Ads (728x90)




 ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့ နံနက် ၆ နာရီအချိန် မန္တလေးတိုင်း ဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ (၅)မိုင်ကျေးရွာရှိ  ရွှေပြည်သာ ကုမ္ပဏီ၌ ရွှေအင်းလုပ်သားများ အလုပ်လုပ်ရန် ၀င့်စင်ဖြင့် ရွှေအင်းအတွင်းသို့ ဆင်းရာ ပြုတ်ကျ၍သေဆုံး၊ ဒဏ်ရာရကြောင်းသတင်းအရ
သပိတ်ကျင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ ရွှေအင်းအလုပ်သမားများသည်အ၀(၁၃)ပေ၊ အနက်(၅၀၀)ပေရှိ ရွှေအင်းအတွင်းသို့ဆင်းရာ ၀င့်စင်ဘရိတ်ချော်ကာ ပြုတ်ကျသဖြင့် သပိတ်ကျင်းမြို့နယ်၊ (၆)မိုင်ကျေးရွာနေ ကျော်လင်းအောင်(၂၃)နှစ်ပါ(၃)ဦးတို့မှာ ဒဏ်ရာများရရှိသေဆုံးသွားခဲ့ပြီး သပိတ်ကျင်းမြို့နယ်၊ နတ်တောင်ကျေးရွာနေ ဦးသာလူ(၄၇)နှစ်ပါ(၇)ဦးတို့၌ ဒဏ်ရာများအသီးသီးရရှိခဲ့သာကြောင့် သပိတ်ကျင်းမြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁၃/၂၀၁၄)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...