Ads (728x90)




တရုတ်နိုင်ငံ၊ Liaoning အရပ်ဒေသမှာ နေထိုင်တဲ့ အသက် (၂၀) နှစ်သာ ရှိသေးတဲ့ ဟန်ဟန် အမည်ရ အမျိုးသားတစ်ဦးဟာ အ၀လွန်မှု ကြောင့် ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ပြတ်နေတာ ကြာပြီဖြစ်ပါတယ်။ ဟန်ဟန်ရဲ့ ကိုယ်အလေးချိန် ဟာ (၃၉) စတုန် (၅၄၆ပေါင်) အထိ ရှိခဲ့တာမို့ တိုက်ခန်းထဲ ကနေ အပြင်ကို မထွက်နိုင်တာ သုံးနှစ်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဟန်ဟန် ဟာ ပြင်ပကမ္ဘာကို ထိတွေ့လိုတာမို့ အကူအညီတောင်းခံခဲ့ပါတယ်။ ဟန်ဟန်ရဲ့အကြောင်းကို ဒေသတွင်း သတင်းစာ တစ်စောင်ကရေးသားဖော်ပြခဲ့ပြီး တဲ့နောက် သူ့ကို နေအိမ် အပြင်ဘက် ရောက်ဖို့ ကယ်ဆယ်ရေး ၀န်ထမ်းကိုးဦး က သယ်ထုတ်ပေးခဲ့ရပါတယ်။

ဟန်ဟန်က ပြင်ပလေကို ရှူခွင့်ရပြီးတဲ့ နောက်မှာ ချိုသာတဲ့ အပြုံးတွေနဲ့ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ ဟန်ဟန် ဟာ အသက် (၁၇) နှစ် အရွယ် ကတည်းက ကိုယ်အလေးချိန် (၂၃) စတုန်ရှိနေတာ ဖြစ်ပြီး၊ တဖြည်းဖြည်း အ၀လွန်လာ မှုကြောင့် အခုလို ဖြစ်လာခဲ့ရတာပါ။ ဟန်ဟန် ဟာ တစ်နေ့ကို အနည်းဆုံး ကိတ်မုန့် (၁၀) လုံး၊ ဟင်းတစ်ပွဲ၊ ဟင်းသီးဟင်းရွက် တွေနဲ့ အခြား အစားအစာတွေကို အလွန်အကျွံ စားသုံးလေ့ ရှိကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ လတုန်းက ကမ္ဘာ့ အ၀ဆုံး အဖြစ် စံချိန်တင်ခဲ့ဖူးတဲ့ မက္ကဆီကို နိုင်ငံသားဟာ အသက် (၄၈) နှစ်အရွယ်မှာ အ၀လွန်မှုနဲ့ ဆက်စပ်တဲ့ ဝေဒနာတွေကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။

Messenger
အေသင်အောင်

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...