Ads (728x90)


================
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မော်လိုက်လေးကျေးရွာ၊ ကလေးတမူး ကားလမ်းမကြီးအနီးရှိ အကျဉ်းဦးစီးဌာန မော်လိုက်လေး အကျဉ်းထောင်တွင် ယခုလ ၈ ရက်နေ့ မွန်းတည့် ၁ နာရီက အကြော်ဗူးထဲ၌ မူးယစ်ဆေးဝါး များထည့်သွင်း၍ ထောင်ဝင်စာလာတွေ့သည့် အမျိုးသမီးတစ်ဦးအား အမှုဖွင့်အရေးယူခဲ့ရကြောင်း ကလေးမြို့မရဲစ ခန်းရှိ ရဲတပ်ဖွဲ့ဝင် တစ်ဦးမှ ပြောသည်။
အဆိုပါ အကျဉ်းထောင် ကြီးကြပ်ရေးမှူး ဦးကျော်နိုင် ဆိုသူမှ ထောင်ဝင်စာပစ္စည်းများ စစ်ဆေးရာတွင် ထောင်ဝင် စာ နှင့်အတူ မူးယစ်ဆေးဝါးများ စီစစ်တွေ့ရှိရသဖြင့် ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကလေးမြို့မ ရဲစခန်း၌ တာဝန်ကျ ရဲအရာရှိ ရဲအုပ် ၀င်းထွဋ်ရှိန်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အကြော်ဗူးအတွင်း၌ ပလပ်စတစ်အိတ်ဖြင့်ထုပ်လျက် ဘိန်းမဲဟု ယူဆရသည့် ပစ္စည်းများ အလေးချိန်(၄ ဒသမ ၀၈ )ဂရမ်းအား တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
အကြော်ဗူးထဲ၌ မူးယစ်ဆေးဝါးများထည့်သွင်း၍ ထောင်ဝင်စာလာတွေ့သူမှာ ကလေးမြို့နယ်၊ အနောက်ခုံသာကျေး ရွာနေ မဟန်မေ (ခ) မထားမေ အသက်(၃၂)ဆိုသူဖြစ်ကြောင်း ထောင်ဝင်စာ ဧည့်မှတ်တမ်းများအရ သိရသည်။
ထောင်စာလာရောက်တွေ့ဆုံသူမှ အကျဉ်းထောင်ဧည့်မှတ်ပုံတင် စာရင်များအရ ထိုထောင်၌ အပြစ်ကျခံနေသူ ကို သန်းနိုင်(ခ) ကိုစောထွန်းနိုင် ဆိုသူအား တွေ့ဆုံရန် လာရောက်ခြင်းဖြစ်ကြောင်း အကျဉ်းထောင် ကြီးကြပ်ရေးမှူး ဦး ကျော်နိုင်မှ ဆိုသည်။
ထို့ကြောင့် ရဲအုပ် ၀င်းထွဋ်ရှိန်က ကလေးမြို့မရဲစခန်းတွင် မူးယစ်(ပ) ၁၅/ ၂၀၁၄ မူးယစ်ပုဒ်မ ၁၅/၁၆(ဂ)အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုတိုး ချင်းတွင်း

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...