Ads (728x90)


Photo: ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေပေါ်တွင် ဟိုတယ်နှင့် အဆောက်အအုံများ တည်ဆောက်ခြင်းလုပ်ငန်းကို မြန်မာ-စင်ကာပူ ကုမ္ပဏီနှစ်ခုမှ ဖက်စပ်လုပ်ကိုင်မည်ဖြစ်ပြီး မြှုပ်နှံရန် အဆိုပြုငွေမှာ ဒေါ်လာ ၂၆၇ ဒသမ ၈၇၆ သန်းဖြစ်

Published on: March 9, 2014
Written by: ချမ်းမြေ့သူ

ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေပေါ်တွင် ဟိုတယ်နှင့် အဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းကို မြန်မာ-စင်ကာပူ ကုမ္ပဏီနှစ်ခုမှ ဖက်စပ်လုပ်ကိုင်မည်ဖြစ်ပြီး မြှုပ်နှံရန် အဆိုပြုငွေမှာ အမေရိကန်ဒေါ်လာ ၂၆၇ ဒသမ ၈၇၆ သန်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လုပ်ငန်းလုပ်ကိုင်ရန်အတွက် ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၇/၂၀၁၄ ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုမိန့် ချထားပေးခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေများအား ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ တင်ဒါခေါ်ယူခဲ့ရာတွင် တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်ကို ကာကွယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် တင်ပြလာမှုအပေါ် စိစစ်ခွင့်ပြုခဲ့ကြောင်း သိရသည်။

လုပ်ငန်းအကောင်အထည်ဖော် လုပ်ကိုင်မည့် တည်နေရာမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်းရှိ ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေဟု သိရပြီး မြန်မာနိုင်ငံဘက်မှ Thu Kha Yadanar Co.,Ltd နှင့် စင်ကာပူဘက်မှ Marga One Investment Pte Ltd တို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ဖက်စပ်လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေကို BOT စနစ်ဖြင့် အဆင့်မြင့်ဟိုတယ်၊ Service၊ Apartment၊ Office၊ Retail လုပ်ငန်းများကို အကောင်အထည်ဖော် လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေအချို့ပေါ်တွင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအရ လုပ်ငန်းလုပ်ကိုင်ရန် တင်ပြလာသည့် အဆိုပြုချက်များကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့နှင့် လုပ်ငန်းနှင့်ဆက်စပ်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ/အဖွဲ့အစည်းများမှ သဘောထားမှတ်ချက်များ၊ စိစစ်ခွင့်ပြုချက်များအပေါ် အခြေခံလျက် ကော်မရှင်အစည်းအဝေးတွင် စိစစ်ခွင့်ပြုလျက်ရှိကြောင်း သိရသည်။

ယခု စင်ကာပူအခြေစိုက် ကုမ္ပဏီနှင့် ဖက်စပ်လုပ်ငန်းလုပ်ကိုင်မည့် Thu Kha Yadanar Co.,Ltd သည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ထောက်ချုပ်ရုံးပိုင်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ အမှတ် ၁၊ မော်တော်ယာဉ်တပ်ရင်း နေရာဟောင်းဖြစ်သည့် မြေတိုင်းရပ်ကွက်အမှတ် ၆၁ နှင့် ၆၃ ရှိ မြေ ၇ ဒသမ ၆၉၅ ဧက ပေါ်တွင်လည်း BOT စနစ်ဖြင့် မြေငှားရမ်း၍ ဟိုတယ်နှင့် အခြားအဆောက်အအုံများအား တည်ဆောက်၍ ငှားရမ်းခြင်းလုပ်ငန်းကို နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ကိုင်ရန် ခွင့်ပြုချက်ရရှိထားကြောင်း သိရသည်။   

ပုဂ္ဂလိက ကုမ္ပဏီနှစ်ခုအား လုပ်ငန်းလုပ်ကိုင်ခွင့်ပြုထားသည့် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ဝင်းဟောင်းအား တွေ့ရစဉ်

Aye Chan Mon# Credit To : Eleven Media Group> ပြန်လည် မျဝေခြင်း ဖြစ်ပါသည် ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေပေါ်တွင် ဟိုတယ်နှင့် အဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းကို မြန်မာ-စင်ကာပူ ကုမ္ပဏီနှစ်ခုမှ ဖက်စပ်လုပ်ကိုင်မည်ဖြစ်ပြီး မြှုပ်နှံရန် အဆိုပြုငွေမှာ အမေရိကန်ဒေါ်လာ ၂၆၇ ဒသမ ၈၇၆ သန်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လုပ်ငန်းလုပ်ကိုင်ရန်အတွက် ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၇/၂၀၁၄ ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုမိန့် ချထားပေးခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေများအား ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ တင်ဒါခေါ်ယူခဲ့ရာတွင် တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်ကို ကာကွယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် တင်ပြလာမှုအပေါ် စိစစ်ခွင့်ပြုခဲ့ကြောင်း သိရသည်။

လုပ်ငန်းအကောင်အထည်ဖော် လုပ်ကိုင်မည့် တည်နေရာမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်းရှိ ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေဟု သိရပြီး မြန်မာနိုင်ငံဘက်မှ Thu Kha Yadanar Co.,Ltd နှင့် စင်ကာပူဘက်မှ Marga One Investment Pte Ltd တို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ဖက်စပ်လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေကို BOT စနစ်ဖြင့် အဆင့်မြင့်ဟိုတယ်၊ Service၊ Apartment၊ Office၊ Retail လုပ်ငန်းများကို အကောင်အထည်ဖော် လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေအချို့ပေါ်တွင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအရ လုပ်ငန်းလုပ်ကိုင်ရန် တင်ပြလာသည့် အဆိုပြုချက်များကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့နှင့် လုပ်ငန်းနှင့်ဆက်စပ်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ/အဖွဲ့အစည်းများမှ သဘောထားမှတ်ချက်များ၊ စိစစ်ခွင့်ပြုချက်များအပေါ် အခြေခံလျက် ကော်မရှင်အစည်းအဝေးတွင် စိစစ်ခွင့်ပြုလျက်ရှိကြောင်း သိရသည်။

ယခု စင်ကာပူအခြေစိုက် ကုမ္ပဏီနှင့် ဖက်စပ်လုပ်ငန်းလုပ်ကိုင်မည့် Thu Kha Yadanar Co.,Ltd သည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ထောက်ချုပ်ရုံးပိုင်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ အမှတ် ၁၊ မော်တော်ယာဉ်တပ်ရင်း နေရာဟောင်းဖြစ်သည့် မြေတိုင်းရပ်ကွက်အမှတ် ၆၁ နှင့် ၆၃ ရှိ မြေ ၇ ဒသမ ၆၉၅ ဧက ပေါ်တွင်လည်း BOT စနစ်ဖြင့် မြေငှားရမ်း၍ ဟိုတယ်နှင့် အခြားအဆောက်အအုံများအား တည်ဆောက်၍ ငှားရမ်းခြင်းလုပ်ငန်းကို နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ကိုင်ရန် ခွင့်ပြုချက်ရရှိထားကြောင်း သိရသည်။

ပုဂ္ဂလိက ကုမ္ပဏီနှစ်ခုအား လုပ်ငန်းလုပ်ကိုင်ခွင့်ပြုထားသည့် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ဝင်းဟောင်းအား တွေ့ရစဉ်

  Eleven Media Group

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...