Ads (728x90)

Photo: မောတောင်နယ်စပ်ဒေသမှ ထိုင်းနိုင်ငံသို့ တရားမ၀င် သစ်ပြားများ ခိုးထုတ်နေမှုများ ရှိနေပြီး ထိုင်းလုပ်ငန်းရှင်များမှ ဒေသခံတစ်ချို့အား အုပ်စုဖွဲ့စေခိုင်းမှု ရှိနေကြောင်း သိရ

Published on: March 10, 2014
Written by: ဇော်မိုးဦး (မြိတ်)

မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ မောတောင်နယ်စပ်ဒေသမှ ထိုင်းနိုင်ငံ ဆင်းခွန်တောင်ခြေသို့ တရားမ၀င်သစ်ပြားများ ခိုးထုတ်နေမှုများ ရှိနေပြီး ထိုင်းနိုင်ငံရှိ လုပ်ငန်းရှင်များမှ ဒေသခံတစ်ချို့အား အုပ်စုဖွဲ့ စေခိုင်းထားမှုများ ရှိနေကြောင်း မောတောင်ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

မောတောင်ဒေသမှာ ယခင်က နယ်မြေလုံခြုံမှု အနေထားများအရ တရားမ၀င် သစ်လုပ်ငန်းများ အကြီးအကျယ် လုပ်ကိုင်ခဲ့ရာ ဒေသတစ်ခု ဖြစ်ခဲ့ကာ ယခုအစိုးရလက်ထက်အထိ သစ်အပြားများအား မောတောင်ဒေသတစ်ဝိုက်မှ ဒေသခံများက ထိုင်းနိုင်ငံသို့ တင်ပို့လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။ မောတောင်ဒေသမှ ထွက်ရှိသော သစ်များကို အပြားများခွဲစိတ်ကာ တစ်နိုင်တစ်ပိုင် တင်ပို့ကြပြီး နယ်စပ်ဒေသ ဖြစ်သည့်အလျောက် တာဝန်ရှိသူများမှ ရာနှုန်းပြည့် တားဆီးနိုင်ခြင်းမရှိ ဖြစ်နေကြောင်း မောတောင်ဒေသမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒီမှာရှိတဲ့ ဒေသခံတွေက ဆိုင်ကယ်လေးတွေ၊ သုံးဘီးလေးတွေနဲ့ နယ်စပ်ဂိတ်ကို ဖြတ်သန်းပြီး ထိုင်းနိုင်ငံက ပရိဘောဂ အချောထည်ပြုလုပ်တဲ့ အလုပ်ရုံကို တင်ပို့ကြတယ်။ ကျွန်တော်တို့လည်း အသိပညာပေး ပြောပြပြီး တားဆီးနေပါတယ်။ မိရိုးဖလာလုပ်ငန်းလို လုပ်ကိုင်နေကြတာက တစ်ပိုင်း၊ နယ်စပ်ဒေသ ဖြစ်တဲ့အလျောက် ရာနှုန်းပြည့် တားဆီးဖို့ ခက်ခဲနေပါတယ်။ ဒေသခံတွေ အတော်တော်များများကလည်း ဒီလိုအလုပ်တွေနဲ့ပဲ အသက်မွေးဝမ်းကျောင်းနေကြတယ်။ တောထဲတောင်ထဲမှာလည်း ရွေ့လျားစနစ်နဲ့ လုပ်နေကြတာ ရှိပါတယ်။ မောတောင်မှာရှိတဲ့ သစ်တောရုံးဝင်းထဲမှာဆိုရင် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိထားတဲ့ သစ်အပြားတွေ အများကြီးပါ” ဟု မောတောင်ဒေသတွင် တာဝန်ကျနေသည့် အရာရှိတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ မောတောင်ဒေသမှ သစ်အပြားများကို ထိုင်းနိုင်ငံသားများမှ ချယ်လှယ်ကာ တရားမ၀င် လာရောက်ခိုးထုတ်နေမှုအား မကျေနပ်သည့် ဒေသခံတစ်ချို့မှ ထိုင်းသံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခွင့်ကို ပြီးခဲ့သည့်အပတ်က ပြုလုပ်ရန် ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း လုံခြုံရေး မပေးနိုင်သောကြောင့် ဆန္ဒထုတ်ဖော်ခွင့် မရခဲ့ကြောင်း သိရသည်။

“ဒီမှာလည်း တောတွေပြုန်းတီးလာနေပြီ။ ဒါတွေအားလုံးက ထိုင်းကပဲအကျိုးရှိပြီး မြန်မာနိုင်ငံသားတွေ ဘာမှမအကျိုးမရှိ ဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်တို့ ထိုင်းကလုပ်ငန်းရှင်တွေ အနေနဲ့ ချယ်လှယ်ပြီး သစ်ခိုးထုတ်နေတာကို ရပ်တန့်ပေးဖို့ ဆန္ဒထုတ်ဖော်ဖို့ စီစဉ်ရတာပါ။ ထိုင်းထဲကိုရောက်နေတဲ့ သစ်တွေကိုလည်း မြန်မာနိုင်ငံကို ပြန်ပို့ပေးဖို့ တောင်းဆိုထားတယ်။ တကယ်လို့ မလုပ်ပေးရင် ဒီလထဲမှာပဲ နောက်ထပ်ဆန္ဒထုတ်ဖော်ဖို့ ကျွန်တော်တို့ လုပ်ဆောင်ပါဦးမယ်” ဟု ထိုင်းနိုင်ငံမှ တရားမ၀င် သစ်မှောင်ခိုလုပ်နေမှုများအား ဆန့်ကျင်သည့် ဦးဝင်းအောင်မှ ပြောကြားသည်။

မောတောင်နယ်စပ်နှင့် ကပ်လျက်ရှိသော ထိုင်းနိုင်ငံ ဆင်းခွန်ဂိတ်အနီးတွင် မြန်မာနိုင်ငံမှ သစ်ပြားများကို တရားမ၀င်ဝယ်ယူပြီး အလုပ်ရုံနှင့် အရောင်းပြခန်းများ ဖွင့်လှစ်ကာ ရောင်းချနေသည့်လုပ်ငန်း ၃၀ ကျော်ရှိကြောင်း ဦးဝင်းအောင်က ပြောကြားသည်။

မောတောင်ဒေသရှိ သစ်ပြားများထုတ်လုပ်သည့် နေရာတစ်နေရာအား တွေ့ရစဉ်

Aye Chan Mon# Credit To : Eleven Media Group> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

  Eleven Media Group

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...