----------------------------------------------------------------------
" ကစားသမား အားလုံး ကြိုးစားခဲ့ကြပါတယ်။ ရလဒ်နဲ့ ပတ်သတ်ပြီး ကျွန်တော့်မှာပဲ တာဝန်ရှိပါတယ်။ ကျွန်တော်ညံ့လို့ ရလဒ် မကောင်းသေး တာပါ။ နောက်ပွဲတွေ အတွက် အကောင်းဆုံး ဖြစ်အောင် ပြင်ဆင် သွားပါမယ်" ဟု ဧရာဝတီ နည်းပြချုပ် ဦးဆန်းဝင်းက ဆိုသည်။
တစ်ချိန်တည်း ယှဉ်ပြိုင် ကစားသွားသည့် ဆောက်သမ်းမြန်မာ အသင်းနှင့် ချင်းယူနိုက်တက် အသင်းတို့ ပွဲစဉ်တွင် တန်းတက် ချင်းယူနိုက်တက် အသင်းက ချန်ယာဂင် (၁၄၊ ၃၂ မိနစ်)၊ ကိတ်မာတူနာ (၅၉၊ ၇၃ မိနစ်) သွင်းဂိုး များဖြင့် (၀-၄)ဂိုး ပြတ်ပြတ်သားသား အနိုင်ရရှိ သွားခဲ့သည်။ အကြိတ်အနယ် ရှိခဲ့သည့် မန္တလေးမြို့ ဗထူးကွင်း ပွဲစဉ်မှာတော့ အိမ်ရှင် ရတနာပုံက ဖွန်ဆေကာ နောက်ကျဂိုးဖြင့် အနိုင် ရရှိသွားခဲ့သည်။ အဝေးကွင်း သရေတစ်မှတ် အတွက် အကောင်းဆုံး ကြိုးပမ်းခဲ့သော မကွေး အက်ဖ်စီမှာ ထပ်ဆောင်း အချိန်ပို ၉၀+၆ မိနစ်တွင် ဖွန်ဆေကာ၏ ပြစ်ဒဏ်ဘောမှ တိုက်ရိုက် ကန်သွင်းမှုကို ခွင့်ပြုလိုက်ရပြီး အမှတ်ဗလာ ဖြစ်ခဲ့ရသည်။ နိုင်ပွဲကြောင့် ရတနာပုံ အသင်း အမှတ်ပေး ဇယားပထမ နေရာအား ဆက်လက် ဦးဆောင်သွား နိုင်ခဲ့ပြီး မကွေး အက်ဖ်စီ အသင်းမှာမူ အဆင့်(၅) နေရာတွင် ရပ်တည် နေခဲ့သည်။
မတ်လ (၉)ရက်နေ့ ယနေ့ ပွဲစဉ်များတွင် ကမ္ဘောဇ အသင်းက YTC ကွင်းတွင် မနောမြေ အက်ဖ်စီအသင်းကို ဂျပန် ကွင်းလယ်လူ ကင်၏ ၈၆ မိနစ်တွင် သွင်းယူသော နောက်ကျ ဂိုးဖြင့် အနိုင်ရရှိ သွားခဲ့ပြီး အောင်ဆန်းကွင်း ပွဲစဉ်တွင် ဇွဲကပင်နှင့် ဇေယျာရွှေမြေ တို့(၂-၂) ဂိုးဖြင့် အမှတ်ခွဲ ယူသွားခဲ့ကြသည်။ ဇွဲကပင် အသင်းတွင်လည်း ဂျပန် ကွင်းလယ်လူ ကန်တာရို ခြေစွမ်းပြ ကစားသွားပြီး သရေရလဒ် အတွက် အသင်းအား များစွာ ပံ့ပိုးပေး နိုင်ခဲ့သည်။ ပွဲချိန် ၁၀ မိနစ်တွင် နိုင်နိုင်ကျော်၏ သွင်းဂိုးဖြင့် ဇွဲကပင် အသင်း ဦးဆောင်ခဲ့ သော်လည်း ၁၈ မိနစ်တွင် ချူကွာဇူက ဇေယျာ ရွှေမြေအတွက် ပြန်ချေပ ခဲ့သည်။ ၄၃မိနစ်တွင် နောက်ခံလူ မာတင် ခေါင်းတိုက်ဂိုးဖြင့် ဇေယျာရွှေမြေက ပထမပိုင်း အပြီးထိ (၁-၂) ဂိုးဖြင့် ဦးဆောင်နေ ခဲ့သည်။ ဒုတိယပိုင်းတွင် ဇွဲကပင် ကစားပုံ ပိုကောင်းလာပြီး တန်ပြန်တိုက်စစ် များမှ ဇေယျာရွှေမြေ နောက်တန်းကို အလုပ်များစေ ခဲ့သည်။ ၇၅ မိနစ်တွင် ကန်တာရို အကောင်းဆုံး ဖြတ်တင်ဘောကို ဇွဲကပင်မှ နိုင်နိုင်ကျော် ခေါင်းတိုက် သွင်းချက် ဂိုးသမား ကာကွယ်သွား နိုင်ခဲ့သည်။ ပွဲချိန် ၈၂ မိနစ်တွင် နောက်ခံလူ တိုနီ၏ ခေါင်းတိုက်ချက် မှတစ်ဆင့် အမီအိုဘီက ထပ်ဆင့် ပိတ်သွင်းပြီး ဇွဲကပင်ကို ချေပဂိုး သွင်းယူပေး
ခဲ့သည်။ လက်ကျန် မိနစ်များတွင် ဇေယျာ ရွှေမြေ အသင်းရော ဇွဲကပင်ပါ ကိုယ်စီ ဂိုးသွင်းခွင့် ရရှိခဲ့ကြ သော်လည်း ရလဒ်ကို မပြောင်းလဲ နိုင်ခဲ့ကြပေ။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။