B9%E1%80%81%E1%80%AF%E1%80%A1%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%B8-%E1%80%A1%E1%80%86%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%BC%E1%80%AC%E1%80%B8%E1%80%86%E1%80%B6%E1%80%AF%E1%80%B8-%E1%80%9E%E1%80%85%E1%80%B9%E1%80%81%E1%80%AF%E1%80%90%E1%80%B9%E1%80%81%E1%80%BC%E1%80%84%E1%80%B9%E1%80%B7%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%9E%E1%80%85%E1%80%B9%E1%80%95%E1%80%AD%E1%80%AF%E1%82%94%E1%80%81%E1%80%BC%E1%80%84%E1%80%B9%E1%80%B7%E1%80%B1%E1%80%95%E1%80%B8%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%BD%E1%80%AC#sthash.DwArAt4y.dpuf 
ရန်ကုန်မှတစ်ဆင့် တရားဝင် သစ်တင်ပို့မှု ပြုလုပ်ရန် သစ်လုံးတင်ကားများ ဆိပ်ကမ်းသို့ ရောက်ရှိလာစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ဆယ်စုနှစ်နှစ်ခုအတွင်း မြန်မာနိုင်ငံတွင် ကျွန်းနှင့်သစ်မာ အများဆုံး ခုတ်ခွင့်ပေးခဲ့ခြင်းနှင့် ပမာဏအများဆုံး ပို့ခွင့်ပေးခဲ့သည့် အစိုးရမှာ လက်ရှိအစိုးရ လက်ထက်တွင် ဖြစ်နေသည်ကို တရားဝင်ထုတ်ပြန်ထားသည့် စာရင်းများက ဖော်ပြလျက်ရှိသည်။

၂၀၀၁-၂၀၀၂ ခုနှစ်မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အထိ ကျွန်းသစ်တန်ချိန်ပေါင်း ၃၇ သိန်းနီးပါးနှင့် သစ်မာတန်ချိန်ပေါင်း ၁၆၄ သိန်းကျော်၊ စုစုပေါင်း ကျွန်းနှင့်သစ်မာ တန်ချိန်သိန်း ၂၀၀ ကျော်အထိ ခုတ်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။

တန်ချိန်သိန်း ၂၀၀ ကျော်ဆိုသည်မှာ ပျမ်းမျှတွက်ချက်မှုအရ ဆိုပါက သစ်ပင်ပေါင်း သိန်း ၁၅၀ အထိကို ခုတ်ယူကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ သစ်တောဧရိယာ၏ အနည်းဆုံး သုံးပုံနှစ်ပုံအထိကို အပြောင်ရှင်းခဲ့ခြင်းဖြစ်သည်။

ယင်းမှာ တရားဝင်ခုတ်ခွင့်ပေးသည့် ပမာဏသာဖြစ်ပြီး တရားမ၀င် ခုတ်ယူသည့် ပမာဏများပါ ထည့်သွင်းတွက်ချက်လျှင် ပြည်သူသန်း ၆၀ ပိုင်သော သစ်တောများကို ကိုယ်ကျိုးစီးပွား တစ်ခုတည်းအတွက် မည်မျှအထိ ထုတ်ယူခဲ့ကြသည်ကို ခန့်မှန်းနိုင်မည် ဖြစ်သည်။

အာဏာရှင်ခေတ်ထက် လက်ဝါးစောင်းပိုထက်တဲ့ ဒီမိုကရေစီ အစိုးရလား

၂၀၀၁-၂၀၀၂ ဘဏ္ဍာရေးနှစ်နောက်ပိုင်း အစိုးရသစ်မတက်မီ ကာလအထိ သစ်အများဆုံး ခုတ်ခွင့်ပေးခဲ့သည့်နှစ်မှာ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်ဖြစ်ပြီး တန်ချိန် ၁၆၅၀၀၀၀ နီးပါးအထိ ခုတ်ခွင့်ပြုခြင်း ဖြစ်သည်။

အစိုးရသစ် တက်လာပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း ၀န်ကြီးအဖြစ် စတင်တာဝန်ယူသည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် တစ်နှစ်တည်းနှင့် ကျွန်းနှင့်သစ်မာတန်ချိန် ၂၄ သိန်းနီးပါးအထိ ခုတ်ခွင့်ပေးခဲ့ရာ ၁၀ စုနှစ်နှစ်စုအတွင်း အဆိုးရွားဆုံး၊ ပမာဏအများဆုံး ခုတ်ခွင့်ပေးခဲ့သည့်နှစ်အဖြစ် မှတ်တမ်းဝင်သွားသည်။

အစိုးရသစ်လက်ထက် ၂၀၁၁-၂၀၁၂ မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အထိ သုံးနှစ်အတွင်းဆိုပါက ကျွန်းနှင့်သစ်မာတန်ချိန် သိန်း ၅၀ ကျော်အထိ ထုတ်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။

အစိုးရသစ် တာဝန်ယူသည့် သုံးနှစ်အတွင်း ခုတ်ခွင့်ပေးသည့် ပမာဏနှင့် ယခင်အစိုးရလက်ထက် မည်သည့်သုံးနှစ်စာ ခုတ်ခွင့်ပေးသည့် ပမာဏကိုမဆို နှိုင်းယှဉ်လျှင် ယခုအစိုးရလက်ထက် သုံးနှစ်စာက ပို၍မြင့်မားခဲ့ရာ သစ်တောသယံဇာတများ ထုတ်ယူမှု အားအကောင်းဆုံး၊ လက်စောင်းအထက်ဆုံး အစိုးရဟုပင် သတ်မှတ်ထိုက်သည်။

ခေတ်သစ်ဘုံဘေ ၅၀ ကျော် အပိုင်စီးခွင့်ရထားတဲ့ သန်း ၆၀ ပိုင်တဲ့ သစ်တော

မြန်မာနိုင်ငံ သစ်တောများ အပြတ်ရှင်းခံနေရသော်လည်း လုပ်ငန်းရှင် များများစားစား မဟုတ်ဘဲ ကုမ္ပဏီအနေဖြင့် ၇၅ ခုကျော်၊ ပိုင်ဆိုင်သူအနေဖြင့် ခေတ်သစ်ဘုံဘေ လုပ်ငန်းရှင် ၅၀ ကျော် (လူတစ်ဦး၊ အုပ်စုတစ်စုတည်းနှင့် ကုမ္ပဏီနှစ်ခု သုံးခုခွဲ၍ ခုတ်သူများပါဝင်) သာရှိပြီး ခေတ်သစ်ဘုံဘေ ၅၀ ကျော်ထဲက အပြတ်ရှင်းခွင့် ရနေခြင်းဖြစ်သည်။

ထိပ်တန်းခေတ်သစ်ဘုံဘေ ၁၀ ဦးနဲ့ အစိုးရစေတနာ

အစိုးရသစ်လက်ထက်တွင် သစ်ခုတ်ခွင့်အများဆုံး ရခဲ့သည့် ဘုံဘေလက်သစ် ၁၀ ဦးရှိခဲ့ပြီး အများစုမှာ နိုင်ငံ၏စီးပွားရေး ကဏ္ဍများစွာတွင် လက်ဝါးကြီးအုပ်ခွင့် ရခဲ့သူများဖြစ်သည်။

ဦးတေဇ၏ ထူး၊ ဦးထွန်းမြင့်နိုင်၏ အေးရှားဝေါလ် (Lucre Wood)၊ ဦးအောင်သောင်းသား ဦးနေအောင်၏ IGE နှင့် MRT (Myanmar Rice Trading) ကုမ္ပဏီ၊ UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် ပတ်သက်သည့် Global Star၊ ဦးကျော်စိုးလွင်၏ မြတ်နိုးသူ၊ ဦးတင်ဝင်းနှင့်အဖွဲ့၏ တင်ဝင်းထွန်းကုမ္ပဏီ စသည်ဖြင့် ကုမ္ပဏီခြောက်ခုနှင့် Nature Timber၊ Wood World၊ မိုမင်တန်၊ ထွန်းမြတ်အောင် စသည့်ကုမ္ပဏီလေးခုတို့မှာ ထိပ်တန်းသစ်ခုတ်ခွင့်ရ ကုမ္ပဏီများဖြစ်သည်။

အစိုးရသစ်လက်ထက် သုံးနှစ်အတွင်း ကျွန်းသစ်အများဆုံး ခုတ်ခွင့်ရသူမှာ ဦးတေဇ၏ ထူးကုမ္ပဏီဖြစ်ပြီး သစ်မာအများဆုံး ခုတ်ခွင့်ရသည့် ကုမ္ပဏီများမှာ မြတ်နိုးသူ၊ တင်ဝင်းထွန်း၊ IGE\MRT၊ အေးရှားဝေါလ်(လ်) (Lucre Wood)၊ Global Star နှင့် ကျန်ကုမ္ပဏီများဖြစ်သည်။

ထိပ်တန်းကုမ္ပဏီ ၁၀ ခုတည်းနှင့် အစိုးရသစ်လက်ထက် သုံးနှစ်အတွင်း သစ်တန်ချိန်ပေါင်း ၂၃ သိန်းကျော်ကို ထုတ်ယူခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ခုတ်ခွင့်ပေးသည့် တန်ချိန် သိန်း ၅၀ ကျော်ဖြင့် နှိုင်းယှဉ်လျှင် ထက်ဝက်နီးပါးမှာ အဆိုပါကုမ္ပဏီ ၁၀ ခုတည်းက ခုတ်ယူခွင့်ရခဲ့ခြင်း၊ ခုတ်ခဲ့ခြင်းဖြစ်သည်။

တစ်နည်းအားဖြင့် အစိုးရသစ်၏ စေတနာအရှိဆုံး ကုမ္ပဏီ ၁၀ ခုဟု ဆိုရမည်ဖြစ်သည်။

အစိုးရသစ်က သုံးနှစ်၊ ပြည်ပရောင်းတဲ့ သစ်တန်ချိန်က သိန်း ၃၀

၁၀ စုနှစ် နှစ်စုအတွင်း မြန်မာနိုင်ငံမှ တရားဝင် သစ်တင်ပို့ခဲ့ရာ၌ အများဆုံး တင်ပို့ခဲ့သည့်နှစ်မှာ ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်ဖြစ်ပြီး တန်ချိန်ပေါင်း ၁၀ သိန်းကျော်ခဲ့သည်။

အစိုးရသစ် လက်ထက်တွင်မူ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်က တန်ချိန်ပေါင်း ၁၂၅၃၀၀၀ ကျော်အထိ တင်ပို့ခဲ့ရာ ၁၀ စုနှစ်နှစ်စုအတွင်း အများဆုံး တင်ပို့ခွင့်ပြုသည့် အစိုးရအဖြစ် မှတ်တမ်းဝင်ခဲ့ပြန်သည်။

စစ်ဘက်ဆိုင်ရာ အရာရှိဟောင်းမှ ပြည်ထောင်စုဝန်ကြီးဖြစ်လာသူ ဦးဝင်းထွန်းသည် သစ်ထုတ်လုပ်ရေး ကျွမ်းကျင်သူများ၊ သစ်တောပညာရှင်များ အကြားတွင် နှစ်ပေါင်း ၂၀ ကျော်အတွင်း အဝေဖန်ခံရဆုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတစ်ဦး ဖြစ် . . . . .
အစိုးရသစ်လက်ထက် သုံးနှစ်အတွင်း စုစုပေါင်း တင်ပို့ခဲ့သည့် တန်ချိန်ပေါင်းမှာ တန်ချိန်သိန်း ၃၀ နီးပါး ရှိခဲ့သည်။ (ယင်းပမာဏမှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်ကုန်အထိ စာရင်းမဟုတ်ဘဲ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ ကျွန်းတင်ပို့သည့် တန်ချိန်နှင့် ၂၀၁၃ စက်တင်ဘာလကုန်အထိ သစ်မာတင်ပို့သည့် တန်ချိန်များအထိသာ ဖြစ်သည်။)

ယခင်က အများဆုံးပို့ခဲ့သည့် နှစ်သုံးနှစ်၏ ပမာဏကို ပေါင်းလျှင်ပင် ယခုအစိုးရသစ်လက်ထက် သုံးနှစ်အတွင်း ပို့ခဲ့သည့် ပမာဏကို မည်သည့်နှစ်မျှ မမီပေ။

သစ်တောများ ကျန်သေးသည် မကျန်သေးသည်၊ ပြုန်းပြီ၊ မပြုန်းပြီနောက်ထား လက်ရှိတွင်တော့ အစိုးရသစ် အနေဖြင့် သစ်ခုတ်ခွင့်နှင့် သစ်ပို့မှုပိုင်းများတွင် စံချိန်များ တရစပ် တင်နေခြင်းလည်း ဖြစ်သည်။

ထက်ဝက်နီးပါး ဈေးချပြီးပို့တဲ့ သန်း ၆၀ ပိုင် ကျွန်းတန်ချိန် ၁၃ သိန်း

၁၀ စုနှစ်အတွင်း ကျွန်းသစ်တင်ပို့ရာတွင် ၂၀၁၀-၂၀၁၁ ခုနှစ်က ပျမ်းမျှ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၂၆၀ ကျော်ထိ ရရှိခဲ့သည်။

အစိုးရသစ် ပထမဆုံး တာဝန်ယူသည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင်မူ ကျွန်းတင်ပို့မှုမှ ရသည့်ငွေမှာ ပျမ်းမျှတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၀၈၈ ကျော်သာ ရှိတော့သည်အထိ ကျဆင်းခဲ့သည်။

အစိုးရသစ် ဒုတိယနှစ် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင်မူ ကျွန်းတင်ပို့မှုမှ ရငွေမှာ ပျမ်းမျှတစ်တန်လျှင် ဒေါ်လာ ၇၀၀ ကျော်သာ ရတော့သည်အထိ ထပ်မံထိုးဆင်းခဲ့သည်။

ပြည်ပသို့ ကျွန်းသစ်တင်ပို့ရာတွင် အများဆုံးပို့လေ့ရှိသည့် ကျွန်းအမျိုးအစားမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၈၀၀၀ မှ အများဆုံး ၃၃၀၀ အထိ ရလေ့ရှိပြီး အမြင့်ဆုံး အမျိုးအစားက တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၀၀ နှင့်အထက် အထိပင် ရရှိသည်။

ယခု ကျွန်းသစ်တန်ချိန် ၁၃ သိန်းကျော်အား တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၈၀ ကျော်မှ ၁၀၈၈ အထိသာ ရသည့်ဈေးဖြင့် ပို့ခွင့်ပြုခဲ့ရာ မည်မျှနစ်နာသွားသည်ကို တွက်ဆနိုင်မည်ဖြစ်သည်။

တောခြောက်သံနဲ့အတူ တောအပြောင်ရှင်းပွဲ

၂၀၁၄ ခုနှစ် မတ်လ ၃၁ ရက်နေ့ည ၁၂ နာရီအချိန်အထိသာ သစ်အလုံးလိုက် ပြည်ပတင်ပို့ခွင့် ပြုတော့မည်ဆိုသော သတင်းမှာ ခေတ်သစ်ဘုံဘေတို့အတွက် တောခြောက်သံ ဖြစ်ခဲ့ရသည်။

ယင်းနောက်တွင် ခေတ်သစ်ဘုံဘေတို့သည် ရသမျှလိုင်စင်ယူ၊ တရားသဖြင့်ဖြစ်စေ မတရားသဖြင့်ဖြစ်စေ တွေ့သမျှခုတ်ကြ၊ ခုတ်သမျှ ပို့ကြဖို့အတွက် ဒုန်းစိုင်းနှင်ကြလေသည်။



သတင်းအပြည့်အစုံကို အောက်ဖော်ပြပါလင့်တွင်ဆက်လက်ဖတ်ရှုပါ

- See more at: http://www.news-eleven.com/politic/ဆယ်စုနှစ်နှစ်ခုအတွင်း-အဆိုးရွားဆုံး-သစ်ခုတ်ခွင့်နှင့်-သစ်ပို့ခွင့်ပေးခြင်းမှာ#sthash.DwArAt4y.dpuf

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...