Ads (728x90)

Photo: အိုအိရှိနှင့် DeeDo အချိုရည် ဘူးများတွင် စားသုံးရန် မသင့်သော ဓာတုပစ္စည်းများ ပါဝင်ဟုဆို

ရန်ကုန်၊ မတ် ၉

ကျန်းမာရေး ဝန်ကြီးဌာနက တရားဝင် ရောင်းချခွင့် ပြုထားသော အိုအိရှိ အာလူးကြော်နှင့် ထိုင်းနိုင်ငံထုတ် DeeDo အအေးဘူးများတွင် စားသုံးရန် မသင့်သော ဓာတုပစ္စည်းများ ပါဝင်နေသည်ကို သမဝါယမ ဝန်ကြီးဌာန လက်အောက်ရှိ ဓာတ်ခွဲခန်းတွင် စစ်ဆေး တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားသည်။

ဓာတ်ခွဲခန်း စစ်ဆေးချက်အရ အိုအိရှိတံဆိပ် အာလူးကြော် အတွင်း အက်စစ် ပမာဏ ၅ အထက်တွင် ရှိပြီး DeeDo အအေး တစ်လီတာ ဘူးတွင် မှိုခြောက်သိန်း အထိ ပါဝင်ကြောင်း တွေ့ရှိ ရသောကြောင့် စားသုံးရန် မသင့်ကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါ ပစ္စည်းများကို စားသုံးသူများက အသင်းသို့ လာရောက် တိုင်ကြားသောကြောင့် ယခုနှစ် ဖေဖော်ဝါရီလ၂၁ ရက်နေ့က သမဝါယမ ဝန်ကြီးဌာန ဓာတ်ခွဲခန်းကို စစ်ဆေးရန် ပေးပို့ခဲ့ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းထံမှ စုံစမ်း သိရှိရသည်။

ပြည့်ဝဆီနှင့် ကြော်ထားသော အစားအသောက် များသည် အချိန် ကြာလာသည်နှင့် အမျှ အရွယ်မတိုင်မီ အိုမင်း ရင့်ရော်ခြင်းနှင့် ကင်ဆာ အမျိုးမျိုး ဖြစ်နိုင်ကြောင်း၊ ယင်းအပြင် အသင့်စား ဆီကြော် မုန့်ထုပ်များသည် စားချင်စိတ်ကို ပိုတိုးစေကြောင်း အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာသီဟသစ်က The Voice သို့ ပြောကြားသည်။

“အာလူးကြော်ကို ပြုတ်ပြီး အပေါ် ဝေ့နေတဲ့ဆီကို စစ်တာ။ ဆီက ဝက်ဆီဖတ်လို ဂျယ်လီပြားလို ဖြစ်နေတယ်။ စားသုံးဖို့ မသင့်တဲ့ဆီလို့ ယူဆတယ်” ဟု ဦးဗအုပ်ခိုင်က ဆိုသည်။

လူမှုကွန်ရက် များတွင် အိုအိရှိ အာလူးချောင်းကြော်ကို ဖယောင်းတိုင် သဖွယ် မီးညှိ ထွန်းထားသည့် ဓာတ်ပုံများ ပျံ့နှံ့နေသည့် အတွက် ကျန်းမာရေး ဝန်ကြီးဌာန၊ အစားအသောက်နှင့်ေ ဆးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က ပြန်လည် စစ်ဆေးမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ လလယ်ခန့်က ပြောကြားထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အိုအိရှိ မုန့်ထုပ်တွင် ပါရှိသော ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စက်မှုဇုန်ရှိ Myanmar Liwayway Food IND., LTD. ၏ ဖုန်းနံပါတ်သို့ ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းကိုင်မည့်သူ မရှိ၍ မေးမြန်းနိုင်ခြင်း မရှိပေ။

Aye Chan Mon# Credit To : The Voice Weekly> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

The Voice Weekly

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...