Ads (728x90)

Photo: ရွှေ့ပြောင်းလုပ်သားများကြောင့် မြ၀တီနယ်စပ်ဂိတ်မှ သွားလာမှုတွင် မြန်မာနိုင်ငံသား အများဆုံးဖြစ်လာ

Published on: March 9, 2014
Written by: ကိုရွှေသိန်း

မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများအား ကယ်ရီများက အလည်အပတ်ဗီဇာဖြင့် ပို့ဆောင်နေခြင်းကြောင့် မြ၀တီနယ်စပ်ဂိတ်မှ ပတ်(စ်)ပို့ ဗီဇာဖြင့် သွားလာမှုတွင် မြန်မာနိုင်ငံသားများ အများဆုံးဖြစ်လာကြောင်း သိရသည်။

မြန်မာ-ထိုင်း နယ်စပ်ရှိ မြ၀တီနယ်စပ်ဂိတ်အား အပြည်ပြည်ဆိုင်ရာ ၀င်ထွက်ပေါက်အဖြစ် ဖွင့်လှစ်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ၌ ဗီဇာပါရှိသော နိုင်ငံကူးလက်မှတ်ဖြင့် မြန်မာနိုင်ငံသား အများဆုံး သွားလာခဲ့ကာ ၁၃၁၅ ဦး ၀င်ထွက်ခဲ့ပြီး ထိုင်းနိုင်ငံအတွင်းရှိ လုပ်ငန်းခွင်သို့ဝင်ရန် အလည်အပတ် ပတ်စ်ပို့ဗီဇာဖြင့် ထွက်ခွာသွားကြသူများလည်းရှိကြောင်း မြ၀တီချစ်ကြည်ရေးတံတားမှ သိရသည်။

“အလည် ပတ်စ်ပို့ဗီဇာနဲ့ ပို့ဆောင်တဲ့ အေးဂျင့်တွေကြောင့် ထိုင်းနိုင်ငံအတွင်း အလုပ်သွားလုပ်သူတွေ ဖမ်းဆီခံနေရတဲ့ အဖြစ်တွေကိုလည်း ကြားနေရပါတယ်။ ပြန်ပို့တာလည်း ရှိပါတယ်။ ကျေးလက်ဒေသက နားမလည်တဲ့သူတွေကို အေးဂျင့်(ခ) လူကယ်ရီပွဲစားတွေက လှည့်စားပြီး အမြတ်ထုတ်နေတာပါ” ဟု မြ၀တီချစ်ကြည်ရေးတံတား၌ တာဝန်ထမ်းဆောင်နေသူ တစ်ဦးက ပြောပြသည်။

နယ်စပ်ဂိတ်များအား အပြည်ပြည်ဆိုင်ရာ ၀င်ထွက်ပေါက်အဖြစ် ဖွင့်လှစ်ခဲ့ပြီးနောက် မြ၀တီနယ်စပ်မှ ဖေဖော်ဝါရီလအတွင်း ခရီးသွား အများဆုံးဖြစ်ခဲ့ကာ မြန်မာ၊ ထိုင်းနှင့် တတိယနိုင်ငံသား စုစုပေါင်း ၂၃၈၉ ဦး ၀င်ထွက်ခဲ့၍ အနီးစပ်ဆုံး ဇန်န၀ါရီနှင့် နှိုင်းယှဉ်ပါက ၃၈၂ ဦး ပိုမိုဝင်ထွက် သွားလာခဲ့ကြောင်း သိရသည်။

အလည်အပတ် ပတ်စ်ပို့ဗီဇာဖြင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်သည့် မြန်မာနိုင်ငံသားများ အများဆုံးဖြစ်ကာ ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်သူ ၁၀၈၁ ဦးရှိပြီး ပြန်လည်ဝင်ရောက်လာသူ ၂၃၄ ဦးသာ ရှိသည်။ တတိယ(နိုင်ငံခြား)သားများမှာ ဒုတိယအများဆုံးဖြစ်ကာ ၄၁၄ ဦး ၀င်ရောက်ခဲ့ပြီး ၃၆၁ ဦး ပြန်လည်ထွက်ခွာသွားခဲ့သည်။

အိမ်နီးချင်း ထိုင်းနိုင်ငံအတွင်း နိုင်ငံရေး မငြိမ်သက်မှုများကြောင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မှု အနည်းဆုံးဖြစ်ခဲ့ကာ ၁၇၉ ဦးသာ ၀င်ရောက်လာခဲ့ပြီး ပြန်လည်ထွက်ခွာခဲ့သူ ၁၂၀ ဦးရှိကြောင်း သိရသည်။

၂၀၁၃ သြဂုတ် ၂၈ ရက်မှ စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ဖေဖော်ဝါရီလကုန်ထိ ပတ်စ်ပို့ဗီဇာဖြင့် မြန်မာ ၃၉၈၂ ဦး၊ ထိုင်း ၁၆၆၆ ဦးနှင့် တတိယနိုင်ငံသားများ ၂၄၀၄ ဦး ၀င်ထွက်သွားလာ လည်ပတ်ခဲ့၍ မြ၀တီနယ်စပ်ဂိတ်မှ ၀င်ထွက်သွားလသူ စုစုပေါင်း ၈၀၅၂ ဦးရှိပြီဖြစ်ကြောင်းလည်း သိရသည်။  

ထိုင်းနိုင်ငံသို့ ထွက်ခွာမည့် မြန်မာနိုင်ငံသားများအား ချစ်ကြည်ရေးတံတား (ထိုင်းဘက်ခြမ်း) တွင် တွေ့ရစဉ်

Aye Chan Mon# Credit To : Eleven Media Group> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

  Eleven Media Group

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...