Ads (728x90)


သာယာပျော်ရွှင်စရာကောင်းတဲ့အချစ်ရေးဟာ လူတိုင်း လိုချင်တဲ့ အရာတစ်ခုပါပဲ။ တစ်ယောက်ကိုယ်တစ်ယောက် တန်ဖိုးထား ချစ်မြတ်နိုးကြပြီး နားလည်မှုအပြည့်ရှိရင်တော့ အချစ်ရေးဟာ အတိုင်းထက်အလွန်ပေါ့။ ဒါပေမယ့်လည်း တယောက်ယောက်က သင့်ကို ရည်းစားစကားပြောလာလို့ သင့်အနေနဲ့ ပြန်ပြီးချစ်ရမလား။ ချစ်သူထားရတော့မလားဆိုတဲ့ မေးခွန်းကို မရေမရာနဲ့ ကိုယ့်ကိုကိုယ် ပြန်မေးနေမိတယ်ဆိုရင်တော့ အခုအောက်မှာပါတဲ့ အချက်တွေနဲ့ ကိုက်မကိုက် စဉ်းစားပါ။ ကိုက်ညီနေရင်တော့ သင်ဟာ အခုချိန်မှာ တစ်ယောက်တည်းပဲ နေပေးသင့်ပါတယ်။

၁။ ချစ်သူထားလိုက်ရင် သင့်မှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေအားလုံး ပြေလည်သွားမယ်လို့ သင်ထင်နေတယ်။

သင်တကယ်ပဲ အဲဒီလိုထင်နေသလား။ ချစ်သူထားလိုက်ရင် သင်ပျော်ရမယ်။ အောင်မြင်ပျော်ရွှင်တဲ့ စုံတွဲဖြစ်ရမယ်လို့ သင်တကယ်ပဲ တွေးနေသလား။ ရည်းစားထားလိုက်ရင် သင်အထီးကျန်နေတာတွေ ပျောက်သွားမယ်၊ စိတ်ကျဝေဒနာတွေ သက်သာသွားမယ်လို့ ဒါမှမဟုတ် တခြား ပြဿနာတစ်ခုခုကို ပြေလည်သွားမယ်လို့ သင်ထင်နေသေးရင် သင်ချစ်သူမထားသေးပါနဲ့ဦး။

၂။ သင့်ကို ချစ်တယ်လာပြောတဲ့သူတိုင်းကို သင်လက်ထပ်ရမယ့်သူတစ်ယောက်ဖြစ်ရမယ်လို့ သင်တွေးတယ်။

သင့်ချစ်သူဟာ သင့်ရဲ့ ခင်ပွန်းတစ်ယောက် ဖြစ်ချင်မှဖြစ်လာမှာပါ။ ကံကြမ္မာဆိုတာ ဖိတ်စာနဲ့လာတာမဟုတ်ပါဘူး။ ဘာမှကြိုမသိရတဲ့အရာပါ။ ဒါ့ကြောင့် သင့်ကို အခုလက်ရှိချစ်တယ်လို့ လာပြောထားတဲ့သူ သင်ကလည်း စိတ်ဝင်စားနေတဲ့သူဟာ သင်လက်ထပ်မယ့်သူ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ အတွေးမျိုးရှိနေရင် နေပါဦး။ ရည်းစားမထားသေးပါနဲ့။

၃။ သင့်အပေါ် မကောင်းတဲ့သူကို သင်စိတ်ဝင်စားနေရင်။

အဲဒီလိုလူကို သင်စိတ်ဝင်စားနေမိရင်တော့ သင်ဘယ်လိုမှ ပျော်ရွှင်တဲ့ ဆက်ဆံရေးကို ရှေ့ဆက်နိုင်မှာမဟုတ်ပါဘူး။

၎။ သင်ဟာ အခုမှာ ပူပူနွေးနွေး အသည်းကွဲထားတဲ့သူဖြစ်နေရင်။

အသည်းကွဲထားတာ သိပ်မကြာသေးဘူးဆိုရင် ချက်ချင်း နောက်တစ်ယောက်ထားဖို့ စိတ်မကူးသေးနဲ့ဦးနော်။ တစ်ယောက်တည်း အေးဆေးနေသင့်ပါတယ်။

၅။ သင်တစ်ခုခုကို လိုအပ်နေလို့ (သို့) တခြားသူကို သ၀န်တိုစေချင်လို့။

သင့်အနေနဲ့ အထီးကျန်နေတဲ့ စိတ်ကို ဖြေဖျောက်ချင်လို့ (သို့) ပျင်းလို့ ဒါမှမဟုတ်ရင်လည်း တခြားပြဿနာတစ်ခုခုကြောင့်ဆိုရင် သင်ရည်းစားမထားသင့်သေးပါဘူး။ သင့်မိဘတွေကို အရွဲ့တိုက်ချင်တာ သူငယ်ချင်းတစ်ယောက်ယောက်ကို အရွဲ့တိုက်ချင်တာမျိုး သ၀န်တိုစေချင်တာမျိုးဆိုရင် သင်အခုလက်ရှိ တစ်ယောက်တည်းပဲ နေသင့်ပါတယ်။

၆။ သင့်မှာ တခြားဦးစားပေးရမယ့် အရာတွေရှိနေသေးရင်။

သင့်ဘ၀အတွက် သင့်မှာ ဦးစားပေးလုပ်ရမယ့်အရာတွေ ရှိနေသေးတယ်ဆိုရင် သင့်အနေနဲ့ ချစ်သူ ရည်းစား မထားသင့်သေးပါဘူး။ ချစ်သူရည်းစားထားတာဟာ စိတ်ခံစားမှုကို အမျိုးမျိုးပြောင်းလဲစေလို့ သင့်ဦးစားပေးလုပ်ဆောင်ရမယ့် အရာတွေ နှောင့်နှေးကြန့်ကြာသွားနိုင်ပါတယ်။

မူရင်းပြန်လည်ကူးယူဖော်ပြထားသည့်နေရာ => ဒီနေရာမှ

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...