Ads (728x90)

Photo: ဂျပန်နိုင်ငံ တိုကျိုမြို့မှ နာမည်ကျော် စားသောက်ဆိုင်များ မြန်မာနိုင်ငံ၌ ဆိုင်ခွဲ လာရောက် ဖွင့်လှစ်ရန် စိတ်ဝင်စား

ဂျပန်နိုင်ငံ တိုကျိုမြို့မှ နာမည်ကျော် စားသောက်ဆိုင်များ မြန်မာနိုင်ငံရှိ ရန်ကုန် မြို့၌ ဆိုင်ခွဲ လာရောက် ဖွင့်လှစ်ရန် စိတ်ဝင်စားလျက် ရှိကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ စားသောက်ဆိုင် ပိုင်ရှင်များက မြန်မာနိုင်ငံ ရန်ကုန်မြို့၌ စားသောက် ဆိုင်ခွဲများ လာရောက် ဖွင့်လှစ်ရန် စိတ်ဝင်စားမှု မြင့်တက် နေခြင်းမှာ ဂျပန်စီးပွားရေး လုပ်ငန်းရှင် အများစု မြန်မာနိုင်ငံ၌ သွားရောက် ရင်းနှီး မြှုပ်နှံ ကြရန် စိတ်ဝင်စားမှု မြင့်တက် နေခြင်းနှင့် မြန်မာနိုင်ငံ အစိုးရအပေါ် ဂျပန်နိုင်ငံ အစိုးရ၏ ကူညီ ပံ့ပိုးမှုများ မြင့်တက် နေခြင်း နှင့်လည်း တိုက်ရိုက် ဆက်စပ်နေကြောင်း ဂျပန်နိုင်ငံသား မြန်မာ လူမျိုး တစ်ဦး ဖြစ်သူ ဦးဝင်းမော်က ပြောကြားခဲ့သည်။ ထို့အပြင် ဂျပန်နိုင်ငံသားများ အနေဖြင့် မြန်မာနိုင်ငံရှိ ရန်ကုန်မြို့ကို ဒုတိယ နေအိမ် အဖြစ် တင်စားကာ သွားရောက် လည်ပတ်ရန်၊ ရင်းနှီးမြှုပ်နှံရန် ဂျပန် စီးပွားရေး လုပ်ငန်းရှင်များ၏ ဖိတ်ခေါ်ထားမှု ကလည်း ဂျပန် စားသောက်ဆိုင်များ အတွက် တွန်းအား တစ်ရပ် ဖြစ်လာကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လဆန်း ပိုင်းက ဂျပန် နိုင်ငံတွင် လေ့လာရေး ခရီး သွားရောက်ခဲ့ ကြစဉ် အတွင်း ဂျပန်နိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းနှင့် မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းတို့ အကြား လေ့လာ ဆွေးနွေး ခဲ့မှုများ ရှိခဲ့ပြီး ယင်း ဆွေးနွေး မှု၏ ရလဒ် အဖြစ် ယခုကဲ့သို့ မြန်မာနိုင်ငံ၌ တိုကျိုမြို့ရှိ အကောင်းဆုံး စားသောက်ဆိုင်များ ဆိုင်ခွဲ ဖွင့်လှစ်ရန် စိတ်ဝင် တစား ရှိလာ ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

''တိုကျိုမှာတော့ ဆာဂျီမီတို့ ဝတာမီ မာဆွတ်ယတို့လို ဆိုင်တွေက ဆိုင်ခွဲတွေများ သလို စားသုံးသူ တွေလည်း အများကြီးပဲ ရှိပါတယ်။ မက်ဒေါနယ် ကျတော့ ဂျပန်ရိုးရာ မဟုတ် တော့ဘူး ဒါပေမဲ့ တိုကျိုမှာ နာမည်ကြီး ဆိုရင် သူ့ကို ချန်ထား လို့တော့ မရဘူး။ စောစောက ဂျပန် နာမည်နဲ့ ဆိုင်တွေ ကတော့ ဆိုင်ခွဲ အများဆုံး ရှိတဲ့ နာမည်ကြီး ဆိုင်တွေပါ'' ဟု ဂျပန်နိုင်ငံ တိုကျိုမြို့၌ နေထိုင်ခဲ့ဖူးသူ ဒေါက်တာသန်းဝင်းက ပြော ကြားခဲ့သည်။

ဂျပန်နိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းသည် မြန်မာနိုင်ငံစား သောက်ဆိုင် လုပ်ငန်းရှင်များ အသင်းအား ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နာမည်ကျော် စားသောက်ဆိုင် များကို လေ့လာရန် ဖိတ် ခေါ် ခဲ့ကြောင်း သိရသည်။

Aye Chan Mon# Credit To : မြ၀တီ > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

: မြ၀တီ

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...