(တစ်)
မေလအကုန် ဇွန်လအဆန်း မိုးဦးကျစရက်တွေထဲကတစ်ရက်မှာ စာပေနဲ့ ပတ်သက်တဲ့ ပွဲက လေးတစ်ပွဲကို ရောက်သွားဖြစ် သဗျ။ ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံကြီးမှာ ကျင်းပခဲ့တဲ့ပွဲ ပါ။ မြန်မာနိုင်ငံစာအုပ်ထုတ်ဝေ သူများနဲ့ ပုံနှိပ်သူများက ဦးစီး ကျင်းပတဲ့ပွဲလို့ပဲဆိုပါတော့။ စာ အုပ်တိုက်တော်တော်များများက စာအုပ်မျိုးစုံရောင်းပါတယ်။ စာ ပေအနုပညာရှင်များက သူ့ရက်နဲ့သူ စာပေဟောပြောပွဲ လုပ်ပါ တယ်။ တက်ရောက်လာကြတဲ့ သူတွေကိုလည်း ကော်ဖီနဲ့ ဧည့် ခံပါတယ်။
တစ်ရက်ကျွန်တော်ရောက် သွားတော့ ကာတွန်းဆရာ ကို အော်ပီကျယ်ဟောနေတာနဲ့ သွား ပြီး တိုက်ဆိုင်နေပါတယ်။ ကိုယ် ၀င်သွားရင် ဟောနေတဲ့အရှိန် တန့်သွားမှာကြောက်တာကြောင့် အ၀င်ဝအပေါက်နားဆီမှာပဲ ဟိုနားမတ်တတ်သည် နားမတ်တတ်လုပ်ကာ ပြီးဆုံးတဲ့အထိ နားထောင်နေခဲ့လိုက်တာပါ။
ကိုအော်ပီကျယ် ပြောတဲ့ အထဲမှာ လူတွေ အချိန်နာရီကို ဘယ်နည်းဘယ်ပုံအသုံးချနေ ကြသလဲဆိုတာနဲ့ ပတ်သက်လို့ ထည့်ပြောသွားတာကလေး သတိ ထားမိလိုက်ပါတယ်။
သူက Monitor Hour တဲ့။ Page Hour တဲ့။ Monitor Hour ဆိုတာက လက်ကိုင်ဖုန်းမျက်နှာ ပြင်ပေါ်မှာ၊ ကွန်ပျူတာမျက်နှာ ပြင်ပေါ်မှာ၊ ရုပ်မြင်သံကြားပြစက် မျက်နှာပြင်ပေါ်မှာ ကုန်ဆုံးသွား ရတဲ့အချိန် နာရီတွေကို ပြောတာ ပါ။ Page Hour ဆိုတာကတော့ စာမျက်နှာတွေရဲ့ အပေါ်မှာ ကုန် ဆုံးသွားရတဲ့ အချိန်တွေပဲပေါ့။ Monitor Hour များပြီး Page Hour နည်းတဲ့ လူတွေဟာ ဘယ် တော့မှ ဉာဏ်ပညာနဲ့ နှလုံးသား အရာမှာ ရှေ့တန်းကို ရောက်မ လာနိုင်တဲ့အကြောင်း ကိုအော်ပီ ကျယ်ပြောနေခဲ့တာပါ။ သူသည် စကားကို ပြောပြောနေခဲ့တာကြာ ပါပြီ။ လေယာဉ်ပေါ်မှာ၊ မော် တော်ကားပေါ်မှာ၊ ဟောပြောပွဲ စင်မြင့်တွေပေါ်မှာကြားခဲ့ရပေါင်း များလှပါပေါ့။ ဒါပေမဲ့အဲသည့် နေ့ကတော့ နားထဲကို ပိုပြီးဝင်သ လိုပါပဲ။
(နှစ်)
အခုတစ်လောမှာ ပြသွားတဲ့ ရုပ်မြင်သံကြားအစီအစဉ်အချို့ မှာလည်း ကျောင်းသားမိဘတွေနဲ့ ရုပ်မြင်သံကြားဌာနတို့ တွေ့ဆုံ မေးမြန်းတဲ့ အစီအစဉ်တွေမှာ လက်ကိုင်ဖုန်းနဲ့ ပတ်သက်လို့ တော်တော်လေးပြောကြ၊ ဆိုကြ တာတွေကို တွေ့လိုက်ရပါတယ်။ မိဘတိုင်းလိုလိုက ညည်းကြတာ ပဲပေါ့။ ကျောင်းသားတွေကို လက်ကိုင်ဖုန်း ပေးလိုက်သင့်၊ မပေးလိုက်သင့်။
အခုအချိန်မှာ လက်ကိုင် ဖုန်းဈေးက တော်တော့ကို လက် လှမ်းမီတဲ့နှုန်းထားဖြစ်လာခဲ့ပြီမို့ လူတော်တော်များများက ကိုင် နိုင်လာကြပြီဆိုတာ စာဖတ်သူ တွေလည်း အသိပါ။ တချို့ ကျောင်းတွေမှာ ကလေးတိုင်း လို လိုက လက်ကိုင်ဖုန်းတွေပါလာကြပါတယ်။
လက်ကိုင်ဖုန်းရဲ့ စွမ်း ဆောင်ရည်တွေကလည်း များ ပြားလိုက်တာများဆို၊ တယ်လီ ဖုန်းပြောဆိုရုံတင်မကတော့ပါ ဘူး။ စာပို့လို့ရတယ်။ ဓာတ်ပုံပို့ လို့ရတယ်။ သီချင်းနားထောင် လို့ရတယ်။ အင်တာနက်သုံးလို့ရ တယ်။ Facebook သုံးလို့ရတယ်။ Viber တွေရော၊ Zapya တွေရော၊Flash Transfer တွေရော၊ ကင်မ ရာတွေရော၊ ဗီဒီယိုတွေရော ပြောမဆုံးပေါင် တောသုံးထောင် ဆိုပါတော့။ ကိုယ့်ကိုယ်ကိုယ်သာ မထိန်းချုပ်နိုင်လို့ကဖြင့် ၂၄ နာရီ တောင်မှ မလောက်ငနိုင်ပါဘူး။
လူတွေ၊ အထူးသဖြင့် ရင့် ကျက်တည်ငြိမ်မှု မရှိသေးတဲ့ ကျောင်းသား၊ ကျောင်းသူကလေး တွေဟာ သူတို့ရဲ့ သွားလေရာရာ ကပ်ပါနေတဲ့ အဲသည့်လက်ကိုင် ဖုန်းရဲ့ မျက်နှာပြင်ကို အသုံးချ ကာ Monitor Hour တွေထဲမှာ ဘ၀ကို ဖြုန်းတီးပစ်နေလိုက်ကြ တာ။
(သုံး)
ကိုယ်ပိုင်ကျောင်းတချို့က သူတို့ဆီမှာ လာတက်တဲ့ ကျောင်း သူ၊ ကျောင်းသားကလေးတွေကို လက်ကိုင်ဖုန်းယူခွင့်မပေးပါဘူး။ ကျောင်းအိပ်၊ ကျောင်းစားဘော် ဒါလာတက်တဲ့ ကလေးကိုတောင် လက်ကိုင်ဖုန်းကိုင်ခွင့်မပေးပါ ဘူး။ Monitor Hour သုညဖြစ် အောင် လုပ်ပစ်လိုက်တဲ့ သဘော ပါပဲ။
အစိုးရစာသင်ကျောင်းတွေ မှာကတော့ အခုထိ ကိုင်ဆောင်နေကြတုန်းပါပဲ။ တချို့ကျောင်း တွေမှာ တားဆီးဖို့ စိတ်ကူးကြည့် ပေမယ့် မိဘတွေကိုယ်တိုင်က ကျောင်းကြိုတာ၊ ကျောင်းပို့တာ က အစ ဆက်သွယ်ဖို့လိုတယ်လို့ ယူဆတဲ့အတွက် သည်စိတ်ကူး ဟာ အကောင်အထည်ပေါ်လာ ခဲ့ပုံ မရပါဘူး။
တယ်လီဂရပ်(Telegraph) သတင်းတစ်ပုဒ်ထဲမှာ ဆွီဒင်နိုင်ငံ အောက်ဘရိုတက္ကသိုလ်ပါမော က္ခကေဂျယ်လ်မိုင်းလ်က မိုဘိုင်း ဖုန်းကို ဆယ်နှစ်ကျော်ပြောဖူးတဲ့ ကလေးဟာ ဦးနှောက်ကင်ဆာနဲ့ အာရုံကြောအကျိတ်ဖြစ်နိုင်ပါသ တဲ့။
ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင် မြို့ကင်ဆာဗေဒဆိုင်ရာတက္က သိုလ်ကဆိုရင် ၁၉၈၂ မှာစလုပ် ခဲ့တဲ့ သုတေသနအရ မိုဘိုင်းဖုန်း က ထွက်နေတဲ့ လျှပ်စစ်သံလိုက် စက်ကွင်းဟာ ကြာကြာပြောရင် ဒုက္ခဖြစ်နိုင်တယ်လို့ တွေ့ရှိခဲ့ပါ လေသတဲ့။
နောက်တစ်ခါဆွီဒင်ကပါပဲ။ ပါမောက္ခလန်းနာ့တ်ဟာဒယ်နဲ့ အဖွဲ့တဲ့။ မိုဘိုင်းဖုန်းကို သုတေ သနပြုခဲ့ကြတာလေ။ ဆယ်နှစ် အထက်ပြောရင် ဦးနှောက်ထဲမှာ အကျိတ်အဖုတိုးပွားမယ်။ နာရီ ၁၀၀ ပြောပြီးရင် ဦးနှောက်ကင် ဆာဖြစ်ဖို့ ငါးရာခိုင်နှုန်းပိုသေချာ လာတယ်။ မိုဘိုင်းဖုန်းရဲ့ လျှပ် စစ်သံလိုက်စက်ကွင်းဟာ ကလေးရဲ့ ဦးခေါင်းခွံပါးပါးကို ထိုးဖောက် ၀င်ရောက်နိုင်တယ်။ အမျိုးသား တွေမှာ မြုံသွားနိုင်တယ်။ အများ ကြီးပါပဲ။
ကမ္ဘောဒီးယားမှာဆိုရင် ၀န် ကြီးချုပ်ဟွန်ဆန်ရဲ့ကတော်က လက်ကိုင်ဖုန်းကို တားဆီးထားဖို့ တောင် အကြံပြုခဲ့ဖူးပါသေး တယ်။
ထားပါ။ ဒါတွေက ရုပ်ကျန်း မာရေး။ စိတ်ပိုင်းဆိုင်ရာကတဲ့ ရော။ ကျောင်းကားပေါ်မှာပဲ ကြည့်ကြည့်၊ ခြင်ထောင်ထဲက အိပ်ချိန်ကိုပဲ ကြည့်ကြည့်၊ အတန်းအရှေ့က ဆရာ၊ဆရာမစာသင် နေချိန်မှာပဲကြည့်ကြည့်၊ ဘတ်စ် ကားပေါ်မှာပဲကြည့်ကြည့်၊ ဧည့် ခန်းထဲက ကုလားထိုင်ပေါ်မှာပဲ ကြည့်ကြည့်၊ လက်ထဲက ဖုန်းကို အရူးအမူးငုံ့ကြည့်ကာ လက်ညှိုး နဲ့ ထိလိုက်၊ ပွတ်ဆွဲလိုက်၊ လက်မနဲ့ ဖိလိုက်၊ပြုံးလိုက်၊ရယ် လိုက် မျက်စိအပြူးသားဖြစ်သွား လိုက်၊ ပါးစပ်အ၀ိုင်းသားဖြစ်သွား လိုက် လုပ်နေတဲ့ ကျောင်းသား လူငယ်ကလေးတွေကို တွေ့မိကြ မှာပါ။
လေရူးသုန်သုန်မသိ။ ရွှေ ပြည်တော်မျှော်တိုင်းဝေးမသိ။ ငါးရာ့ငါးဆယ်မသိ။ ဇာတ်ကြီး ဆယ်ဘွဲ့မသိ။ မင်းသုဝဏ်မသိ။ ဇော်ဂျီမသိ။ မဟတ္တမဂန္ဒီမသိ။ ဘီလ်ဂိတ်မသိ။ တိုက်ရေယာဉ် ၁၀၃ မသိ။ မဟာဗုဒ္ဓ၀င် မသိ။ ဒုတိယကမ္ဘာစစ်မသိ။ တစ်ထောင့်တစ်ညပုံပြင်များမသိ။ မာသာထ ရီဆာမသိ။ ကမ္ဘာကျော် အီစွတ် ပုံပြင်များမသိ။ သိပံ္ပမောင်ဝ မသိ။ စုံထောက်ကြီး ဦးစံရှား မသိ။ ကျွန်တော်တို့ ဘယ့်နှယ် လုပ်ကြရပါ့။ ခလုတ်တွေကြားမှာ အူကြောင်ကြောင်ဖြစ်နေတဲ့ မျိုး ဆက်သစ်ကို ကျွန်တော်တို့ ဘယ်လိုကယ်တင်ကြရပါ့။
ကိုအော်ပီကျယ်က ပြောပါ သေးတယ်။ ကမ္ဘာပေါ်မှာ Page Hour များတဲ့ တိုင်းပြည်ကပဲ အရှေ့ကို ရောက်တာပါတဲ့။
ကိုယ့်ကိုယ်ကိုယ်ထိန်းသိမ်းပြီး စိတ်ကို စီမံကွပ်ကဲဖို့ မတတ်သေးတဲ့ ကလေးတွေလက်ထဲကိုဖုန်းတွေထည့်ပေးထားရတာ အချိန် အကန့်အသတ်မရှိကိုင်ခွင့်ပေးထားရတာတွေဟာ Monitor Hour များအောင် လုပ်ပေးထား တာမျိုးနဲ့ တူမနေဘူးလား။ မိဘ တွေရော ဆရာမများပါ စဉ်းစား ကြည့်စေချင်တာပါ။
အင်း . . .စကားမပီသေးတဲ့ ကလေးငယ်ကလေးကတောင် ဟယ်ရိုဆိုပြီး ဖုန်းကို ပွတ်နေ တော့ မခက်ဘူးလား။
မောင်သာချို
7day daily
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။